Mg Pyae
ကိုယ်ကအချိန်အများစုကို တွေးတောရင်း ၊စဥ်းစားရင်း ၊ငေးမောရင်း နဲ့ ဖြုန်းနေမိတဲ့ သူတစ်ယောက်။ အဲ့တာတေက ဘယ်ကနေဖြစ်လာတာလဲ ။ ဘာလို့ အဲ့လို တွေးလိုက်ငေးလိုက်နဲ့ ဖြစ်နေရသလဲဆိုတာကိုလည်း ပြန်တွေးနေမိသေးတာ။ အစကတော့ ဘာမှ ဗဟုသုတမရှာမှီး ဘဲ မတွေးမ်ိအောင် တခြား အရာတေနဲ့ အစားထိုးတာပဲ လုပ်ဖြစ်တယ်။ ဂိမ်းဆော့တာတို့ ၊ ဇာတ်လမ်းအရှည်ကြီးတေ ထိုင်ကြည့်တာတို့။အများစုကတော့ အခုနေပြန်စဥ်းစားမိသလောက် က်ိုယ့်အတွက် အကျိုး မရှိတာတေများပါတယ်။စိတ်ခံစားချက်တေက ဘယ်ကပေါ်လာသလဲ လူ့ပတ်ဝန်းကျင်မှာနေထိုင်ပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အခါမှာ ခံစားချက်တေ ပေါ်လာတာလား၊တစ်ယောက်တည်း ဖြစ်နေတဲ့ အချိန်မှာ ပေါ်လာသလား၊စိတ်ခံစားချက်ဆိုတာက ဘာလဲ ၊ကောင်းတဲ့ အရာလား ဆိုတဲ့ အရာလား သေချာသိန်ိုင်ဖို့ ဘာတေလိုလည်း။ဘာလုပ်သင့်လည်း အဲ့အရာတေပြန်တွေးကြည့်ရင်း စိတ်ခံစားချက်နဲ့ ပတ်ပတ်တဲ့ အကြောင်းအရာတေ လိုက်ဖတ်ကြည့်ရင်း တွေ့လညသိလာရတာလေးတေ ရှိလာတော့ စိတ်ခံစားချက်တေနောက်ကို အရမ်းလိူက် ပြီး ခံစားချက်တေကို ဦးစားပေးတာက မှားယွင်းနေတဲ့ အကြောင်းတေ သိလာရတယ်။ တစ်ခုခုဆို အတွေးလွန်တာ စိုးရိမ်စိတ်များတာ ၊ ကြောက်ရွံတာ၊ ဒေါသထွက်တာ၊ ချစ်တာ၊မုန်းတာ အကုန်အစုံပါပဲ ခံစားချက်မှန်သမျှက လွှတ်ပေးလိူက်လို့လည်း မဖြစ်သလ်ို အရမ်းလည်း ထိန်းချုပ်ထားသင့်တဲ့. အရာတော့ မဟုတ်ဘူး။ အဲ့ အရာတေကို ဘယ်ကနေ သိခဲ့ ရလဲ ရည်းစားထားတာကနေပဲ?။
ခံစားချက်နောက် အရမ်းမလိုက်ရဘူး လုပ်မိတာတေမှားယွင်းသွားတတ်တယ်။ မှားသွားမိရင်လည်းနောင်တမရရဘူး သင်ခန်းစာယူပြီး အကောင်းဆုံးရှေ့ဆက်ကမယ်။အမှားတေကနေ သင်ခန်းစားယူတယ်ဆိူတာ တူညီတဲ့ အမှားမျိူးတေ ထပ်မမှားမိဖို့ဘဲ။ လူရယ်လို့ ဖြစ်လာပြီး ရင်တော့ အမှားနဲ့တော့ ကင်းနိုင်မှာမဟူတ်ဘူး။ အခုကတော့ သင်ခန်းစာအများစုကို တစ်ပြုံကြီး ရလိုက်တော့ ရင်ထဲ တော့ အောင့်သက်"ပေါ့။ ဒါတေကနောက်ပ်ိုင်းကောင်းလာဖို့အတွက်ပဲ။အချစ် ကို အယူလွဲမှားတာမျိုး မဖြစ်ဖို့ ပထမဆုံး အချစ်ကို အယူလွဲမှားတယ်ဆိူတာ ဘာလဲ ဆိုတာ ကိုယ်တိုင်သိဖ်ို့ လိုသေးတယ်။ မှားနေမှန်း မသိတဲ့ အရာကို အမှန်ပြန်ပြင်နိုင်ဖို့ ခက်တယ်လေ။စိတ်ခံစားချက်တေက ဘယ်ကနေဖြစ်သလဲဆိုတော့ များသောအားဖြင့်က်ိူယ့်ရဲ့ ပျော့ညံပြီး အသိဥာဏ်နည်းပါးတဲ့ ဦးနှောက်အလွတ်ကနေဖြစ်တယ်။ အဲ့တော့ ဦးနှောက်ကို အသိဥာဏ်ပြည့်ဝပြီး အချက်အလက်နဲ့ စဥ်းစားတွေးခေါ်န်ိုင်စေဖို့ စာဖတ်ရမယ် ရန်ုင်သမျှ အချက်အလက်ကို ရသမျှ နည်းနဲ့ ဦးနှောက်ထဲကိုဖြည့်ရမယ်။ မသိထားတဲ့ အရာကို လုပ်မိရင် မှားမှာပဲ။မသိပဲရမ်းလုပ်လိုက်လို့ မှန်သွားတယ်ဆိုတာ တစ်ခါတစ်လေပဲရှိတယ်။ပြီးတော့လည်း ခနခနမရဘူး။ များများသိအောင် များ"ဖတ်။ များ"ဖတ်ပြီးရင် မှတ်မိနေအောင် များများဆွေးနွေး ပြန်ပြော။ နားလည်သလိုရေးချ။ စိတ်ခံစားချက်ကို ကို ထိန်းချုပ်တာလည်း လိုတိူးပ်ုလျော့ အရာအားလုံးက မျှ"တ"တွေးခေါ် စဥ်းစားဆူံးဖြတ်မှ အဖြေမှန်ကိုရန်ူင်မှာ
တစ်ယူသန်အစွဲတေနဲ့ အဖြေမှန် မရန်ုင်ဘူး။
ဘယ်တော့ နေနေ လွန်"ကျူး" ဖြစ်လို့မရဘူး။
လွန်သွားရင်မကောင်းဘူး။ လျော့ပါး လုပ်မိရင်လည်းမကောင်းဘူး။ လိုအပ်သလို လိုတိုပ်ုလျော့ လုပ်နိုင်ဖို့
လိုတိူးပ်ုလျော့ လုပ်နိုင်စွမ်းရှိစေဖို့ အသိပညာအတတ်ပညာတိူးတက်ဖို့ လေ့ကျင့်မှူနဲ့ အတွေ့အကြုံလိုတယ်။ အမြန်ဆုံးနဲ့ အများကြီး တွေ့ကြုံ လေ့ကျင့်မှုတေက စာအုပ်တွေ နဲ့ လက်ရှိကျင့်သုံးခြင်းကနေပဲရနိုင်မယ်။ ဖတ်ပဲဖတ်ပြီး တစ်ကယ်မလုပ်ရင် ဘာမှ မရန်ုင်ဘူး။ လူပ်တော့လုပ်နေတယ် နည်းလည်းမသိရင်လည်း တိူးတက်မှူမရှိန်ုင်ဘူး။
စိတ်ခံစားချက်ဆိုတာ လွှတ်ထားလို့ မရဘူး
အမြဲချုပ်ထားလို့လည်းမရဘူး။ သတိလေးနဲ ပဲ စောင့်ကြည့်ရမယ်။ စောင့်ကြည့်ပြီး ဆင်ခြင်ရမယ်။ မကောင်းမှု မဖြစ်အောင် ထိန်းကျောင်းရမယ်။
#htoopyaelinn
#selfreminder
#selfimprovement
Keep Reading