အက္ခရာ - Haruki

feedback ( တုံ့ပြန်မှု ) ဆိုတာက အလုပ်တစ်ခုလုပ်လိုက်ရင် လူတွေဆီက အချက်အလက်၊ အကြံဉာဏ်၊ လမ်းညွှန်မှု၊ ဝေဖန်မှု စတာတွေရလာခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
2 Types of feedback
ကျွန်တော်တို့ဟာ အလုပ်တစ်ခုကိုလုပ်လိုက်တာနဲ့ လူတွေဆီက အချက်အလက်၊ အကြံဉာဏ်၊ အကူအညီ၊ လမ်းညွှန်မှု၊ ဝေဖန်မှု စတဲ့ feedback တွေကို မလွဲမသွေရလာမှာဖြစ်ပါတယ်။ ရလာတဲ့ feedback တွေဟာ နှစ်မျိုးဖြစ်နိုင်ပါတယ်။ အဲဒါတွေဟာ အပြုသဘောဆောင်တဲ့ feedback နဲ့ အပျက်သဘောဆောင်တဲ့ feedback တို့ပါ။
အပြုသဘောဆောင်တဲ့ feedback ဆိုတာ
အကျိုးရလဒ်၊ ငွေ၊ ချီးကျူးမှု၊ လစာတိုးခြင်း၊ စိတ်ချမ်းသာခြင်း၊ လေးစားခံရခြင်း စတာတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ အပြုသဘောဆောင်တဲ့ feedback ကို ရရင် စိတ်ကျေနပ်ပြီး ပျော်ရွှင်ကြတယ်။ ကျွန်တော်တို့ သွားနေတာ လမ်းကြောင်းမှန်ပေါ်မှာရောက်နေကြတယ်၊ မှန်တာကိုလုပ်နေတယ်ဆိုပြီး ဂုဏ်ယူကြပါတယ်။
အပျက်သဘောဆောင်တဲ့ feedback ဆိုတာကတော့
ရလဒ်မကောင်းခြင်း၊ ဝေဖန်ခံရခြင်း၊ အပြစ်တင်ခံရခြင်း၊ တိုင်ကြားခံရခြင်း၊ မပျော်ရွှင်ခြင်း၊ အထီးကျန်ဖြစ်ခြင်း၊ နာကျင်ခြင်း စတာတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ အပျက်သဘောဆောင်တဲ့ feedback ကို မနှစ်သက်ကြဘူး။ ဒါဟာ လူတိုင်းပါ။ အဲဒီ feedback တွေကိုကြားရင် ဒေါသထွက်တယ်။ စိတ်ပျက်တယ်။ ဝမ်းနည်းတယ်။ ဒါပေမယ့် တချို့အပျက်သဘောဆောင်တဲ့ feedback တွေမှာလည်း အပြုသဘောဆောင်တဲ့ feedback တွေလိုပဲ အကျိုးရှိစေတဲ့ အချက်အလက်တွေ ပါဝင်နေကြပါတယ်။
ဘယ်လိုမျိုးလဲဆိုရင်တော့ ကျွန်တော်တို့ကို လမ်းချော်နေပြီ၊ သွားနေတဲ့လမ်းကြောင်းမှားနေတယ်လို့ သတိပေးတာမျိုးဖြစ်ပါတယ်။ အပျက်သဘောဆောင်တဲ့ feedback တွေဟာ မနှစ်မြို့ဖွယ် ကောင်းပေမယ့် တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ ပါဝင်နိုင်လို့ အဲဒီ feedback အပေါ် အမြင်သဘောထား ပြောင်းသင့်ပါတယ်။ ကျွန်တော်က တော့ အပျက်သဘောဆောင်တဲ့ feedback ကို တိုးတက်ဖို့ အခွင့်အလမ်း ရစေမယ့် feedback လို့တောင် ခေါ်ချင်ပါတယ်။
ကျွန်တော်တို့ဟာ ရည်မှန်းချက်ပန်းတိုင်ဆီ မြန်မြန်ထက်ထက် ရောက်ဖို့ ကြိုးစားနေစဉ်တစ်လျှောက်မှာ ရလာတဲ့ အပြုသဘောဆောင်တဲ့ feedback ဖြစ်ဖြစ်၊ အပျက်သဘောဆောင်တဲ့ feedback ဖြစ်ဖြစ် feedback အားလုံးကို ကြိုဆိုရပါမယ်။ လက်ခံရပါမယ်။ နောက်ပြီး feedback တွေကိုဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကိုလည်း သိထားဖို့ လေ့လာထားဖို့လိုပါတယ်။ နောက်ဆောင်းပါးတွေမှာ ကျွန်တော်မျှဝေပေးဖို့လည်းရှိပါတယ်။ အဓိက ဒီဆောင်းပါးလေးမှာ မျှဝေပေးချင်တာလေးက အဲ့ဒီလို feedback တိုင်းဟာကိုယ့်ဆီရောက်လာနေပေမယ့်
feedback တိုင်းကို မှန်တယ်လို့ မပြောနိုင်ပါဘူး ဒါပေမယ့် ( Feedback တွေတူနေရင်တော့ မှန်နိုင်တယ်။ )
feedback တိုင်းကို မှန်တယ်လို့ မပြောနိုင်ပါဘူး
ဟုတ်တယ်လေ.... ကိုယ့်ဆီရောက်လာတဲ့ feedback အမှားတွေ၊ အကျိုးမရှိတာလည်းဖြစ်နိုင်တာပဲ။ ဒါကြောင့် feedback မှန်မမှန်ဆိုတာကိုသိဖို့ဆိုရင်တော့ feedback ပေးသူရဲ့ အခြေအနေကိုသိထားသင့်ပါတယ်။ တချို့လူတွေဟာ feedback ပေးရာမှာ ပိုပိုသာသာအချက်တွေကို နားထောင်ကောင်းအောင် ထည့်ပေးတတ်ကြတယ်။
“မင်းက ဒီကမ္ဘာပေါ်မှာ အတော်ဆုံးလူတစ်ယောက်ပါကွာ”။ `ကမ္ဘာပေါ်မှာ မင်းလောက် လှတဲ့မိန်းကလေးမျိုး မရှိသေးပါဘူး”ဆိုတာမျိုးတွေပေါ့။ ဒီလို feedback တွေဟာ မြန်မာလိုဆို အတိဿယဝုတ္တိအလင်္ကာနဲ့ လွန်လွန်ကဲကဲ ချီးမွမ်းဖွဲ့ဆိုထားတာမလို့ feedback အမှန်လို့ ပြောလို့မရပါဘူး။ တစ်ခါ တစ်တစ်ယောက်က ကိုယ့်ကို “မင်းက လုံးဝသုံးမရတဲ့ကောင်ပဲကွ”ဆိုပြီးပြောလာခဲ့ရင် ဒီလို feedback ဟာလည်း မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဟာလုံးဝသုံးစားမရတဲ့ကောင် လုံးဝမဟုတ်လို့ပါပဲ။
ကျွန်တော်အနေနဲ့တော့ feedback တိုင်းကို နားထောင်ပါ။ feedback ဟာ မှန်တယ်၊ ကိုယ့်အတွက် အသုံးကျမယ်လို့ ထင်ရင် feedback ကို အလေးထားပါ။ ဂရုစိုက်နားထောင်ပါ။ feedback ဟာ မှားတယ်၊ မိမိအတွက် အကျိုးမရှိဘူး၊ အသုံးမဝင်ဘူးဆိုရင် feedback ကို လျစ်လျူရှုလိုက်ပါ။ ခေါင်းထဲက ဖယ်ထုတ်ပစ်လိုက်ပါ။ အာရုံ အနောက်မခံပါနဲ့ လို့ အကြံပြုတိုက်တွန်းပါရစေ။
feedback တွေဟာတူနေရင်တော့ မှန်နိုင်တယ်
ဂျက်ရိုစင်ဘလမ်း (Jack Rosenblum) က ခုလို ပြောပြဖူးပါတယ်။
“If a man calls you're a horse, consider him a fool. If someone else calls you a horse, consider him a fool too.
But if 3 people tell you that you are a horse, Start to think that are you really a horse. If 10 people call you a horse, you run out and buy a horse saddle to put on your body."
“လူတစ်ယောက်က မင်းကိုမြင်းလို့ပြောလာရင် မင်းသူ့ကို အရူးလို့မှတ်လိုက်ပါ။ နောက်တစ်ယောက်ကလည်း မင်းကို မြင်းလို့ပြောလာရင် သူ့ကိုလည်း အရူးလို့မှတ်လိုက်ပါ။
ဒါပေမယ့် လူ ၃ ယောက်က မင်းကို မြင်းလို့ပြောလာရင်တော့ မင်းဟာ တကယ်ပဲမြင်းဖြစ်နေပြီလားလို့ စဉ်းစားပါ။ လူ ၁ဝ ယောက်က မင်းကို မြင်းလို့ပြောလာရင်တော့ မင်းကိုယ်မှာတပ်ဆင်ဖို့ မြင်းကုန်းနှီးတစ်ခုကို အမြန်ဆုံး ပြေးဝယ်လိုက်ပေတော့"
မစ္စတာဂျက်ပြောတဲ့ဒီစကားလေးဟာ အင်မတန်မှအဓိပ္ပာယ်ရှိလှပါတယ်။ ကိုယ်ရရှိထားတဲ့ လူပေါင်းများစွာရဲ့ feedback တွေဟာ တူညီနေရင် အဲဒါတွေဟာ အမှန်တွေဖြစ်နိုင်ပါတယ်။ “ငါလုပ်တာ မှားများနေသလား” လို့ အမြန်ဆုံးစဉ်းစားလိုက်ပါ။ စဉ်းစားလို့ အကျိုးမယုတ်ပါဘူး။
မှန်ကန်သော feedbacks ရရှိသူများဖြစ်ကြပါစေခင်ဗျာ။
Haruki
Keep Reading