Mg Thunya (ရှပ်ပုံသားလေး)
” ဒေါင်း.....ဒေါင်း...ဒေါင်း”
ဆရာတော်ဦးပုည၏ သံချောင်းခေါက်သံသည် ပန်းအိုကျောင်းကြီး တစ်ကျောင်းလုံး မြည်ဟီးသွား၏။ သရက်ပင်အောက် ဆော့ကစားနေသည့် ကိုရင်တချို့နှင့်ကျောင်းသားတချို့သည် ပျာယာခက် ဓမ္မရုံထဲ ပြေးဝင်လာကာ ကိုယ်နေရာကိုယ်ယူပြီး စာသင်(စာအံ)နေကြပေမယ့် ကိုရင်လေး သုနန္ဒမှာမူ ညိုးနွမ်းလျမျက်နှာနှင့် ပရိတ်ကြီး (၁၁)သုတ်စာအုပ်ကို ကိုင်ကာ ငေးငေးမှိုင်မှိုင် ဓမ္မရုံံတံခါးထောင့်တွင် ထိုင်နေသည်။
ဆရာတော် ဦးပုညက တခြား ကိုရင်တွေကို စာချပေးနေခိုက် မုန့်ထုတ်နှင့်ကစားစရာတချို့ဆွဲပြီး မိန်းမတစ်ယောက်က ဓမ္မရုံထဲ ရောက်လာသည်။ စာအံနေသည့် ကိုရင် ကျောင်းသားအားလုံးကလည်း အရုပ်ကြိုးပြတ်ဆိုသလို တိတ်ဆိတ်လို့သွားကြသည်။
” ဘာကိစ္စရှိလို့လဲ ဒကာမ စန်းလွင်”
” ကိုရင်လေးကို လာတွေ့တာပါဘုရား”
ကိုရင်သုနန္ဒသည် သူ့အမေကိုတွေ့တွေ့ချင်းပင် အားတက်သွားသလား မပြောတတ်။ ကိုရင်လေးက မျက်ရည်ကလေးအဝိုင်းသားနှင့် သူ့အမေကို စိုက်ကြည့်နေသည်။ နောက် ငေးမှိုင်နေသည့် မျက်နှာသည် ပြုံးရောင်သမ်းလာ၏။
”ကိုရင်လေး.....တပည့်တော်မဆီလာပါဦး”
ကိုရင်လေးသည် ငိုမျက်လုံးနှင့် ပြုံးလျက် မစန်းလွင်နံဘေးတွင် လာထိုင်ကာ လက်ကို ဆွဲချိတ်လိုက်သည်။
” ဘယ်လိုလဲကိုရင် ဒီမှာနေရထိုင်ရတာ အဆင်ရောပြေရဲ့လား။ စာရော့လိုက်နိုင်ရဲ့လား”
ကိုရင်လေးသည် သူ့အမေလက်ကိုချိတ်ပြီး မျက်ရည်အဝိုင်းသားနှင့် ဘာမှပြန်မပြောဘဲ ကြည့်နေတော့သည်။
” ဒီမှာ ကိုရင်လေးအတွက် တပည့်တော်မ ဝယ်လာတာ ရော့”
မစန်းလွင်သည် ကိုရင်လေးကို ကားအရုပ်တွေ စပိုက်ဒါမင်းအရုပ်တို့ကို ထိုးပေးပြီး ကျောင်းမှာ လိမ်လိမ်မာမာနေရန်၊ ဆရာတော်ဘုရား၏စကားနားထောင်ရန်၊ စာအသေချာသင်ယူရန် ပြောနေပေမယ့် ကိုရင်လေးမှာမူ မျက်နှာမကောင်းဖြစ်နေလေသည်။
” ရော့....ဒါက ကိုရင်လေး လိုအပ်ရင်သုံးဖို့ ဝတ္ထုငွေ”
ဝတ္ထုငွေကိုတော့ ကိုရင်လေးက မယူ၊ သူ့အမေကိုသာ ကရုဏာမျက်ဝန်နှင့် စိုက်ကြည့်နေတော့သည်။
” ဘာဖြစ်လို့လဲ ကိုရင်လေးရဲ့”
”ကိုရင်....စာမလိုက်နိုင်ဘူး။ အမေနဲ့ပြန်လိုက်မယ်”
ရုတ်တရက်ပြောလာသည့် ကရင်စကားကို မစန်းလွင် ရင်တုန်သွားသည်။
” ဘယ်လို ကိုရင်လေး”
” ကိုရင်အမေ့ကို ချစ်တယ်။ အမေနဲ့အတူနေမယ်”
ကိုရင်လေးသုနန္ဒ မျက်ရည်ကလေးစီးပြီးပြောလာ၍ မစန်းလွင်မှာ မနေသာ အခက်တွေ့နေ၏။
”ကိုရင်လေးရယ်။ တပည့်တော်လည်း ကိုရင့်ကိုချစ်တာပေါ့လို့။ ဒါပေမဲ့ ကိုရင် တပည့်တော်ဆီမှာ လိုက်နေရင် ကိုရင်လေး စာမတတ်ဘဲနေမှာပေါ့။ ကိုရင်လေးဒီမှာနေရင် စားလည်းတတ်တယ်၊ ဟော.... ကုသိုလ်လည်းရတယ်။ ဝမ်းလည်းဝမယ်လေ။ တပည့်တော်မလည်း ကိုရင်လေးဆီ မကြာမကြာလာမှာပါ”
မစန်းလွင်သည် ကိုရင်သုနန္ဒ၏ ပါးကလေးကို ခပ်ဖွဖွကလေးကိုင်ရင်း ပြောသည်။ မျက်ရည်တွေကလည်း သူ့မျက်ဝန်ထဲ စွေလို့။
စာချဆရာတော် ဦးပုညကတော့ သူ့တို့သားအမိကို ကြည့်ပြီး သူ့ရင်ထဲ လှိုင်ခနဲဖြစ်သွားကာ ဟိုး.....အဝေးသို့ငေးမောရင်း မြောက်ပြန်လေကြောင့် သရက်ရွက်ခြောက်ကလေးများ ခုန်ပေါက်ပြေးလွှားနေသည်ကိုကြည့်ရင်း ဆရာတော်ဦးပုညသည် သူ့၏ငယ်ဘဝကလေးကို အောက်မေ့သတိတရဖြစ်နေမိသည်။
ဟုတ်ပါသည်။ ဦးပုညဆိုတာ မိဘက ကျွေးမွေးမနိုင်၍ ဆရာတော်ကြီး အရှင်ဝိမလဆီတွင် အပ်ခံခဲ့ရခြင်းဖြစ်သည်။ အဲသည်တုန်းက အရှင်ဝိမလ ရင်ခွင်ထဲ တုတ်နှောင်ခံနေရပေမယ့် သူ့အမေဆီကို ပြေးလိုက်ဖို့ ဦးပုညရုန်းကန်ကြိုးစားခဲ့သည်။ သို့သော် အချည်အနှီးသာ။
ဦးပုညအဖေသည် အမူးသမား ၊ အရူးသမားတစ်ယောက်။ အရက်များမူးလာရင်ဖြင့် အဖေ၏ ရိုက်နက်ဒဏ်ကို ခံနေရသည့် ဦးပုညဘဝကို အမေဖြစ်သူက မကြည့်ဝံ့ မနာသာဖြစ်ခဲ့ရတော့လည်း သည်လိုဒုက္ခမျိုး နောက်မခံရစေဖို့ အမေဖြစ်သူမှာ ရင်ကွဲခံကာ ဘုန်းကြီးကျောင်းတွင် မွေးစားရန်ပေးခဲ့ခြင်းဖြစ်သည်။
သေချာတာတစ်ခုက ဦးပုညသည် သူ့မိဘအနားတွင် ယခုချိန်ထိသာရှိနေလျှင် စာတတ်မည် မဟုတ်။ သူ ဤသို့ ဘဝမျိုးကိုရဖို့ -
”အမေ......အမေ.......အမေ”
ဟုတ်ပါသည်။ သူ့အမေကြောင့် ဦးပုည ပညာတွေစုံလာ၍ ဆရာတော်ကြီးအရှင်ဝိမလက ရန်ကုန်ကျောင်းသစ်ကျောင်းတိုက် စာသင်တိုက်သို့ ပို့ခဲ့သည်။
ရန်ကုန်မှာ ဦးပုည အငယ်တန်အောင်လို့ အကြီးတန်းဆက်တက်ခဲ့သည်။ အဲသည်နှစ်တုန်းက အမေနှင့် တစ်ခါဖုန်းပြောဖူးတော့ အမေက သူကို မှာရှာသည်။
” အရှင်ဘုရား စာလိုက်နိုင်ရဲ့လား ဘုရား။ လိုအပ်တာရှိရင် တပည့်တော်မကို ပြောနော်ဘုရား။ ခုလောလောဆယ် တပည့်တော်မ အရှင်ဘုရားလိုအပ်တာ သုံးစွဲဖို့ ဝတ္ထုငွေ လွဲခိုင်းထားတယ်ဘုရား။ အရှင်ဘုရား ဓမ္မကထိကဖြစ်အောင်ကြိုးစားနော်ဘုရား။ အရှင်ဘုရားဒီလိုဖြစ်ရင် တပည့်တော်မ သေပျော်ပါပြီဘုရား”
အမေစကားကိုသာ ဦးပုညငြိမ်နားထောင်နေခဲ့သည်။ တကယ်တော့ အမေမမြင်နိုင်သည့် ဘဝကန့်လန်ကာနောက်တွင် ဦးပုညမျက်ရည် စက်လက်။
အဲသည်တုန်းက အမေ့၏ရှိုက်သံကို ဦးပုညဖုန်းထဲကနေ ခပ်သဲ့သဲ့ကြားရပါ၏၊ သည်ရှိုက်သံက ပီတိရှိုက်သံဟု ဦးပုည ထင်ခဲ့သည်။ ထိုကြောင့်လည်း -
”အမေပျော်ရင် ကျေနပ်ပါတယ်လေ”
ဟု သည့်စိတ်နှင့် ဘုရားသားတော်ဘဝကို သန်ကောင်ယံညပေါင်းများစွာ၏ အထီးကျန်နှိပ်စက်ခြင်းကို အံတုပြီး စာတွေ ဦးပုညကြိုးစားခဲ့သည်။
သို့ပေမယ့် အမေဖြစ်စေချင်သည့် ဓမ္မကထိကဘုန်းကြီးတစ်ပါး ဖြစ်မလာခဲ့။ ဓမ္မစရိယအောင်ပြီး ရွာကိုပြန်ခဲ့ရသည်။
ဦးပုညရွာရောက်တော့ သူ့ဆရာတော်ကြီး အရှင်ဝိမလဆီကို အရင်ရောက်ခဲ့သည်။
” ဦးငဒိန်း ဆရာတော်ရော့”
ကပ္ပိယဦးငဒိန်း
Unlock to read this premium article with 10 points.