SarPhat Author
တစ်ယောက်တည်းအထီးကျန်တယ်ဆိုပြီး
လိုမှသုံးတဲ့ဆက်ဆံရေးတွေကြားကို
ခဏခဏသွားမထိုင်ပါနဲ့
ပန်းလေးတွေကိုငေးပါ ကျေးငှက်လေးတွေရဲ့
အသံတွေကိုနားထောင်ရင်း သဘာဝတရားတွေနဲ့
အဖော်ပြု နေထိုင်ပါ။
ခံစားချက်တွေရဲ့ထိုးနှက်ခြင်းတွေကို ခံရတဲ့အခါ
ကိုယ့်အပေါ် ဘယ်သူမှမကောင်းကြဘူးလို့တွေးပြီး
ဝမ်းနည်းထိခိုက်မခံပါနဲ့ တစ်ခါတလေမှာ
ကိုယ့်ဖြစ်ချင်တာကို ဖန်တီးယူချင်ပေမယ့်
တစ်ဖက်က မဖြည့်ဆည်းနိူင်ကြဘူးလေ
အတိတ်ကိုမတူးဆွမိအောင်နေပါ ကိုယ်ငိုရလည်း
တချို့က ရယ်ချင်ရယ်နေမှာ ဘာပဲကြုံပါစေ
ကိုယ့်ကိုယ်ကိုယ် အရှုံးမပေးလိုက်ပါနဲ့ ပြုံးပါ။
ကိုယ်ချစ်သလို ပြန်ချစ်မပေးကြတဲ့အခါ
ကိုယ် ခင်သလို ရင်းနှီးမှုတွေပြန်မရတဲ့အခါ
ကိုယ်ဟာ အပယ်ခံလို့ မခံစားပါနဲ့
ချစ်ခြင်းမေတ္တာတချို့ဟာ ကိုယ်စိုက်ပျိုးသလို
ပြန်ဖူးပွင့်မကြဘူးလေ မရေရာတဲ့သံယောဇဥ်တွေ
ပက်သတ်မှုတွေကြား ကိုယ့်ကိုယ်ကိုယ်
ပျောက်ဆုံးမခံပါနဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကို
တန်ဖိုးထားပြီး ချစ်ပေးဖို့ဂရုစိုက်ဖို့မမေ့ပါနဲ့။
#မောင်ဖုန်း
Keep Reading