Author's Profile Photo

Aung Kyaw Soe

19/11/2024

လေလွင့်တိမ်

1 min read
Parenting & Family



ထမင်းဝိုင်းမှာစကားပြောရင် အမေကသိပ်မကြိုက်ဘူးရယ်
အဖေကတော့ မိသားစုအစုံဆုံးအချိန်လေးက ဒီအချိန်လေးမို့စကားပြောတာက်ို တားလေးမရှိဘူးတဲ့လေ
တစ်ခါတလေ အမေ့က်ိုတောင် ကလေးတွေပြောပါစေလို့ကိုယ်တွေဘက်ကကူပြောပေးသတဲ့
အဖေမရှိတော့တဲ့နောက်ပိုင်း ကိုယ်တွေနည်းနည်းကြီးလာတော့ စကားပြောတာကို အမေမတားတော့ပါ
အသက်အရွယ်လေးတစ်ခုရလာတော့...
အိမ်နဲ့ဝေးတော့ပေါ့လေ...
မိသားစုထမင်းဝိုင်းဆိုတာလေးကိုလွမ်းမိသား

အငယ်လေးတွေကလည်း ကျောင်းမှာဖြင့်ဘယ်လို ဘယ်သူနဲ့ကတော့ဘယ်လို ဘယ်စာကဖြင့်ဘယ်လိုနဲ့ ကလေးသဘာဝရင်ဖွင့်ကြ တိုင်ကြနဲ့ပေါ့
ကိုယ်တွေကလည်း အမေရေ လောကကြီးက ဘယ်လိုပါပေါ့
လူတွေက အင်မတန်နားလည်ရခက်တာပဲအမေ စသဖြင့် အမေ့ကို ရင်ဖွင့်ပေါ့

အခုတော့ဖြင့် ဒီထမင်းဝိုင်းလေးကို အမေလွမ်းနေလောက်ရဲ့
ဒီတစ်ခါများ အိမ်ပြန်ရောက်ရင် အမေ့ဘေးမှာ စကားတွေဖောင်ဖွဲ့ဦးမယ် အမေရေ

ပါပီယွန်ပြောသလို အမေကတော့ ဒီသားလေး ဘယ်ချိန်ငါ့ဆီကထပ်ထွက်သွားဦးမလဲ ဆိုတာတွေးရင်း ဝမ်းနည်းခြင်းတစ်ဝက်နဲ့ ကိုယ်ပြောသမျှ ကျေကျေနပ်နပ်နားထောင်ရှာမှာပဲ
လန်ဒန်ဆစ်ကလက်လေးတော့ အမေ့ရှေ့ဖွာမရဘူးပေါ့လေ

#အောင်ကျော်စိုး

Keep Reading

ကလေးတွေကို အိပ်ရာဝင်ပုံပြင်ပြောတဲ့ ဓလေ့ကမ္ဘာပေါ်က အကောင်းဆုံးနဲ့ အချိုမြိန်ဆုံးလက်ရာစံသတ်မှတ်ချက်တွေကအချစ်ပေါ့စေသလား?"ကျွန်တော်သာ မိဘနေရာရောက်ခဲ့ရင်"Relationship ရှိသူများအတွက် သတိပြုစရာ။မိဘမဲ့မနှိုင်းယှဥ်ပါနဲ့ အတုယူတတ်ပါစေအချောမသပ်ရသေးတဲ့ ချည်စောင်လေးတစ်ထည် (ဝတ္ထုတို)"ကြောက်ရွံခြင်း ဒီဂရီ။"မပိုင်ဆိုင်ရခြင်းဟာ ပိုလွတ်လပ်ပါတယ်