ခွန်သစ်
ဤဝတ္ထုသည် ကိုလိုနီခေတ်နယ်ချဲ့များနှင့်ဗမာတိုင်းရင်းသားတို့၏တိုက်ပွဲများကို စိတ်ကူးယဥ်ဆန်စွာရေးဖွဲ့ထားခြင်းပင်ဖြစ်ပါသည်။
အပိုင်း( ၁)
ကားနှစ်စီး လူအပြည့်နဲ့ လက်နက်များကိုင်ဆောင်ကာ စာသင်ကျောင်းအပျက်အနီးက မိုးစက်ပိုင်
၏ နေအိမ်အတွင်း ထိုးဝင်လာပြီး အလျင်အမြန်ပင်
ဆင်းကာ
"ဟိတ် မလှုပ်နဲ့ အကုန်လက်တွေမြှောက်ထား"
ထိုအချိန်နှင်တပြေးညီ ပြတင်းပေါက်တံခါးကို ခုန်ပျံက
လူ၃ဦး ခြံအနောက်ကနေ ထွက်ပြေးပြေးချသွားပြီ။
ထိုမြင်ကွင်းအတွင်း
"ဟျောင့် တွေ ပစ် ပစ် " ^ဒိုင်း ဒိုင်း ဒိုင်း ^
ပုလိတ်ဗိုလ် အရာရှိရဲ့အမိန့်အတိုင်း ပစ်လိုက်ကြသည်
သို့သော် ထိုလူသုံးဦးလုံးလွတ်မြောက်သွား ပြီး တစ်ဦးမှာ လက်မောင်း ထိသွားခဲ့သည်။
အိမ်ထဲတွင် လက်နပ်ခဲယမ်းများ၏ အပိုင်းအစများ
တွေ့ရှိပြီး နေရာအနံရှာဖွေမှုများ ပြုလုပ်နေကြသည်။
ထွက်ပြေး လွတ်မြောက်သူ သုံးဦးမှာ ဗမာ့တော်လှန်ရေး
ရဲဘော် ဘသိုက်၊ ရှိန်းမောင်၊ မိုးစက်ပိုင် တို့ပင်ဖြစ်ကြသည်။ မိုးစက်ပိုင် ဆိုသူမှာ အခြားမဟုတ်
အဂ်လိပ်မင်းကပင် မြှောက်စားခဲ့ရသည့် ပုလိတ်အရာခံ
ဗိုလ် မိုးစက်နိုင် ၏ အမွှာညီပင်ဖြစ်သည်။ သူတို့၏ဖခင်မှာလည်း သစ်တောဝန်ထောက်မင်းကြီးတစ်ယောက်ဖြစ် သကဲ့သို့ တစ်မှီးပေါက်တစ်ယောက်ထွန်း ဆိုသလိုပင် ပြည်သူ့မျက်နှာမူ ဦးတည်ခဲ့သူပင်ဖြစ်ပေသည်။
ထိုနေ့ အတွင်း မြို့ထဲ ပိတ်စို့စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး
လူငယ်လူရွယ်အချို့ကိုလည်း အဂ်လိပ်လူဖြူများက
ဖမ်းဆီးခေါ်ဆောင်မှုများပြုလုပ်ခဲ့သည်။
မနက် ၅နာရီခန့် ဆောင်းအဝင် မိုးအနှောင်း ကာလဖြစ်သောကြောင့် ဝန်းကျင်တစ်ခုလုံး အုံးဆိုင်း တိတ်ဆိတ်နေ၏ ထိုစဥ်"ဒိုင်း ဒုန်း ဒန်း " သေနပ်သံများကျယ်လောက်စွာ ထွက်ပေါ်လာခဲ့သည်။ ထိုအသံများသည်
မြို့မျက်နှာဖုံး ဆယ်ရွာပိုင် သူကြီး ဦးသာအေး ၏ နေအိမ်အတွင်းမှာဖြစ်ပေသည်။ ဦးသာအေး သည်
အဂ်လိပ်မင်းကြီးအားထားရသော အလိုတော်ကြီး
ဖြစ်ပြီး တပည့်တပန်းများ နှင့်အတူ သြဇာညောင်းသော
နှစ်လုံးပြူး သေနတ် ကိုင်ဆောင်ခွင့်ရှိ အချိန်မရွေး ပစ်ခွင့်ရှိသူပင်ဖြစ်သည်။ သို့သော် ယနေ့မနက်မှာပင် လူတစ်ဦး ပစ်သတ်ခါ သွားခြင်းကြောင့် ကွယ်လွန်လေပြီ။ ထို့နောက်ခြံ ရှေ့မနီးမဝေးက မြင်းတစ်ကောင်တုန်းဆိုင်းစီးပြီး ထွက်သွားလေသည်။ ထိုမြင်ကွင်း ကိုခြံလုပ်သားတစ်ချို့ အံသြမှင်သတ် နေရုံကလွဲ၍ ဘာမျှမတက်နိုင်ခဲ့ပါ။
ပတ်ဝန်းကျင်တွင်တီးတိုးသံများထွက်ပေါ်နေပေသည်
"ကိုပြုသည့်ကံပဲ့တင်သံ ပဲဟေ့ ဟိူလူရုတ်မာကြီးတော့
ရှောပြီတဲ့တော်ရေ"
"ဟဲ့ ဟုတ်လား မြို့ပေါ်ထိတက်လုပ်တာ ပိုင်လှချည်လား"
"အမလေး တစ်ယောက်ထဲလာပစ်သွားတာတဲ့နော်"
"နည်းတဲ့သတ္တိလားပဲ "
"ဟုတ်ပါ့ ဗမာ့တော်လှန်ရေးလူငယ်တွေဘေးကင်ပါစေရှင်"
စျေးထဲမှာ မြန်မာအမျိုးသမီးတို့၏ တီးတိုးစကားပြောနေကြပေသည်။
"ဟေ့ တိုးတိုးပြော ဟိုမှာ မင်းကတော်လာတယ်"
မင်းကတော် လို့ပြောသည့်အတိုင်းပင် စတော်သရုပ်
ဖော်ထုတ်ပြရမည့် ကတော်ရုပ်မှာလည်း အရပ်မြင့်မြင့်
ခန္ဓာကိုယ်အလှ မျက်ခုန်းမွှေးကောင်းကောင်း၊အသားဖြူဖြူ၊ဝတ်တက်စားတက် ကော်လိပ် နောက်ဆုံးနှစ်
ကျောင်းသူ ဖြစ်သော ငယ်ရွယ်ချောမောလှပသော
လှနွယ်နီခိုင် ဆိုသည့်အမျိုးသမီးပင်ဖြစ်ပေသည်။
နောက်လိုက်အမျိုးသမီးတစ်ဦးနှင့်အတူ ပုလိတ်တစ်ဦး
အသင့်ပါရှိပေသည်။
လှနွယ်နီခိုင် သည် သူ့နောက်လိုက်အမျိုးသမီးငယ်အား
လိုအပ်တာများ မှာကြားဝယ်ခိုင်စေနေသည်။
"ချောစုရေ"
"ရှင် မမလေး " " ဗမာကြ က်၃ ကောင်ရယ် ငါးကြီးကြီး၃ကောင် ဝယ်နော် အသီးအရွက်ကတော့ ငါကြည့်ဝယ်လိုက်မယ်"
"ဟုတ်ကဲ့ မမလေး"
တစ်စျေးလုံး၏ မျက်လုံးများသည်
သူတို့အပေါ်အာရုံစိုက်ကြည့်နေကြသည်။ မနက်စောစောကဖြစ်ရပ်ကို လည်းကောင်းတို့
သိဟန်ရသည် အရင်ထက်ပို လုံခြုံရေးတိုးချထားသည်ကို တွေ့ရသည်။
မင်းကတော်လှနွယ်နီခိုင် ၏ ယောကျားမှာ အဂ်လိပ်ဗိုလ်
ဂိုမာဝီလျှံ ဖြစ်သည်။ သူသည် တိုက်ရေးခိုက်ရေး ကျွမ်းကျင်၍ အင်မတန် တော်သောကြောင့် ဗမ့ာတော်လှန်ရေးတပ်သားအများပြားကို အရှင်ဖမ်းမိဖူးကာ
အကြိမ်ကြိမ်မြှောက်စားခံရသော ဗိုလ်တစ်ယောက်ဖြစ်သည်။ လှနွယ်နီခိုင်မှာ မူ တတိယမြောက် မိန်းမဖြစ်သည် ရှေ့ နှစ်ယောက်မှာ သူ၏ နေအိမ် အတွင်း အကြိမ်းပေါင်းများစွာ လုပ်ကြံခံရစဥ် သူမသေပဲ သူ့၏ဇနီးများနှင့် တပည့်အချို့သာ သေခဲ့ကြရသည်။ လှနွယ်နီခိုင်သည်လည်း မိဘများ၏ ငြင်းဆိုရန် ခက်ခဲသော
မိသားစုငွေရေးကြေးရေးပြဿနာများကြောင့် ချစ်တီးဦး စိုးမူစံ ၏ လက်ကလွတ်ရန် လက်ထပ်ခဲ့ရခြင်းသာဖြစ်သည်၊ သို့သော်ပညာတက်ပီသစွာ အလိုက်ထိုက်ပြုမူပြောဆိုနေထိုင်တက်ပေသည် အခြားမင်းကတော်များလို လူမုန်းလည်းမများခဲ့ပေ။
ညချမ်း အချိန်အခါ၌ မင်းကတော်နှင့်အတူ အဂ်လိပ်ဗိုလ် ဂိုမာဝီလျှံ နှင့် သူ၏ လက်ရုံးတပည့်များ ညစာနှင့်အတူ သောက်စားရင်း စကားစမည်ပြောနေကြသည်။
သူ၏ ဘယ်လက်ရုံးနှင့်ညာလက်ရုံးများဖြစ်ကြသည့်
အဂ်လိပ်အလိုတော်ကြီး မြန်မာနိုင်ငံသား အောင်ဆက်
(အဂ်လန်ပြန်)နှင့် အဂ်လန်နိူင်ငံသား ဗိုလ် ဂိတ်ထရန့် တို့ပင်ဖြစ်ကြသည်။ ၄င်းတိုသည်လည်းမြန်မာစကား ကောင်းမွန်စွာ ပြောတက်ကြပေသည်။
"မောင်မင်းတို့ သူပုန်းတွေက မြို့ပြနှင့် နီးကပ်နေပြီ
အရင်ထက်ပိုပြီး သတိရှိရှိ နေကြရမယ်"
"ရက်စ်ဆျာ "
"ဒီနေ့ညကစ ပြီး ညလှည့်ကင်းကို ဂိတ်ထရန့် ကိုယ်တိုင်
ဦးစီးပြီး ပိုဂရုစိုက်စေခြင်တယ်"
"yes sir "
"မောင်မင်းလူကလေး အောင်ဆက်ကတော့ မြို့အနောက်ပိုင်းက ခံတပ်ကွပ်ကဲရေးကို အမြဲရုံးထိုင်ပြီးအရင်ထပ်ပို သတိပြုစေခြင်တယ် "
"yes sir"
"ကျွန်တော်မျိုး ရုံးထိုင်ပြီး အနီးနားက ရွာတွေက မသက်ာသူများကိုပါ စစ်ဆေးဖမ်းစီး ထားလိုက်ပါမယ် သခင်ကြီး "
"good လူကလေး သိပ်တော်တယ် မင်းကိုအကြွင်းမဲ့
ယုံကြည်ပါတယ်"
"ဒါနဲ့ သခင်ကြီး မြို့အရှေ့ပိုင်းကို ကိုင်တွယ်နေတဲ့
သခင်လေး မိုးဆက်နိုင် ရဲ့ညီဟာ သူပုန်းအဖွဲ့နဲ့ပတ်သတ်နေဒါကိုတော့ သူကိုယ်တိုင်ဖြေရှင်းမှဖြစ်နိုင်မယ် ထင်တယ်"
"ဟုတ်တယ် လူကလေး ဒီကိစ္စကိုမြို့တော်ဝန် မင်းကြီး ကလည်း ၏အရေးနဲ့ပတ်သတ်ပြီး သံသရကင်းစွာနဲ့ပဲ
ညီဖြစ်သူကို အစ်ကို ကိုယ်တိုင် ဖမ်းပြီး လက်ရအပ်နှံမယ်ဆိုတဲ့အကြောင်းကြားစာကို ယုံကြည်စွာလက်ခံထားပြီး ဖြစ်တယ် စိတ်အေးအေးထားပါ လူကလေး"
"အဓ်က ပစ်မှတ်ကတော့ ရှိန်းမောင်း ပဲ"
"သူနဲ့ပတ်သတ်သမျှ သတင်းများစုစည်း ကြပေတော့"
အဂ်လိပ်ဗိုလ် ဂိုမာဝီလျှံ
အတွက်တော့ ရှိန်းမောင်နှင့် တွဲဘက်များကို အရှင်ရရ
အသေရရ ကြိုးပန်းရှာနေကြသည်။ ၄င်းတို့မိလျင်
ရာထူးအာဏာများ ထပ်တိုးရမည်ဖြစ်သည့်အပြင်
၄င်းတို့မိလျင်လည်း ရှိန်းမောင်တို့၏ လက်ချက်ကြောင့်
သေရမည်ဖြစ်သည် ။ သူသေကိုယ်သေ အခြေအနေတစ်ခုပင်ဖြစ်ကြသည်။ နယ်ချဲ့အဂ်လိပ်ကို တစ်နိုင်ငံလုံး
နေရာအနံ့တော်လှန်နေကြ၍ နယ်ရွာများတွင် ထိန်းမနိုင်းသိမ်းမနိုင် ဖြစ်နောက်ဆုပ်ထားရသည့်အခြေအနေဖြစ်သောကြောင့် အဂ်လိပ်တို့သည် သူတို့ရုံးများအထိုင်ချရာ
မြို့များအတွင်း တွင် လုံခြုံရေးတိုး ချထားကာ အထိုင်ချ စောင့်ကြည့်လှုပ်ရှားနေကြသည်။ထိုသို့အခြေနေများတွင် မြို့ပေါ်တွေ စည်းကမ်းတင်းကြပ်နေသည့်ကြားက
အဂ်လိပ်တို့အားထာရသောပုဂ္ဂိုလ် တစ်ယောက်ပြီးတစ်ယောက်ဖြုတ်ချ ရှင်းလင်းနေသည်မှာလည်း ဆရာရှိန်းမောင် တို့သုံးယောက် ဦးဆောင်အဖွဲ့ပင်ဖြစ်နေပေသည်။
#(ဂိုမာဝီလျှံ၏ညာလက်ရုံး ဂိတ်ထရန်း သတ်ဖြတ်ခံရခြင်း)
ည၁၀နာရီ လုံခြုံရေး ပတ်ခါ မြို့စွန်အရောက်
ဂိတ်ထရန်း ဟာထုံးစံအတ်ိုင်း ညာလက်ရုံးပြီပြီ
လှစ်လှစ်ခလေးသာဖြစ်သည်။ ကားရပ်၍ မြင်းခွာသံအား နားစွင့်မှီသည် ။
"hay stop"
"အသံကြား လား "
^^တုတ်ခလပ် တုတ်ခလပ် ^^
မြင်းတစ်ကောင်ထဲအသံမဟုတ် နေရာအနှံ့က ကြားနေရသောကြောင့် အသင့်အနေအထားပြင်လိုက်ကြသည်။
ကားပေါ်မှာပါလာသူများလည်း ဆင်းပြီး နီးစပ်ရာမှာနေရာယူလိုက်ကြစဥ် ။ မိုင်း ထကွဲ ပြီး ဝရုန်းသုံးကား
နေရာယူနေကြစဥ် နောက်ထပ် ပေါက်ကွဲသံများ အစပ်မပြတ်ကြားရပြီး မြင်းသုံးစီးနဲ့ ဝင်ရောက်ပစ်ခတ် ကြ ခါ ဂိတ်ထရန်းလည်ပင်ကို ကြိူးကွင်းစွပ်ခါ မြင်းနဲ့ တရွတ်တိူက်စွဲခေါ်သွားလေသည်။ထို့နောက် အားလုံးသေဆုံး၍ လက်နက်ခဲယမ်းများ ပါ သိမ်းဆည်းခံရသည့်အပြင် ဂိတ်ထရန်း
အလောင်း၌ စာကပ်ခါမြို့ ပြင်လမ်းပေါ်ပစ်ထားခဲ့သည်။ စာတွင် "next time" ဟု၍ သာပါသည်။
ထိုသတင်းသည် အဂ်လိပ် မျက်နှာဖြူတို့အဖို့ နားရွက် တံတွေးစွပ်သည့်သဖွယ် အလွန်ပင် အံတကြိတ်ကြိတ် ဖြစ်နေကြပေသည်။
အချိန်တခဏ အတွင်း ထမိသောကွင်းဆက်များနှင့်
သတ်ကွင်းများသည် အင်မတန်အချိတ်အဆက်မိနေကြပေသည်။
ထိုနေရာသို့ သခင်လေး အောင်ဆက် နှင့် အခြားဗိုလ်များ ရောက်ရှိလာပြီး ရွာနီးခြောက်စပ်တဝိုက် လူငယ်များကို ဖမ်းစီးအရေးယူစစ်ဆေးနေကြသည်။
တောတွင်းတစ်နေရာ၌ ရှိန်းမောင်နှင့်အတူ
သူရဲကောင်းတို့ အနားယူရင်း ခတ္တစခန်းချက်၍
ချက်ပြုတ် နေကြသည် ။ စမ်းချောင်း လေးအတွင်း
ရေချိုသူများလည်း ချိုး ကြ နားကြ ရင်း၊
"ဆရာ ရှိန်းမောင်း ဟိုနေ့ကရတဲ့လက်နက်တွေ ကိုအကုန်
ပြင်စရာရှိတာ ပြင်ပြီးပါပြီ ဘာဆက်လုပ်ရမလဲဗျ"
"အေး နောက်ဝင်တဲ့ရဲဘောတွေ ကိုတပ်ဆင်ပေးရမှာ ကွ"
"ဒါနဲ့ငါမနက် ဖြန် ရုပ်ဖျက်ပြီး မြို့ထဲ သတင်းယူစရာရှိတယ် "
"ဟုတ်ကဲ့ဆရာ ရှိန်း တို့ဆရာရှိန်းရဲ့အားသာချက်ကတော့ အဲ့ဒါပဲ အခုချိန်ထိ ဆရာရဲ့ ရုပ်အစစ်အမှန်ကို
နယ်ချဲ့တွေ မသိနိုင်သေးတာပဲဆရာ"
"အခုပဲကြည့်လေ အလိုရှိသည် ကြေငြာဆိုင်းဘုတ်မှာ
ဆရာရဲ့ ပုံတူမှာ ဆံပင်အရှည်နဲ့တစ်ပုံ ၊ အလယ်ခွဲနဲ့ ပုဆိုးနဲ့တစ်ပုံ တစ်ပုံက သွားခေါသေးတယ် ။ သူတို့အတိအကျမသိနိုင်သေးတာကိုက ဆရာရဲ့ ထူးခြားချက်ပဲ"
"အေးကွ ထူးခြားချက်ရယ်တော့လည်းမဟုတ်ပါဘူးကွာ
ဒီလိုကောက်ကျစ်တဲ့နယ်ချဲ့ တွေကို ပြောက်ကြားနဲ့တော်လှန်ဖို့အတွက်က လည်း အသွင်းအမျိုးမျိုးယူပြီး
ကို့အသက်မသေအောင် ကြံဖန်ရတော့ပေါ့ကွာ
ဒီကြားထဲ ကျွန်သဘောက်လောက်ကောင်တွေကလည်း
ရှိတော့ အမြဲ အတည်တကျရယ်လို့ မနေဖြစ်ပါဘူး
တစ်ခါတစ်လေ ကိုယ်ပုံစံကိုတောင်မေ့နေသေးတာကွာ"
"ဟုတ်ပါ့ဆရာရှိန်း ရေလေးစားပါတယ်"
"ဆရာရှိန်း ဆရာရှိန်း"
"ဟေ့ မောင်ကြီး လာခဲ့ကွာ မင်းရောက်လာပြီးပဲ"
"ဟုတ်ကဲ့ ဆရာရှိန်းရေ ဆရာဘသိုက် ပေးလိုက်တဲ့ စာနဲ့ပါဆယ်လာပို့တာပါ"
"အေးကွာ အခုပဲငါမျှော်နေတာ "
"ကဲ အားလုံးသတိဝရိယနဲ့နေကြ မနက်ဖြန်ငါ ခရီးဆက်ပြီ"
"ဟုတ်ကဲ့ပါ ဆရာ"
ဤသို့ဖြစ် ရှိန်းမောင် တစ်ယောက် မနက်ဝေလီဝေလင်း
စတင် ခရီးနှင်ခဲ့လေသည်။ စီးတော် မြင်းကြီးကလည်း
ထွားကြိူင်းသန်မာပြီး ခရီးလမ်းတစ်လျှောက်ဖြောင့်ဖြူးစွာ ရောက်လာခဲ့လေသည်။ ခရီး တစ်ဝက်ချိုးလောက်အရောက်တွင် မှိုင်း ပြပြ ရွာလေးများ ကိုမြင်နေရသည် တောင်စောင်းတစ်နေတွင် ခေတ္တနားက မြေပုံကိုထုတ်ကြည့်လေသည်။ မြေပုံအညွှန်းအရ တောင်လှိုင်းရွာကြီး ဖြစ်သည် ဆန်ရေးပါးပေါများပြီး တောင်သူဦးကြီးများ နေထိုင်သော ရွာကြီးဖြစ်ခဲ့သည် ယခုလို ကိုလိုနီလက်ထက်တွင် မည်သို့မည်ပုံအခြေနေရှိမှန်းတော့ မသိနိုင်ပါခြေ ထို့ကြောင့် အခြေအနေသိရမှသာ ရွာထဲကို ဖြတ်ဝင်သင့်သော ကြောင့် ရွာနီးကပ်ဖြေးဖြေးမှန်မှန် လာခဲ့ပါသည်။တောင်လှိုင်း ရွာဆိုသည့်အတိုင် တောင်တန်းတွေဟာလှိုင်းသဏ္ဍန် ဝန်းရံနေပါသည် ။တောင်ဆင်းတစ်ခု အနီး ညောင်ပင်အရိကြီး တစ်ခုတွင်
သောက်ရေအိုး နှင့် အတူ မြင်းကျွဲတို့အတွက် နေအိုင် တစ်ခုလည်းရှိပေသည်။ ထိုနေရာ၌ လူသုံးဦး နွားလှည်းတစ်စီးလဲ နားနေသည်ကိုမြင်တွေ့ရသောကြောင့် ဝင်နားခိုပြီး သတင်းစုံစမ်းရန် အခြေနေဖြစ်ပေါ်လာပါသည်။
"ဗျို့ နောင်ကြီးတို့ ရေအိုးထဲ ရေကျန်သေးလားဗျ"
"ရှိတယ်ဗျ အေးနေရောပဲ"
"အတော်ပဲဗျာ တစ်လမ်းလုံး ရေငပ်နေတာ"
ပြောပြောဆိုဆိုနဲ့မြင်းပေါ်ကခုန်ဆင်းပြီးရေအိုးစဥ်နားကပ်လာပါခါ ရေခပ်သောက်လိုက်ပြီး၊ သောက်နေစဥ်အတွင် ထိုလူသုံးဦးကို သေချာကြည့်လိုက်သည်။ပုံစံတွေကတော့ ခရီးသွားတွေဟန်ရှိသည် ။၆၀အရွယ်ဦးလေးကြီးတစ်ဦးနှင့် လူလတ်ပိုင်း၂ဦးဖြစ်သည် ရိုးသားပုံရပါသည်။ ထို့ကြောင့် ရှိန်းမောင်က စတင်မိတ်ဆက်လေသည်။
"နောင်ကြီးတို့ဦးလေးကြီးတို့က ဘယ်ကိုခရီးဆက်ကြမှာလဲဗျ"
"ကျုပ်တို့က အိုင်ကြီးရွာက ဆေးဆရာအိမ်ကို သွားမလို့ပါဗျ ဒီ တောင်လှိုင်း ရွာလယ်လမ်းကနေဖြတ် မှ လမ်းခရီးကကောင်းတာ လေ အဲ့တာ ဒီရွာကလည်း လွန်ခဲ့တဲ့တစ်လကျော်လောက်က ရွာသူကြီးကို ပုလိပ်တွေဖမ်းပြီး ချစ်တီးကုလားမိုဟာနား တို့အဖွဲ့က အလိုတော်ကြီးနဲ့ပေါင်းပြီး အုပ်ချုပ်နေတာဗျ"
"ဟ ဘယ်လိုကြီးလဲဗျ "
"ဟုတ်တယ် အဲ့ထက်ဆိုးတာက ရွာကဆန်စပါး လဲထောက်ပံ့ရသေးတယ် ပြီးတော့ ရွာမှာသူ့ဆုံးဖြတ်ချက်နဲ့ပဲသတ်တဲ့လူတွေလည်းမနည်းဘူးတဲ့ဗျ အဲ့တာကြောင့်
ဖြတ်ရမှာစဥ်းစားနေတာ"
"ဟာဗျာ ကြားရတာ လည်း အတော်ကိုစိတ်တိုစရာပဲဗျာ"
"ဟုတ်တယ်ဗျို့ သူ့တပည့်တွေလည်း ဓားကိုယ်စီနဲ့ ပြည်သူကိုအမြဲချိန်းခြောက်နေတာဗျ"
"သူတို့မှာဘာ လက်နက်တွေရှိလည်းဗျ "
"အဲ့လက်နက်ကတော့ သူကြီးကိုင်တဲ့နှစ်လုံးပြူးရယ် ကာဘိုင်တစ်လက်ရယ်ပဲ ကျန်တဲ့တပည့်တွေက ဓားတွေလှံတွေနဲ့ပေါ့"
"ဟုတ်ပြီဗျာ ရွာထဲဝင်ရင်သူတ်ို့နဲ့တန်းတွေ့နိုင်လား"
"သိပ်တွေ့နိုင်တာပေါ့အဝင်အထွက်မှ သူ့တပည့်တွေက ဂိတ်လုပ်ထားတာဗျ"
"ဟုတ်ကဲ့ ကျေးဇူးပါ ဗျာ"
"ဘာလဲ ဗျ မောင်ရင်က ဒီရွာကိုဝင်မလို့လား"
"ဟုတ်တယ်ဗျာ အစကတော့အကြောင်းမရှိပါဘူး ဒါမဲ့အခုလိုအခြေနေသိရတော့ ကျုပ်ကူညီတာရှိရင်ကူညီလို့ရအောင် ဝင်လိုက်အုံးမယ်ဗျာ"
"သတိတော့ထားမောင်ရင်ရေ"
ထိုသို့ဖြင့် မြင်းကိုမောင်းနှင်ကာထွက်ခွာသွားသည်။
ကျန်ရှိလူများည်းနွားလှည်းပြင်ဆင်ကာ အခြားလမ်းများကိုရွေးခြယ်သွားကြသည်။
"အဘ ထိုလူဟာ သူရဲကောင်း ရှိန်းမောင် များလား"
"ဟ ဖြစ်လဲဖြစ်နိုင်တယ် ဖြစ်လဲမဖြစ်နိုင်ဘူး"
"ဟုတ်တယ်လေကွာ သတင်းပဲစောင့်ကြည့်ရမှပေါ့
ရှိန်းမောင်ဆိုတာ ဘယ်လိုပုံစံဆိုတာမှမသိနိုင်တာ"
ဆရာရှိန်းမောင်တစ်ယောက် အစီစဥ်ဆွဲပြီး ညနေပိုင်းလောက်မှာပဲ ကုလားတစ်ယောက်ဟန်ဆောင် ကာ ရွာထဲသိုဝင်လာခဲ့သည်။
"ဟေ့ လူ ရပ် " "ခင်ဗျာဘယ်ကလာတာလဲ ဒီကိုဘာလာလုပ်တာလဲ"
" အာတေ ကုလားနော် ကုန်ကျွေးရစရာရှိတဲ့ ရွာတွေကိုလာတောင်းတယ် မိုးချုပ်ခါနီး ဒီရွာနားမှာ မျက်စီလည်နေလို့ တစ်ညလောက်ခိုနားချင်လို့ အသပြားတွေပါတော့ စိတ်မချရလို့နော်"
"အေး ဟုတ်ပြီ ခနစောင့်အုံး ငါတို့ဆရာကြီးကိုခွင့်သွားတောင်းပေးမယ် ခွင့်ပြုချက်ရရင်ဝင်ခွင့်ရမယ်"
"အာဒေ ကုလား ရတယ်နော် အေးဆေးစောင့်မယ်နော် ကုလားကိုယ်တိုင်လိုက်ပြောဆိုလဲ ပြောမယ်နော်"
"အေးပါ စကားမများနဲ့ စောင့်စရာရှိစောင့်နေ"
"ဟုတ် ဟုတ်ကဲ့"
ခနအကြာတွင် သူ့လက်ထောက်တပည့်များရောက်ရှိလာပြီး ရှိန်းမောင် ကို ရွာထဲဝင်ရောက်တည်းခိုခွင့်ပြုလိုက်ကြသည်။ ထို့နောက် တည်းခိုအိပ်စက်ရန် အိမ်တစ်အိမ်အားလိုက်ပို့ပေးသည်။
"ကဲ ဒီမှာနားလိုက် ညပိုင်းရောက်မှ ငါတို့ဆရာမင်းကိုလာကြည့်လိမ့်မယ်"
"ဟုတ် ဟုတ်ကဲပါဂျာ ကုလားနော် တကယ် ကျေးဇူးတင်ပါတယ်"
ဆရာရှိန်းမောင်ဟာ ချစ်တီးကုလားတစ်ယောက်အသွင် ဟန်မပျက်နေထိုင်နေပါသည်။ညဦးပိုင်ရောက်သော်လည်းမလာသေးသောကြောင့် ပါလာသည်ရိက္ခာခြောက်များ စားသုံးပြီး ခတ္တမျှ လှည်းလျောင်အနားယူနေစဥ် မှေးခနဲ အိပ်ပျော်ခါနီးလေးမှာပဲ။ အိမ်ရှေ့လမ်းက လူအများစကားပြောသံများ သဲ့သဲ့ကြားသောကြောင့် ဆက်ခနဲ မျက်စီဖွင့် နားစွင့်နေမိသည်။
"ကဲ ဟေ့ကောင်တွေ ဟိုဧည့်သည် ဘယ်မှာလဲ "
"အခုလေးတင်ထမင်းစားပြီးလို့ အပေါ်ထက်မှာ အိပ်လို့ပါဆရာ"
"ဒါနဲ့ အဲ့ဒီလူက ရွာထဲကိုဘယ်လမ်းကနေဝင်ခဲ့တာလဲဟ"
"ဟုတ်ကဲ့ ဆရာမိုဟားနား ဧည့်သည်ကို ရွာ အနောက်ဘက်ထိပ်မှာတွေ့ခဲ့တာပါ"
"ဟ ဟေ့ကောင်ရ အနောက်ဘက်ကနေဆိုရင် မြို့ကလာတာမဖြစ်နိုင်ဘူးလေ မဟာမြိုင်တော့ဘက်ကပဲလာတာဖြစ်မယ် အဲ့ဘက်မှာလည်း ငါတို့လူမျိုးတွေမရှိဘူးဟ
ရှုပ်ပါတယ်ကွာ အခုတက်ခေါ်လာခဲ့"
ထိုသို့ဖြင့် ချစ်တီးကုလား မိုဟားနားက သူ၏တပည့်၃ယောက်ကို အပေါ်တက်ခေါ်ခိုင်းပြီး တစ်ခါထဲသတ်ပြစ်ရန် ပါးစပ်ကမပြောပဲ လက်ဖြင့်အချက်ပြပေးလိုက်သည်။သူ၏တပည့်ကျော်သုံးယောက်လည်း အပေါ်တက်၍ အခန်းထဲစောင့်ကန်ဝင်ရောက်ခါ ကုတင်ပေါ်တွေ စောင်ခေါင်းမြှီးခြုံထားသည်ကို မြင်မြင်ခြင်း
ဓားများဖြင့် ဝိုင်းဝန်းက အလျင်အမြန်ခုတ်ပိုင်းလိုက်ကြသည်။သို့သော် ခေါင်းအုံးများသာဖြစ်နေပြီး အထဲမှဝါဂွမ်းများဖွာထွက်ကျလာခဲ့သည်။လူ၃ယောက် အံအားသင့်၍ တစ်ယောက်မျက်မှာတစ်ယောက်ကြည့်နေစဥ်မှာပဲ ခေါင်မိုးထပ်ခိုးပေါ်မှ ဆရာရှိန်းမောင် ဝုန်းကနဲ ကျလာပြီး ဓားဖြင့် ၉၀ဒီဂရီအဝိုင်းပတ်လိုက်ပြီး အားလုံး၏ ဆခါင်းများ ပြုတ်ကျထွက်သွားခဲ့လေသည် ။ထိုသို့ဆူညံသံများအတွင်း မိုဟားနား နှင့်နောက်လိုက်များက အပေါ်ထပ်သို့ရောက်လာကြပြီး ။
"ဟေ့ကောင်တွေ တံခါးဖွင့်စမ်း ဒီသူတောင်းစားကို သတ်တာ တောင် ကြာလှချည်လားဟ"
"အဲ့ကောင့် အလောင်းထုတ်ခဲ့တော့ကွာ"
မိုဟားနားတစ်ယောက် အခန်းရှေ့ အော်ဟစ်ကျုံးဝါးနေစဥ်အချိန်မှာပဲ အခန်းထဲက ရှိန်းမောင်းတစ်ယောက် ဂျွန်းထိုးထွက်လာပြီး မိုဟားနား၏ ပါးစပ်ဝ အတွင်း ခြောက်လုံးပြူးသေနတ်ပြောင်းဝ ထိုးထည့်လိုက်ပေတော့သည်။ အားလုံးမှင်သတ် လန့်ဖြတ်နေပြီး ဘယ်သူမှ ရှေ့ဆက်မတိုးရဲဝန့်ပဲနေချိန်တွင်
"ဒိန်း " ပစ်ထည့်လိုက်ပြီး သွေးများဖျက်ထွက်ရေ ဘဝတစ်ပါးကူးပြောင်းသွားလေချိန်မှာပဲ ရှိန်းမောင် တစ်ယောက်ဟာ ပြတင်းပေါက်ဘောင်တန်းမှ ခုန်ဆင်းသွားပြီ လက်ပစ်ဗုံး တစ်လုံးအိမ်ထဲပြစ်ချထားခဲ့လေသည် ။
မိုဟားနား၏ နောက်လမုက်တပည့်များ အံသြမှင်သတ်နေချိန် သတ်ိဝင်၍ ပြေးလွှာခုန်ချကြသော်လည်း အချိန်မှာ မမှီတော့ချေ လောက်ကောင်အပေါင်းတို့ နေဝင်သွားခဲ့လေပြီဖြစ်သည်။မနက်ခင်းမိုးသောက်ချိန်တွင် ရွာသူရွာသားများ ပြုံးပန်းတသာလာရောက်နှုတ်ဆက်ကြပြီး ဝမ်းမြောက်ဝမ်းသာဖြစ် ဂုဏ်ယူနေကြပါသည်
ရှိန်မောင်း တစ်ယောက်လည်း ဘသိုက် ၊ နဲ့တွေ့ဆုံရန် မြို့သို့ ရုပ်ဖျက်ရမည်ဖြစ်၍ ယခုသေဆုံးသူ ချစ်တီးမိုဟားနား အမည်ဖြင့်ဟန်ဆောင်ကာ မြို့သို့ သွားလေသည်။တောင်လှိုင်းရွာသူရွာသားများလည်း မြို့သွားရာလမ်းကိုလိုအပ်တာများကူညီလိုက်ပို့ရင်း ဆရာရှိန်းမောင်
ကျန်းမာပါစေ အောင်မြင်ပါစေဟုကျူံးဝါးဆုခြွေ ကျန်ရစ်ခဲ့ကြသည်။ထိုသို့ဖြင့်မြင်းကိုအတော်အတန်ကြာမောင်းနှင်ပြီး ဆိပ်ကမ်းတစ်ခုသို့ရောက်ရှိလာခဲ့လေသည်။အစီစဥ်ဆွဲထားသည့်အတိုင်း သူတောင်းစားဟန်ဆောင်ပြီး စောင့်နေမယ့် သူရဲကောင်း မိုးစက်ပိုင်
အား ရှာရန်ကြည့်လိုက်သည်။ သို့သော် ဆိပ်ကမ်းအနီးတွင် သူတောင်းစား၃/၄ယောက်ခန့်ရှိနေသည်။အနီးနားကိုသုတောင်းစားတစ်ယောက် ခွက်ခေါက်ပြီးရောက်လာသောကြောင့် ရှိန်းမောင်တစ်ယောက် စကားဝှက်လှမ်းမေးလိုက်လေသည်။
"ဟေ့ ဘာတောင်းဆိုချင်လဲကွာ"
"ထမင်းဖိုးလေးပေး ပါဆရာကြီး
မိုးစက်ပိုင် မဟုတ်မှန်းသိလိုက်လေပြီ။အင်းနောက်တစ်ယောက်ထံချဥ်းကပ်သွားပြီး ထပ်မေးလိုက်သည်။
"ဟေ့ဘာတောင်းဆိုချင်လဲကွ"
"တိုင်းပြည်နဲ့လူမျိုးအတွက်စိတ်ဓာတ်လေးကောင်းပေးပါဗျာ"
"အို တွေ့မှတွေ့ပါမလားလို့ သူငယ်ချင်းရာ လိုတာထပ်ကိုပေစုပ်နေပါ့လား"
"မင်းက အချိန်မှီရောက်မလာတော့ ငါ့မှာကွာ လိုတာထပ်ပိုတောင်းစားနေရတယ် သူတောင်းစာအစစ်ထက်ကိုပေစုပ်နေရောဟေ့"
"ဟားဟားဟားဟား"
"ငါလည်းလမ်းကြုံ ပြဿနာလေးတွေဖြေရှင်းနေရလို့ကွာ နောက်မှပြောပြမယ် အခုဆိပ်ကမ်းအခြေနေဘယ်လိုရှိလဲ "
"အခြေနေကတော့ ခနနေ ဇတ်ပေါ်အတက်မှာ ပုလိတ်တွေစစ်လိမ့်မယ် ပြီးရင်ဟိုဘက်ကမ်းမှာ တော့ အစစ်ဆေးပိုကြပ်လိမ့်မယ်"
ဒီလိုနဲ့ဇတ်ပေါ်ရောက်လာတဲ့အခါမှာတော့ ထုံးစံအတိုင်း
ပုလိပ်တို့စစ်ဆေးကြပါတယ်။ ရှိန်းမောင်ကိုတော့ တောင်လှိုင်းရွာက ချစ်တီး မိုဟားနာ ဆိုပြီး သိပ်မစစ်ကြပါဘူး၊မိုးစက်ပိုင် ကိုတော့ ပေစုပ်နေတဲ့သူတောင်းစားဆိုပြီးဇတ်ပေါ်ပေးမတင်ပါဘူး။ထိုအချိန် မိုဟားနာ
စတိုင်လ်နဲ့ ရှိန်းမောင်ဟာ အဂ်လိပ်တို့ကိုခွင့်တောင်းပြီး သူခိုင်းဖို့အတွက်ခေါ်ပါရစေဆိုကာ ခေါ်နိုင်ခဲ့ပါတယ်။
ဧရာဝတီဟာအရင်တိုင်းလှပနေသော်လည်းဘသူ့ကျွန်ဘဝ လက်အောက်မှာမို့ မှေးမှိန်နေဟန်ရှိပါသည်။ ကိုယ်ထီးကိုယ့်နန်း စံမြန်းခဲ့တဲ့ မြန်မာအမွေအနှစ်တို့သည် နယ်ချဲ့တိုင်းတစ်ပါးလက်ထဲ မဆုံးရှုံးစေရန် ဒီထက်ပို ပေးဆပ်ရမည်ဟု ရှိန်းမောင်တစ်ယောက်တွေးတောထင်မိနေပါသည်။အချိန်နေ့တစ်ပိုင်းအကြာတွင် မြို့ဆိပ်ကမ်း သို့ရောက်ရှိလာခဲ့ပါသည်။ သာမာန်ထက်ပို၍ အစစ်အဆေးများ ပိုရှိနေလေသည်။ ထိုစဥ် ပုလိပ် စစ်သားတစ်ယောက် ရောက်လာကာ
"ဆရာမိုဟာနား ကျွနုပ်တို့ နယ်ပိုင် ဗိုလ်ဂျွန်ပီတာ က
ထုံးစံအတိုင်း တရုတ်ကြီးဦးပေါ်စံ ခေါက်ဆွဲဆိုင်ကိုလာခဲ့ပါတယ်"
"အာတေ လာခဲ့မယ်လို့ပြောလိုက်ပါ ဆရာ ကုလားနော်
ဗိုက်နည်းနည်းမကောင်းဖြစ်လာလို့ အိမ်သာသွားလိုက်အုံးမယ် ကိစ္စပြီးရင် အမြန်လာခဲ့မယ်နော်လို့ ဗိုလ်ကြီးကိုမှာလိူက်နော်"
ဂျွန်ပီတာဆိုသော ဗိုလ် ကုလားမိုဟားနာနှင့် ရင်းနှီးပုံရသည် သူနဲ့တွေ့လျင်အလိမ်များပေါ်သွားမည်စိုးရိမ်ရပေသည်ထို့ကြောင့် ကျန်ဖန်ရှောင်ထွက်လာခဲ့ရလေသည်။
မြို့ပေါ်သို့ ရောက်သော ဘသိုက်သည် အောင်သီဟ အမည်ဖြင့် Gasဖြည့်လုပ်ငန်းလုပ်ကိုင်နေပေသည်။
ထိုကြောင့်သတင်းအစုံကိုသူက အမြဲပြောပြပေးနေသော ဗမာ လူငယ်နယ်ချဲ့တော်လှန်ရေးသမားတစ်ယောက်လည်းဖြစ်ပေသည်။ညပိုင်း လူချိန်တိတ်
၁ချက်တီး ခန့်တွင် ရှိန်းမောင်၊မိုးဆက်ပိုင်၊ ဘသိုက် တို့
သုံးဦး အခန်းတံခါးပိတ်၍ တီးတိုး အစီစဥ်ဆွဲနေကြပေသည်။ကနဦးစွာ ဘသိုက် ၏ညီမသည် ဆရာဝန် အားလံ
၏တပည့် သူနာပြုမဆလး မမျိုးမျိုးသိမ်း ဖြစ်ပေသည်။လူတွေဖျားနာခြင်း ထိခိုက်အနာတရဖြစ်ခြင်းများတွင်သာမက တိရိစ္ဆာန်များဖျားနာလျင်ပင် သူမ
ကိုပင်အိမ်ခေါ်ပြသကြလေ့ရှိသည်။ ယခုအခါမှာ
မမျိုးမျိုးသိမ်းကို အဂ်လိပ်ဗိုလ် ဂိုလ်မာဝီလျှံ ၏နေအိမ်
တွင်မွေးမြူထားသော ခွေးကြီးများ အစာမစားနိုင်အောင်ဖျားနေသောကြောင့် အိမ်ခေါ်ပြသရန် ဖိတ်ကြားထားခြင်းဖြစ်သည်။ထိုသို့ဖိတ်ကြားခြင်းကြောင့် ဂိုလ်မာဝီလျှံ၏အိမ် တော်အတွင်းဝင်ခွင့်ရလျင် ရှိန်းမောင်တို့အတွက်အခွင့်အရေးတစ်ခုပင်ဖြစ်ပေသည်။
"ကဲ ရှိန်းမောင်ရေ အခြေနေကတော့ အဲ့လိုပဲ မနက်ဖြန် ငါ့ညီမ အဲ့ဒီအိမ်ကိုဝင်ခွင့်ရမယ် ငါတို့ဘယ်လို လိုက်ကြမလဲ"
"ဒီလို လုပ်ဗျာ ကျူပ်က သူနာပြုအကူ အလုပ်သပ်အနေနဲ့ ရော နောက်ပြီးခွေးတွေ ထိန်းပေးဖို့ကော ဆိုပြီး
ပုံစံတစ်မျိုးနဲ့ အသွင်ယူပြီး မမျ်ူးမျိုးသိမ်းရဲ့ တပည့်အနေနဲ့လိုက်ခဲ့မယ်"
"မိုးဆက်ပိုင်က ညာလက်ကဒဏ်ရာ ကြောင့်လက်မသန်တာက တစ်ကြောင်း နောက်ပြီး သူ့အကိုနဲ့ရုပ်ချင်ဆင်တော့ ရိပ်မိနိုင်တာကြောင့် ရုပ်ဖျက်ပြီး မြင်းရထားသမား ပုံစံနဲ့လိုက်ခဲ့"
"အေး ငါကရော ငါလည်းလိုက်ချင်တယ်လေကွ"
"ကိုဘသိုက်ရာ ကျုပ်တို့က အခုတစ်ခါထဲ လုပ်ကြံဖို့မဟုတ်သေးဘူးလေ အခုမှအခြေအနေအရပ်ရပ်ကိုလေ့လာပြီး ညပိုင်းရောက်မှသာ အစီစဥ်ပြန်ဆွဲရမှာဗျ
အဲ့ကျ ခင်ဗျာပါရမှာပါ သူတို့ရဲ့ သေမင်းတမာန်ည တွေကိုရောက်မှာ ဒီကောင်တွေအသေကြောက်ကြတာဗျ"
"ဟား ဟား ဟား ဟား"
ထိုသို့ဖြစ် မိုးသောက်အာရုံလင်းကာ မျိုးမျိုးသိမ်း နှင့်အတူ မြင်းရထားလုံးစီးကာ ဂိုလ်မာဝီလျှံ အိမ်တော်သိုအရောက်လာကြလေသည်။
"ဟေ့ ရပ်"
"မင်းတို့ဘယ်ကလဲ"
"ကျွန်မတို့ ကသူနာပြုတွေပါ ဒီက ခွေးလေးတွေကို ဆေးကုဖို့ ဖိတ်ခေါ်ထားလို့ပါ"
"အေး မနက်ကတော့ဆရာမှာထားတယ် မင်းတို့ ၂ယောက်ပဲအိမ်တော်ထဲဝင်ခွင့်ရှိမယ် ဝင်ခဲ့ကြ"
"ဟုတ်ကဲ့ပါ့ ရှင့်
ကဲမောင်ရင် ဆင်း"
"ဟူတ် မမလေး "
ရှိန်းမောင်ဟာ မျိုးမျိုးသိမ်း၏ တပည့်ဟန်ဆောင်က
အိမ်တော်အတွင်းသို့ရောက်လာခဲ့ပြီး ခြံတစ်အတွင်း အကဲခတ်ပြီး၊ ဧည့်ခန်းအတွင်းသို့ ဝင်ထိုင်ခဲ့ရည်။
ခြံအပေါက်ဝမှာ တပ်သားနှစ်ယောက်စောင့်သည်။
အိမ်အပေါက်ဝ မှာ၃ယောက် စောင့်ပြီး ။ အိမ်အကူနှစ်ယောက်လည်းရှိပေသည်။ အပေါ်ထပ် မှာ မှန်ဘီလူးဖြင့် ပတ်ကြည့်နေသည့် နှစ်ယောက်ရှိသေးသည်။ ခြံအနောက်ဘက်မှာတော့ ခြံပြင်းက ညောင်ပင်ကြီးနဲ့ အုပ်နံရံတို့ကပ်နေပြီး ညောင်ပင်အရိပ်များ အကိုင်းအခပ်များနှင့်နွယ်တို့သည် ခြံထဲ ကျလျက်ရှိသည်။ထိုညောင်ပင်အရိပ်အောက်တွင် တဲတစ်ခုရှိပြီး အဂ်လိပ်တပ်သား၃ယောက်ခန့် ရှိမယ်ထင်ရသည်။
ထိုနောက် ဧည့်ခန်းအတွင် ချိတ်ထားသော ပုံများကို ကြည့်မိရာ ရှိန်မောင်း တစ်ယောက် မယုံကြည်နိုင်လောက်သော အတွေးများနှင့်ပင် ထပ်ခါထပ်ခါကြည့်မိနေတော့သည်။အတွေးများစွာဖြင့်
"ဟာ ဘာတွေလဲ ဘယ်လိုဖြစ်ရတာလဲ ပုံထဲက အဂ်လိပ်ဗိုလ်ရဲ့ အမျိုးသမီးဟာ နွယ့်ပုံဖြစ်နေတာလဲ နွယ်
ဒီလောက်အချိန်ကာလတစ်ခုမှ ဘာလို့ပြောင်းလဲသွားနိုင်တာလဲ"
ရှိန်းမောင်အတွေးလွန်နေစဥ် မမျိုးမျိုးသိမ်းက
"ဟဲ့ကောင်လေး ဟဲ"
"ဗျာ မမလေး ဟုတ်"
"အော် ငေးလိုက်တာဟယ် လာ ဟိုနေမှာ ခွေးခြံက "
ရှိန်းမောင်တစ်ယောက်အတွေးများစွာကြောင့် ဧည့်ခန်းထဲမှာထိုင်နေစဥ်က အတွင်းဘာမှမသိလောက်အောင်ပင်မှင်သတ်ခဲ့ပေသည်။ အကြောင်းမှာလည်း သူ၏ ငယ်ချစ်ဦး လှနွယ်နီခိုင် ကြောင့်ပင်ဖြစ်ပေသည်။ ကံတရား၏ဆန်းကျယ်မှုလမသိ ရန်သူ၏ဇနီး အဖြစ်ပြန်တွေ့ရသော အချစ်ဦး ကို ရှိန်းမောင် တစ်ယောက်အတွက်တော့ ရင်နာစရားလား ရင်နင့်စရားအလား မကွဲပြားခဲ့ပေ။
ရှိန်းမောင်တို့ အစီစဥ်တိုင်း ဖျားနေသောခွေးများနှင့် အခြားခွေးများလည်းအဖျား မကူရန်ရွယ်သည်ဟုဆိုကာ ညတွင်အစားထဲထည့်ကျွေးရမည့် အိပ်ဆေးများကို
အဖျားပျောက်ဆေးများအဖြစ်မှာကြားပေးအပ်ခဲ့ပြီး ပြန်လာခဲ့ကြပေသည်။ ဒီည လှုပ်ရှားမှူဟာ လိုအပ်လျင်တိုက်မိုက်များဖြင့် ဖောက်ခွဲရမည် အခြေနေပင်ဖြစ်သောကြောင့် စစ်များကြား အချစ်များ ကိုအပြစ်သားနဲ့အတူ ရောနောအဆုံးသတ်စေနိုင်ပေသည်။ထို့ကြောင့် ရှိန်းမောင်တစ်ယောက်သောကအနည်းငယ်ရောက်နေမိသည်။လှနွယ်နီခိုင်နှင့် ရှိန်းမောင်တို့သည် ငယ်ချစ်ဦးများဖြစ်သည့်အလျောက် တစ်ယောက်ပေါ်တစ်ယောက်နားလည်ခွင့်လွှတ်စွာ ချစ်ခဲ့ကြပေသည်။
မြကျွန်းသားအင်းယားလမ်းတစ်လျှောက် အချစ်ပုံရိပ်များ နှင့် အမှတ်တရများစွာဟာ တိမ်ပန်ချီရုပ်ပုံကားချပ်အလား ပြန်လည်မြင်ယောင်တမ်းတနေမိပေသည်။တော်လှန်ရေးကာလ အရှိန်းမြင့်တင်လာပီးနောက်ပိုင်း ရှိန်းမောင်တစ်ယောက် နယ်ပြန်ကာ တော်လှန်ပုံကန်ခဲ့သည်အချိန်နှစ်အနည်းငယ်အဆက်အသွယ်ပျက်တောက်သွားခဲ့ ပြီးတွင် အခလိုမထင်ထားလောက်အောင်ပင် ပြန်တွေ့ရသည့် အခြေအနေပင်ဖြစ်ပေသည်။
Keep Reading