Reviews by Benevolent
စာဖတ်ပြီး စာအုပ်တွေထဲ ပိတ်မိနေတဲ့၊ ပိတ်မိသွားကြတဲ့ လူတွေလည်းရှိတယ်။ ဆိုလိုတာက စာဖတ်တယ်ဆိုတာ ဒီစာအုပ်ကနေ တစ်ခုခု (သင်ခန်းစာဖြစ်စေ၊ စိတ်ခံစားမှုဖြစ်စေ) ရသွားရင် အမြတ်ပါ။ ဒါပေမယ့် အရှေ့မှာ ပြောသလို စာဖတ်ပြီး စာအုပ်တွေထဲ ပိတ်မိမသွားအောင်တော့ သတိထားသင့်တယ်။ စာအုပ်တွေဖတ်ရင်း ကိုယ့်ရဲ့လက်တွေ့လူနေမှုဘဝကို သုံးသပ်နိုင်ရင် အကောင်းဆုံးပါ။ကိုယ်ဖတ်တဲ့ စာအုပ်အမျိုးအစားပေါ်မူတည်မယ်ထင်တယ်။ပင်ကိုယ်စိတ်နဲ့အတွေးအခေါ်နဲ့လည်းဆိုင်လိမ့်မယ်၊ ဖတ်တဲ့စာအုပ်ထဲကနေမှ မှန်တာမှားတာကိုတော့ရွေးထုတ်သင့်တယ်။
တချို့စာအုပ်တွေက Brainwashed လုပ်လိုက်သလိုခံစားရတယ်။အဲ့တော့ စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း
ကိုယ့်ဘာသာကိုယ်ဆင်ခြင်သုံးသပ်တတ်ရမယ်။
မဟုတ်ရင်တော့ စာအုပ်ကြားထဲပိတ်မိပြီးတကယ့်လက်တွေ့မှာ ဘာမှ အသုံးမချနိုင်သလိုဖြစ်ပြီး ကိုယ့်ဘာသာ သီးသီးသန့်သန့် လေးဖြစ်နေလိမ့်မယ် ထင်တယ်။ကျနော်ကတော့စိတ်ကိုကုသတဲ့အနေနဲ့ပဲဖတ်တယ် ဝမ်းနည်းနေရင်ဟာသစာအုပ်တွေဖတ်တာမျိုး အားငယ်နေချိန်စိတ်ခွန်အားပြည့်တွေဖတ်တာမျိုး တွေလုပ်တယ် ။စာအုပ်တွေမှာယူတတ်ရင်သင်ခန်းစာအများကြီးပါတယ်။ ဒါပေမယ့် စာအုပ်အမျိုးအစား ၁ ခုထဲကိုပဲ ရွေးဖတ်ပြီး တယူသန်သွားတဲ့လူတွေလဲရှိတတ်တယ်။ ဘယ်စာအုပ်မှ ၁၀၀% မမှန်နေပါဘူး။ အချက်အလက်ကို စာရေးဆရာအယူအဆနဲ့ ပေါင်းစပ်ထားကြတယ်။
စာအုပ်ဖတ်တယ်ဆိုတာက အမြင့်ပေါ်တဖြည်းဖြည်းတက်ကြည့်ရသလိုပါပဲ။များများဖတ်လေ အမြင်ကျယ်လာ မယ့် သဘောရှိရမယ်။အမြင့်ကနေကြည့်ရင်ဝေးဝေးကိုမြင်နိုင်ပေမယ့် ကြည်လင်ပြတ်သားစွာမြင်ဖို့ဆိုရင်တော့အနီးသွားကြည့်မှရမယ်။စာအုပ်ဖတ်လို့ဘဝအတွေ့အကြုံတွေအများကြီးရနိုင်ပေမယ့် ကိုယ်တွေ့လောက်မလေးနက်နိုင်ပါဘူး။ကိုယ်တိုင်ဘဝထဲကျင်လည်ကြည့်မှ အော်..ဒီလိုပါလား.. ဆိုပြီးနားလည်သွားတာတွေအများကြီးရှိလိမ့်မယ်။စာတွေ့ထက် လက်တွေ့ဘဝက လေးနက်တာ တော
Unlock to read this premium article with 100 points.