Author's Profile Photo

the IX

22/12/2024

အမှတ်တရ (Book Review) - ဂျူး - အမှတ်တရ

1 min read
Book Review
အမှတ်တရ (Book Review)

- ဂျူး
- အမှတ်တရ's photo
" ဖဲရို၊က်သေးလား "

" နည်းနည်းပေါ့ "

" မောင့်ဇနီးက ဘာမှမပြောဘူးလား "

" သူက အ'တယ် မင်းလို မလည်ဘူး ။
ကိုယ်ဘာလုပ်လုပ် သိပ်သိတာမဟုတ်ဘူး "

" အခုတော့ မောင်ရွေးတဲ့လမ်းမှန်နေပြီပေါ့ "

" ဘာကိုလဲ "

" မောင့်ကိုပုခုံးချင်း မယှဉ်နိုင်တဲ့မိန်းမနဲ့လေ "

တစ်ချိန်တုန်းက စုစုထွေးနဲ့မောင်ဟာ သိပ်ကိုချစ်ကြတဲ့ချစ်သူတွေဖြစ်ခဲ့ကြသတဲ့ ။ ဒါပေမဲ့ မောင်ဟာသူနဲ့ပခုံးချင်းမယှဥ်နိုင်တဲ့အမျိုးသမီးကိုသာ ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်လိုခဲ့ပါတယ် ။ အဲ့ဒါကြောင့် စုစုထွေးနဲ့တွဲရင်းကပဲ မောင်ဟာတခြားအမျိုးသမီးတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်ခဲ့ပါတယ်တဲ့ ။ သိပ်ကိုထက်မြတ်ပြီးတော်လွန်းတဲ့ဆရာဝန်လောင်းစုစုထွေးက မောင်နဲ့မောင်ရဲ့တခြားအမျိုးသမီးရဲ့အကြောင်းကိုသိသွားတဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ။ မောင်ကရော စုစုထွေးကိုပဲရွေးချယ်လိုက်မလား ။ တခြားအမျိုးသမီးကိုပဲရွေးချယ်လိုက်မလား ။ စုစုထွေးကရော မောင့်ကိုခွင့်လွှတ်လိုက်မလား ။

စာအုပ်နာမည်အမှတ်တရဆိုတဲ့အတိုင်း ဒီစာအုပ်ထဲမှာ မောင်နဲ့စုစုထွေးရဲ့အမှတ်တရဖြစ်ရပ်တွေအများကြီးကို ဆရာမဂျူးက စိတ်လှုပ်ရှားစရာကောင်းအောင်ထည့်ရေးထားတာမို့လို့ ဖတ်တဲ့လူတိုင်း အသည်းတယားယားဖြစ်ရမှာအသေအချာပါပဲ ။

Keep Reading

မိတ်ဆွေမှရန်သူဖြစ်သွားခြင်းစိတ်ရှည်ပါ။တောရိုင်းမြေErnest Hemingway ဘဝဟာသများမိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။စပါတာကပ်စ်ကျဆုံးခန်းဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်သုံးနှစ်သုံးမိုးသည်းခြေကြိုက် စာအုပ် ၆ အုပ်