Hnin
လောကကြီးမှာတော့ အကျိုးရှိလို့အကြောင်းတွေဟာ ဖြစ်လာရတာပါဘဲ။ဒါပေမဲ့လေ.... ကျွန်မတို့
ပုထုဇဥ်လူတွေ အမြင်ပြောရရင် တစ်ခါတစ်ရံကျတော့ လူကဖန်တီးလိုက်သလို ခံစားရတယ်။
ကျွန်မကြည့်ဖူးတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နှင့်ဥပမာပေး ပြောကြည့်ချင်ပါတယ်။ဇာတ်လမ်းလေးထဲမှာ မင်းသားအဖေနှင့်မင်းသမီးအဖေက သူငယ်ချင်းတွေ၊ တစ်ရက်ပြန်တွေ့ကြတော့ မင်းသမီးအဖေက သူ့သူငယ်ချင်းသားအဖကို သူ့အလုပ်မှာအတူတူလုပ်ဖို့ခေါ်ခဲ့တယ်။ မင်းသမီးအမေကလည်း သဘောတူခဲ့တယ်။မထင်မှတ်တဲ့အခြေအနေတစ်ခုကြောင့် မင်းသမီးရဲ့အသက်အန္တရယ်ကို ကာကွယ်ရင်း မင်းသားအဖေအသက်ဆုံးသွားရှာတယ်။ အဲဒိနောက်ပိုင်း မင်းသမီးမိဘနှစ်ပါးစလုံးက သားလေးအရင်းလိုသဘောထားပြီး ကျွေးမွေးပြုစုစောင့်ရှောက်ကြတယ်။ သူတို့နှစ်ယောက်က မောင်နှမအရင်း မဟုတ်မှန်းသိနေပေမဲ့ အရင်းတွေလိုဘဲ အတူနေ၊အတူစား... လူပျို၊အပျိုအရွယ်ရောက်တဲ့အချိန်အထိဆိုပါတော့။သူတို့နှစ်ယောက်က ဒီလိုဘဲ သွားသွားလာလာနေကြတယ်။ဒါပေမဲ့ တစ်ရက်ကျတော့ သူတို့နှစ်ယောက်အိပ်ခန်းထဲမှာ အရင်ပုံမှန်လိုဘဲ ကျီစယ် ပြောဆိုနေတာကို သူတို့သူငယ်ချင်းက မြင်သွားတယ်။အဲဒိတော့ သူ့အမေကိုပြောပြတယ်။ အဲဒိသူငယ်ချင်းအမေနှင့်မင်းသမီးအမေက သူငယ်ချင်းတွေ၊ သားသမီးချင်းစကားပြောထားတဲ့သူတွေဆိုလည်း မမှားပါဘူး။ မင်းသမီးအမေက ဂုဏ်တွေ၊ပစ္စည်းတွေမက်တယ်။
အဲဒါက ဇာတ်လမ်းလေးအကြောင်းနည်းနည်း ရှင်းပြပေးတာပါ။ဇာတ်လမ်းက အခုမှစတာ။အဲဒိအချိန် မင်းသမီးအမေကိုပြောတယ် 'နင့်သမီးက အပျိုအရွယ်ရောက်နေပြီနော၊မီးဆိုတာ မလောင်ခင်တားရတယ်တဲ့၊ကျွန်မသားနှင့် အမြန်အိမ်ထောင်ချပေးရင်ကောင်းမယ်ထင်တယ်''..အဲလိုတွေပြောတော့ မင်းသမီးရဲ့အမေက သံသယစိတ်တွေ စတင်တော့တာပါဘဲ။ အရင်တုန်းကလိူနေထိုင်ကြတဲ့ မင်းသမီးတို့မောင်နှမကို အမြဲတမ်းအော်ဟစ်ပြီး အနေအထိုင်တွေဆင်ခြင်ကြနော၊ ငယ်ရွယ်တဲ့အရွယ်မဟုတ်တော့ဘူး..အမြဲပြောနေတော့ သူတို့နှစ်ယောက်လည်းနေရတာ အဆင်မပြေတော့ဘူး။မင်းသမီးအဖေကတော့ မင်းသားကိုအလုပ်တွေ ခွဲဝေပေးပြီး သူ့သမီးနှင့်အိမ်ထောင်ချပေးဖို့အစီအစဥ်ရှိပြီးသားပါ။ဒါပေမဲ့ မိန်းမလုပ်သူကိုပြောလို့မရဘူး ဆိုပါတော့။နောက်ဆုံးတော့ မင်းသားက မွေးစားသားဆိုတော့ အိမ်ကထွက်သွားတာပေါ့။
ဇာတ်သိမ်းလေးကိုပြောရရင်....
.မင်းသားကစစ်ထဲဝင်သွားတော့ တိုက်ပွဲတစ်နေရာမှာသူ့ရဲ့အသက်ကို ကယ်တင်ပေးတဲ့ကောင်မလေးတစ်ယောက်နှင့်တွေ့ပြီး နောက်ဆုံးရသွားတယ်။
.မင်းသမီးကတော့ သူနှင့်ပေးစားမယ်ဆိုတဲ့ကောင်လေးက မကောင်းမှန်းသိတော့ အိမ်ကလူတွေက မပေးစားခဲ့ကြတော့ဘူး။မင်းသမီး တစ်ယောက်ထဲ ကျန်ခဲ့တယ်။
.မင်းသမီးအဖေကလည်း သူ့စီးပွားရေးဦးဆောင်ခိုင်းမဲ့ သားလည်းမရှိတော့ သူလည်းဒုက္ခရောက်ပေါ့။
အကုန်လုံးပြန်ချုပ်ကြည့်မယ်ဆိုရင် အဲလိုဖြစ်သွားတဲ့ အဓိကတရားခံက မင်းသမီးရဲ့အမေပါဘဲ။သူများပြောတဲ့စကားကို သေချာအစဥ်းစားဘဲ ယုံကြည်လိုက်မိရာက သံသယစိတ်တွေနှင့် ထင်ရာလျှောက်လုပ်လိုက်မိတာဘဲ။
ကျွန်မပေးထားတဲ့ ခေါင်စဥ်လေးကို ပြန်ဆွဲရရင်..
အကယ်၍သာ မင်းသမီးအမေကလည်း သဘောတူပြီး မင်းသားနှင့်သာပေးစားခဲ့မယ်ဆိုရင်..
.မင်းသားလည်း စစ်ထဲဝင်စရာမလိုဘဲ အေးအေးဆေးဆေးစီးပွားရေးကို လုပ်နိုင်မယ်။
.မင်းသမီးလည်း သူ့ကို တန်ဖိုးထားချစ်ပေးခဲ့တဲ့ မင်းသားနှင့် အတူနေရမယ်။
. မင်းသမီးအဖေလည်း စီးပွားရေးအတွက် စိတ်ချနိုင်မယ်။...
ဇာတ်လမ်းလေးကတော့ အတွေးများစွာပေးခဲ့ပါတယ်။
..သူများပြောစကားတစ်ခုထဲကို ဇောက်ချယုံစားမိခဲ့လို့ မဖြစ်သင့်တာ ဖြစ်ခဲ့ရတယ်။
.. ဘာမှသေချာမမြင်ရတဲ့ သံသယကြောင့် အားလုံးဆုံးရှုံးရတယ်။
..လောဘရှိတာ ပုထုဇဥ်လူသားတစ်ယောက်အန နှင့်မဆန်းဘူးဆိုပေမဲ့ လောဘတစ်ခုက မထင်မှတ်တဲ့ ဘဝအပြောင်းအလဲတွေ ဖြစ်သွားစေတာပါဘဲ။
..လူတစ်ယောက်ကို ဥစ္စာ၊ ပညာ ပြည့်စုံနေရုံနှင့် လူကောင်းလို့သတ်မှတ်လို့မရပါဘူး။သူတို့ရဲ့ အတွင်းစိတ်က ကိုယ်ကျင့်တရားကလည်း အရေးကြီးပါတယ်။...
ဇာတ်လမ်းလေးပြီးဆုံးသွားတော့ တွေးမိလိုက်တဲ့အတွေးလေးက....
အကယ်၍သာ အဲလိုမဟုတ်ခဲ့ဘူးဆိုရင်....
စာသားလေးက နည်းနည်းလေးရှည်သွားတာ ခွင့်လွှတ်ပါ။စိတ်ရှည်ပြီးဖတ်ပေးတဲ့အတွက်ကျေးဇူးပါ။ စာဖတ်သူအနေနှင့်လည်း ကျွန်မနှင့်အတွေးတူချင်မှတူပါလိမ့်မယ်။စာဖတ်သူသဘော လွတ်လပ်စာတွေးလို့ရပါတယ်ရှင့်။
Hnin(24.11.24)(Sunday)
(Chines Garden MRT)
Keep Reading