
Shwe Pon Ayar
အခန်းကျဥ်းနဲ့ ပြတင်းပေါက်ငယ်
အလွမ်းသယ်စရာ သီချင်းတစ်ပုဒ်
ဘဝကပြည့်စုံတယ်တော့ ဘယ်ဟုတ်ပါ့မလဲ
လွမ်းဆွေးခြင်း ကွက်လပ်ပေါက်တွေဖြည့်နိုင်ဖို့
မင်းကိုတော့ လိုအပ်ခဲ့ပါတယ်
ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းတဲ့လား
ဖွင့်ဟပြောတော့လည်း ငြင်းပယ်ခံခဲ့ရပါတယ်
ဘယ်လိုနေနေ အချစ်ကအနုတ်ပြနေတော့
ခံစားချက်တွေလည်း ထုတ်မပြချင်တော့ပါဘူး
တစ်ခါတစ်လေတော့လည်း
အချစ်ဟာသိမ်ငယ်စေခဲ့
မျှော်လင့်စောင့်စားနေမိခြင်းဟာ
အသက်ကိုပဲ တိုစေသလား
ရက်ကိုပဲ ပိုရှည်စေရော့လား
တစ်ရက်မှာ ၂၄နာရီချင်းတူရင်တောင်
ပြစ်ပယ်ခံခဲ့ရတဲ့ လူတစ်ယောက်အတွက်တော့
အလွမ်းဟာ ၂၄နာရီထက်ပိုကြာနေသလို
ခေါက်ရိုးကျိုးနေတဲ့ ကဗျာစာရွက်လေး
မင်းအတွက်ရေးခဲ့တာလဲ ကြာခဲ
Unlock to read this premium article with 10 points.