Author's Profile Photo

မောင်ဇင်(မှိုင်းဌာနီ)

26/11/2024

အထွေထွေလူသားများ

2 mins read
Personal Development
Education
အထွေထွေလူသားများ's photo


ခုခေတ်ကြီးမှာ လူအမျိုးမျိုးအထွေထွေရှိကြပါတယ်။အဲ့အထဲက ခုပြောချင်တဲ့အကြောင်းအရာက telegramက လူတွေအကြောင်းပါပဲ။

ကျွန်တော်က ခုလောလောဆယ်မှာ Diazinon ဆိုတဲ့ accountလေးတစ်ခုနဲ့ telegramကိုသုံးနေတာပါ။သုံးရတာကလည်း အကြောင်းအမျိုးမျိုးကြောင့်ပါပဲ။ နောက်ပိုင်းကြတော့ ကိုယ်လည်းပျင်းနေတာနဲ့ "သုတရသများစုစည်းရာမြေ" ဆိုတဲ့ ချယ်နယ်လေးတစ်ခုကို24.5.2024မှာအရင်ထောင်ဖြစ်ခဲ့ပါတယ်။ လိုရင်းတိုရှင်းသွားရရင် အဲ့ဒီချယ်နယ်လေးခု လူပေါင်း 1430ကျော်ပါပြီ။

စပြီးကြုံရတဲ့ပြဿနာက rp(report)ထုတာခံရတာပါပဲ။ reportအထုခံရလောက်တဲ့အထိလည်း ကျွန်တော်ဟာ ကျွန်တော့်ချယ်နယ်လေးမှာ ညစ်ညမ်းစာတွေ၊ပုံတွေ တင်တာလည်းမဟုတ်၊အကျိုးမရှိတဲ့စာတွေ ရေးတာလည်းမဟုတ်၊ အဲ့တာတွေနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ ဗဟုသုတ၊ရသပိုင်းတွေကို အများသူငှာကို မသိသေးကြတာတွေ သိစေချင်တဲ့စေတနာသန့်သန့်နဲ့ပဲ ကျွန်တော်တင်ပေးနေခဲ့ပါတယ်။ ဂျိုင်းထားကြတဲ့လူတွေလည်းအသိပါပဲ။အရှင်းဆုံးပြောရရင်တော့ အများမကြိုက်တာဘာမှမလုပ်ခဲ့ပါဘူး။

နောက်ပိုင်း အဲ့ဒီ့ချယ်နယ်အပြင် "Literature area","ကလောင်ဓား","Audio palace" ဆိုပြီး ချယ်နယ်လေး ၃ခုကို (ပူးတွဲ ၁ခု)ထပ်ဖွင့်ဖြစ်တယ်ပေါ့။အဲ့ဒီ့ချန်နယ်တွေမှာလည်း ခေါင်းစဉ်တွေအတိုင်း ရသင့်ရထိုင်သိသင့်သိထိုက်တဲ့ အကြောင်းအရာ contentsလေးတွေကို စုစည်းဖော်ပြနေတာပါပဲ။ ဒါပေမယ့် ကျွန်တော်က ဘယ်လိုလေးကျင့်သုံးသလဲဆိုရင် ချန်နယ်အသီးသီးက ထွက်သွားသူတွေကို လိုက်ပြန်ခေါ်လေ့ရှိတာပါပဲ။ လိုက်ပြန်ခေါ်တဲ့နေရာမှာလည်းပဲ ပြန်ဝင်ကိုဝင်ရမယ် မရမက အတင်းအဓမ္မမရှိဘဲ "ဘာကြောင့်ထွက်တာလဲ ဘာများ လိုအပ်ချက်ရှိလို့ ထွက်တာလဲ " အဲ့လောက်ပဲမေးပြီး "အဆင်ပြေရင်တော့ ပြန်ဂျိုင်းပေးပါလား" ဆိုပြီးပဲ ပြန်ခေါ်တာပါ။ ကျွန်တော့်ဖက်ကတော့ လုံးဝအလွန်ဆိုတာမရှိခဲ့ပေမယ့် telegram ကတချို့လူတွေကနားမလည်ကြပြန်ပါဘူး။ ထုတာကို ဘယ်သူထုတာမှန်းလဲမသိရလေတော့ ကျွန်တော်လည်းပြဿနာတက်ရပါတော့တယ်။

တချို့လူတွေကြ သွားပြန်ခေါ်ရင် မှားထွက်မိတာပါ စသဖြင့်ပြောပြပြီး ကြည်ကြည်ဖြူဖြူပဲ ပြန်ဂျိုင်းပေးကြတယ်၊တချို့ကြတော့လည်း reasonခိုင်ခိုင်လုံလုံသက်သေနဲ့ပါပြပြီး ခွင့်ပြုပေးပါဆိုပြီး ပြန်မဂျိုင်းဘဲနေကြပါတယ်၊ တချို့ကျတော့လည်း တစ်ခါတည်း bl( block)ပြီး ပြန်မဂျိုင်းကြပါဘူး။ တစ်ခါတစ်လေကျရင်လည်း ခံပြင်းဖို့ကောင်းပါတယ် ကျွန်တော် ပြန်မခေါ်လည်း ရတယ် ဆိုပေမယ့် ချန်နယ်အသီးသီးက မျှဝေပေးနေတဲ့ စာတွေ၊ဗဟုသုတနဲ့ရသစာပိုင်းတွေကိုမသိကြမှာဆိုးလို့ ဆိုတဲ့ စေတနာနဲ့ပဲ ပြန်ပြန်ခေါ်မိတာပါ။

ခုဒီစာကိုရေးနေတဲ့အချိန်လည်းပဲ ကျွန်တော် rpအထုခံထားရဆဲပါ။ည ၁ချက်ထိုးမှလွှတ်မှာပါတဲ့။ ကျွန်တော့်ကိုrpထုကြတဲ့သူတွေကတော့ လက်ညိုးလေးတစ်ချက်ထိတာပဲဖြစ်ပေမယ့် ကျွန်တော့်ဖက်မှာ ကြီးမားတဲ့ personalပိုင်းထိခိုက်မှုတွေဖြစ်စေပါတယ်။တချို့လူတွေကကြတော့လည်း စေတနာကိုဝေဒနာ ထင်ကြလေသလားလို့တောင်ပြန်စဉ်းစားမိပါသေးတယ်။

ကျွန်တော်တခြားသူတွေ များသောအားဖြင့် တခြားသောချန်နယ်တွေက ownerတွေနဲ့ rpထုကြတဲ့သူတွေအကြောင်း ကို စကားကျရင်မေးမိပါတယ်၊ အကိုတစ်ယောက် ပြောပြတာလေး သဘောကျမိလွန်းတယ်ဗျာ။ "ငါ့ညီရာ စိတ်ဓာတ်မကျပါနဲ့ ကိုယ်တွေလည်းအတူတူပါပဲ၊ သူတို့က ကိုယ်တွေနဲ့ငါ့ညီတို့လို လူ့လောကကိုအလှဆင်သူအစစ်တွေကြတော့ ဆဲရတာတစ်မျိုး၊‌မတော်မတရား အတုအယောင်စွပ်စွဲချက်တွေနဲ့အပြောအဆိုခံရတာကတစ်မျိုး၊ ရှင်းရှင်းပြောမယ်ကွာ ၊ ဟိုညစ်ညမ်းစာပေတွေတင် ဇာတ်ကားတွေတင်ကြတဲ့ အဆိပ်သင့်ဝန်းကျင် မှာကြတော့ လူတွေတရုံးရုံးနဲ့ကွ"

ကျွန်တော်ပြန်ပြောမိလိုက်ပါတယ်၊

"ထောက်ခံတယ် အကိုရာ" ဆိုပြီးပေါ့။

ကျွန်တော် ပြောချင်တာက လူတွေရဲ့အကြောင်းကိုခုသုံးဖြစ်နေတဲ့ telegramမှာတော်တော်လေးသင်ခန်းစာရပြီး ပညာတွေလည်းရပါတယ်။ ဆောင်းပါးခေါင်စဉ်လို အထွေထွေလူသား များဟာ အထွေထွေပတ်ဝန်းကျင်မှာ အထွေထွေသော စိတ်ထားမျိုးတွေနဲ့တည်ရှိနေကြပါကြောင်းနဲ့ အဲ့လို အထွေထွေ‌သောလူသားတွေ ရဲ့ကြားမှာ အနုတ်လက္ခဏာပြ‌နေတဲ့ လူ့ဗလာ ကြီးတစ်ယောက်မဖြစ်ရလေကြောင်း ကျွန်တော့် ဆောင်းပါးလေးကနေ မီးမောင်းသဖွယ် ထိုးပြရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။

ဖောင်တိန်ဖြင့် ရှင်သန်မည့်

မောင်ဇင်(မှိုင်းဌာနီ) ။။ (၂၆.၁၁.၂၄)

Keep Reading

အမြဲလေ့လာထားပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအဆန့်အဖျက်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်ထိရောက်တဲ့ ခေါင်းဆောင်မှု တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။တန်ရာတန်ကြေးနိယာမမရိုးတရိုး