Hnin
ဟိုးလွန်ခဲ့တဲ့ ၅နှစ်လောက်ကနှင့်များ ကိုယ့်ကိုယ်
ပြန်ယှဥ်ကြည့်ရင် ၅နှစ်တာကာလ ဖြတ်သန်းခဲ့ရတာတွေက တော်တော်လေး စိတ်ညစ်စရာကောင်းပါလားလို့တွေးမိတယ်။ဒါပေမဲ့ အဲဒိအချိန်တွေမှာဘဲ အားလုံးပြီးဆုံးသွားပြီလား ထင်မိခဲ့တာ၊ဘယ်ဟုတ်မလဲ အသက်ရှင်နေသရွေ့ ကြုံတွေ့ရအုန်းမှာဘဲဆိုတာ အသက်အရွယ်ရလာတော့ပိုသိလာရပြန်တယ်။
ကျွန်မဘဝမှာ နောင်တရစရာ ကိစ္စတွေများလွန်းလို့ အခုချိန်ငယ်ရွယ်ပြီး အချိန်ပေါနေတဲ့ လူငယ်တွေ အချိန်ဖြုန်းနေကြတာ တွေ့ရင် အရမ်းပြောပြချင်မိတယ်။ ကျွန်မတို့က ဆရာလုပ်တာရယ်လို့မဟုတ်ဖူး၊ ကျွန်မတို့လိုမျိုး မဖြစ်စေချင်တာပါ။ ပြီးတော့ လူငယ်တွေအားလုံး သိစေချင်တာက အချိန်ရဲ့တန်ဖိုးကို အသက်အရွယ်ကြီးမှ သိရတာမျိုး မဖြစ်စေချင်တာကတော့ ကျွန်မရဲ့ အကြီးမားဆုံး ဆန္ဒပါဘဲ။အရာအားလုံး ပြန်ဝယ်လို့ရနိုင်ပေမဲ့ ပြန်ဝယ်လို့မရနိုင်တာကတော့ အချိန်ပါဘဲ။အချိန်တွေပေါနေလို့ အသက်အရွယ်မြန်မြန်ကြီးချင်နေတဲ့ လူငယ်တွေသိစေချင်လိုက်တာ။
အဲဒါကြောင့် စာဖတ်သူတွေထဲမှာ အချိန်တွေက ကုန်ခဲလိုက်တာလို့များတွေးနေတဲ့သူရှိရင် အခုချိန်ကနေစပြီး တစ်ခုခုစလုပ်ကြည့်ပါလို့ အကြံဉာဏ်ပေးပါရစေရှင်။
Hnin (8.12.24)(9:02PM)
Keep Reading