Author's Profile Photo

Aung Thu Ya Kyaw

8/12/2024

? အိမ်ခြံမြေ ကို နားလည်ထားခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ?✨

1 min read
Business
Finance
Startup
? အိမ်ခြံမြေ ကို နားလည်ထားခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ?✨'s photo


လူတစ်ယောက်အတွက် နေရေး၊ စားရေး၊ ကျန်းမာရေး က အရေးကြီးပါတယ်။ ဒီထဲမှာမှ နေရေးကလည်း အပါအဝင်ဆိုတော့ လူတိုင်းမှာ အိမ်လေးတစ်လုံးကတော့ ပိုင်ဆိုင်နေဖို့ လိုအပ်နေဦးမှာပါ။ ဒါ့အပြင် အနာဂတ်မှာ သေချာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့ အခါမှာလည်း အိမ်ခြံမြေကပါဝင်လာပါပြီ။

အိမ်ခြံမြေ ဆိုတာကို အခုပြောပြသွားမဲ့ ခေါင်းစဉ်အတိုင်း အဓိပ္ပာယ် ဖွင့်ဆိုရရင် - “ဘဝအတွက် မဖြစ်မနေလိုအပ်တဲ့ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။”

Financial Literacy and Wealth Building 
-----------------------------------------
⇨ ရင်းနှီမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်း တွေကိုပိုမို နားလည်နိုင်တယ်။
⇨ Passive Income ရဖို့ ရှာနေတဲ့သူတွေ အတွက် အိမ်ငှားစားတာကနေ ဖန်တီးနိုင်တယ်။
⇨ မျိုးရိုးစဉ်ဆက် ကြွယ်ဝချမ်းသာမှုကို ထိန်းသိမ်း/အမွေပေး နိုင်တယ်။

Professional Growth 
----------------------
⇨ ဝင်ငွေရ လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်တယ်။ 
ဥပမာ - အိမ်ခြံမြေ ကုမ္ပဏီ၊ အကျိုးဆောင်လုပ်တာ၊ တိုင်ပင်ဆွေးနွေးတာ
⇨ Networking အတွက် လည်း အခြား သူတွေနဲ့ ပိုချိတ်နိုင်တယ်။
အကြောင်းကတော့ ချမ်းသာတဲ့ လူတိုင်းက အိမ်ခြံမြေနဲ့ ကင်းလို့မရပါဘူး။

Personal Security 
------------------
⇨ အိမ်တစ်လုံးပိုင်ဆိုင် ခြင်းရဲ့ အသိပညာရှိနေပါတယ်။ 
⇨ ဈေးကွက်ကို ဘယ်အချိန်ဝယ်ရမလဲ? ရောင်းရမလဲ သိနေပါတယ်။
⇨ ငွေကြေးအကာအကွယ် ရနိုင်တယ်။ 

Economic and Community Impact
-------------------------------------
⇨ မြို့ပြ ဖွဲ့ဖြိုးတိုးတက်မှု အခြေအနေ ကိုနားလည်တယ်။
⇨ အလုပ်အကိုင်ဖန်တီးနိုင်စွမ်းကို သိလာတယ်။

Skills Development
-------------------- 
⇨ လူမှုဆက်ဆံရေး ကောင်းစေတယ်။
⇨ ညှိုနှိုင်းမှု စွမ်းရည် သိသိသာသာ တိုးတက်လာတယ်။
⇨ ဈေးကွက် ကိုသုံးသပ်တတ်လာတယ်။
⇨ ငွေရေးကြေးရေး ဆိုင်ရာတွေမှာ စီမံတတ်လာတယ်။

Independence and Control
------------------------------
⇨ လွတ်လွတ်လပ်လပ် တည်ဆောက်လို့ရတယ်။
⇨ ပိုင်ဆိုင်တဲ့ Assets တွေပေါ်မှာ ထိန်းချုပ်နိုင်တယ်။

✻ နိဂုန်းချုပ်ရရင်
---------------
ကိုယ်ကိုတိုင် အတွက်ရော၊ မိသားစု နောင်လာမဲ့ မျိုးဆက်သစ်တွေအတွက်ပါ တိကျသေချာတဲ့ ခိုင်မာမှုတွေကို ပေးခဲ့နိုင်လောက်တဲ့ထိ အမွေဖြစ်ပါတယ်။

ဒီလိုမျိုး အိမ်ခြံမြေ ကိုနားလည်ဖို့ ဆိုရင် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီထဲမှာမှ အိမ်ခြံမြေ အကျိုးဆောင် တစ်ယောက် အဖြစ် ဝင်ငွေလည်းရှာရင်း လေ့လာသင်ယူတာက Risk အနည်းဆုံးနဲ့ ပညာအရ ဆုံးဖြစ်ပါတယ်။

✅ ဒီထက်မက သေချာလေ့လာချင်ပါသလား?

အိမ်ခြံမြေ အကျိုးဆောင်တွေ အတွက် လုပ်ငန်းခွင်ထိပါ ကူညီပေးသွားမဲ့
“Myanmar Realty Agent From A to Z” Online Class သင်တန်းမှာ တွေ့ဆုံနိုင်ပါတယ်။

သင်တန်းမှာ အဓိက သင်ပေးတာကတော့ - လုပ်ငန်းခွင်မှာ ကျွန်တော်ကိုယ်တိုင် ရလာတဲ့ အတွေ့အကြုံတွေနဲ့ အတူ နိုင်ငံတကာ သင်ရိုးတွေကို ပူးပေါင်းပြီးတော့ မြန်မာ့နည်း မြန်မာဟန်ဖြင့် သင်ကြားပေးပါတယ်။

သင်တန်းပြီးသွားရင်တော့ အပေါ်မှာ ပြောခဲ့ အတတ်ပညာတွေကို ကောင်းကောင်း နားလည်သွားလိမ့်မယ်။ ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာလည်း လိုအပ်တဲ့ Consult & Trainning အပိုင်းတွေကိုလည်း “အခမဲ့” အပိုအနေနဲ့ ကူညီပေးသွားပါ့မယ်။ ဒါတွင်ပဲလား ဆိုတော့မဟုတ်သေးပါဘူး… Myanmar Realty Agent များနှင့်လည်း အတူတူ Networking ပြုလုပ်နိုင်ဦးမှာပါ။ 

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။မန္တလေးမြို့ရဲ့ အအောင်မြင်ဆုံးလူတစ်ယောက်၏ အတုယူစရာကောင်းသည့် အချက်တစ်ချက်ကိုလတ်ဆိုတဲ့ လူတစ်ယောက်အကြောင်း အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။ပင်းတယ သစ်သီးတန်းရဲ့ ထူးခြားမှုတစ်ခု မြေဝယ်မယ်ဆိုလျှင် ဘယ်အချက်တွေကိုကြည့်ပြီး စဉ်းစားဆုံးဖြတ်ရမလဲ ရွှေဆိုတာအကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလား စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ဈေးကွက်ထဲကို စတင် ဝင်ရောက်တော့မယ်ဆိုရင် ဘာတွေသုံးသပ်ရမလဲ ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။