Author's Profile Photo

Par Te

30/03/2024

“လူတိုင်းမပြည့်စုံပေမဲ့ လူတိုင်းတန်ဖိုးရှိပါတယ်”

1 min read
Personal Development
General Knowledge
“လူတိုင်းမပြည့်စုံပေမဲ့ လူတိုင်းတန်ဖိုးရှိပါတယ်”'s photo

အသက်ရှင်လှုပ်ရှားနေတဲ့ သူတိုင်းဟာ မပြည့်စုံကြဘူး (Perfect) မဖြစ်ဘူးဆိုတာကို လူတိုင်းလက်ခံ နိုင်ကြပေမဲ့ လူတိုင်းတန်ဖိုး ရှိတဲ့လူတွေ ဖြစ်တယ်ဆိုတာ ကိုတော့ တခါတရံ မေ့လျော့နေမိ တတ်ကြတယ်။

တန်ဖိုးရှိတယ် မရှိဘူးဆိုတာကို အခြားဘယ် ကမ္ဘာကမှ သတ်မှတ်ပေးထားခြင်းမဟုတ်ဘဲ ကျွန်မတို့ လူသားတွေကသာ သတ်မှတ် နေကြခြင်းဖြစ်လို့ လူတွေရဲ့သတ်မှတ်ချက်တွေ အောက်မှာကျရှုံးနေမိကြတယ်။ ဒီသတ်မှတ်ချက်တွေကြောင့် မိမိကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ မိမိရဲ့မသိစိတ်တွေထဲကနေ လက်ခံနေမိကြတယ်။ တကယ်တော့ တန်ဖိုးမရှိတဲ့ “လူသား” ရယ်လို့ မရှိပါဘူး။

ရွှေ၊ ငွေ၊ ရတနာ၊ ပထ္တမြား ကျောက်တန်နဲ့ အိမ်၊ တိုက်ကား၊ မြေယာတွေ၊ တော်နေမှု၊ ထက်မြက်နေမှု၊ ကြွယ်ဝနေမှု နဲ့ အောင်မြင်မှုတွေ …. အစရှိသဖြင့် တန်ဖိုးကြီးတယ်လို့ သတ်မှတ်ကြတဲ့အတိုင်း လူတွေဟာ တန်ဖိုးထားပြီး လိုချင်ကြတယ်၊ ဝယ်ယူကြတယ်၊ အလုံခြုံဆုံးလို့ထင်တဲ့ နေရာတွေမှာ သိမ်းထားကြတယ် ကြိုးစားရှာဖွေကြတယ်။

နောက်ပြီး ကိုယ်မသိတဲ့အရာကို အခြားတစ်ယောက်က သိနေရင်၊ ကိုယ်မကျွမ်းကျင်တဲ့ အရာတစ်ခုခုကို အခြားတစ်ယောက်က ကျွမ်းကျင်နေတယ်ဆိုရင် ကိုယ့်ထက်တန်ဖိုး ပိုမြင့်တဲ့သူလို့ ထင်မြင်တတ်ကြသလို ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုမေ့ပြီး အခြားသူတွေကို အာရုံစိုက်မိတဲ့ အခါတွေမှာ မိမိရဲ့တန်ဖိုးကို မမြင်နိုင်တော့ဘဲ သိမ်ငယ်စိတ်တွေနဲ့ ငါဟာတန်ဖိုးမရှိတဲ့သူလို့ မိမိကိုယ်ကိုယ် သတ်မှတ်တတ်ကြပြန်တယ်။

ဒီထက်ပိုပြီး တန်ဖိုးရှိတဲ့အရာတွေဟာ သက်မဲ့နေပြီး မျက်လုံးနဲ့မြင်လို့ရတဲ့ ရွှေ၊ ငွေတွေထက် သက်ရှိတဲ့ ကျမတို့လူသား မောင်နှမ၊ မိဘ၊ သူငယ်ချင်း … တွေနဲ့ မိမိရဲ့ လုပ်နိုင်စွမ်းတွေ၊ ကျွမ်းကျင်မှုတွေဟာ ပိုပြီးတန်ဖိုးကြီးပါတယ်။ ဒါပေမဲ့ တခါတရံမှာ ကျွန်မတို့တတွေဟာ အသက်ရှင်နေတဲ့

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးCambridge English Examအာရုံစူးစိုက်မှုအချိန်ဆွဲတဲ့အကျင့်ဆိုးအချိန်ဆွဲတာကိုကုစားမယ် အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်း

Unlock to read this premium article with 10 points.