Author's Profile Photo

မိုးကျော်ဇင်

12/03/2025

ကလေးတွေကို အိပ်ရာဝင်ပုံပြင်ပြောတဲ့ ဓလေ့

4 mins read
Education
Culture
Parenting & Family

ကလေးတွေကို အိပ်ယာဝင်ပုံပြင်ပြောတဲ့ဓလေ့
-------
မိုးကျော်ဇင်
ကျွန်တော် ဇနီးနဲ့ ဖုန်းပြောရတိုင်း သူပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ ဒီည သမီးကို ပုံပြင်ပြောရသေးတယ်တဲ့။ အဲဒီစကားကို ကြားရတိုင်း ကျွန်တော်က ဒီတစ်ဘက် ကနေ အောင်နိုင်သူတစ်ယောက်လို ပြုံးနေမိတာပါပဲ။ ကလေးတစ်ယောက် အိပ်ယာဝင်ခါနီး ပုံပြင် ပြောခိုင်းတာလေးက ဖခင်တစ်ယောက်ကို ဘယ်လိုနည်းနဲ့များ အောင်နိုင်သူတစ်ယောက် ဖြစ်သွား စေပါလိမ့်လို့ မိတ်ဆွေတို့ တွေးကောင်းတွေးမိကြမှာပါ။
ဟုတ်ပါတယ်။ အသက် ၅ နှစ်ခွဲအရွယ် သမီးလေး ညအိပ်ယာဝင်ခါနီးတိုင်း ပုံပြင်ပြောပြဖို့ တောင်းဆိုနေတာဟာ ကျွန်တော့်အတွက် အောင်မြင်မှုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတောင်းဆိုမှု တွေရဲ့ နောက်မှာ မလွယ်ကူတဲ့ ဇာတ်လမ်းကလေးတွေ ရှိနေခဲ့လို့ဖြစ်ပါတယ်။
ဒီနေ့လို တီဗီ၊ တက်ဘလက်၊ မိုဘိုင်းဖုန်း စတဲ့ ဒီဂျစ်တယ်ဖျော်ဖြေရေးတွေ ပြည့်နှက်နေချိန် မှာ ဒီပစ္စည်းတွေကြား မွေးဖွားလာတဲ့ ကလေးငယ်တစ်ယောက်ကို အိပ်ယာဝင်ခါနီးတိုင်း ပုံပြင်တွေ နားထောင်ချင်လာအောင် ဆွဲဆောင်စည်းရုံးရတာဟာ အင်မတန် ခက်ခဲခဲ့ပါတယ်။ ရေဒီယိုလေး တစ်လုံး ကြောင်အိမ်လေးပေါ် တင်ထားရုံနဲ့ ခေတ်မီလှပြီထင်နေခဲ့တဲ့ ကျွန်တော်တို့ ကလေးဘဝနဲ့ ဒီနေ့ သူတို့ရဲ့ ကလေးဘဝဟာ နေ့နဲ့ညလို ကွာခြားပါတယ်။
ကျွန်တော်တို့ ကလေးဘဝက ပုံပြင်နားထောင်တယ်ဆိုတာ ထူးခြားတဲ့ အချိန်တစ်ခုပါပဲ။ ဘယ်လိုအကြောင်းပြချက်နဲ့မှ မငြင်းဆန်နိုင်ခဲ့တဲ့ ဆွဲဆောင်မှုတစ်မျိုးပဲ ဆိုပါတော့။ ပုံပြင်ဆိုတာ လူသားတွေရဲ့ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ အစဉ်အလာ အမွေ တစ်ခု။ ဒီပုံပြင်တွေဟာ သင်ခန်းစာတွေ ပေးချင်လည်း ပေးမယ်၊ ရယ်မောစရာတွေလည်း ဖြစ်ချင် ဖြစ်မယ်၊ လွမ်းမောစရာတွေလည်း ပါချင်ပါမယ်။ တူညီတာကတော့ ကျွန်တော်တို့အတွက် ပြင်ပ ကမ္ဘာထဲက ကျွန်တော်တို့ နောင်တစ်ချိန် တွေ့ကြရမယ့် ဇာတ်ကောင်တွေနဲ့ ကြိုတင်တွေ့ထားရသလို မျိုး ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ကလေးဘဝမှာ ပုံပြင်ပြောတဲ့သူ ၃ ယောက်ရှိပါတယ်။ ဖေဖေ၊ မေမေနဲ့ အမေကြီးတို့ပါပဲ။
ညနေခင်း ထမင်စားပြီးပြီဆို ကျွန်တော်တို့မိသားစု အိမ်ရှေ့မှာ ခဏ အချိန်ဖြုန်းကြတယ်။ အဲဒီခဏဆိုတာက နာရီအနည်းငယ်ကြာတဲ့ ခဏပါ။သင်ဖြူးဖျာလေးခင်းပြီး ကျောဆန့်တဲ့လူက ဆန့်ပေါ့။ ကျွန်တော်တို့က ဖေဖေနဲ့ မေမေကို နင်းပေးကြ၊ နှိပ်ပေးကြတယ်။ တကယ်တော့ အဲဒီအ ချိန်ဟာ ကျွန်တော်တို့ရဲ့ ပုံပြင်နားထောင်ချိန်ပါပဲ။ ပုံပြင်ပြောသူဟာ ဖေဖေလည်း ဖြစ်ချင်ဖြစ်မယ်၊ မေမေလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ မေမေက ဖေဖေ့ထက် ပုံပြင်တွေ ပိုများများပြောတတ်တယ် လို့ မှတ်မိနေပါတယ်။ ဖေဖေက မေမေ့လောက် ပုံပြင်အပြောမများပေမဲ့ ဖေဖေပြောတဲ့ ပုံပြင်တွေက ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ရွှေယုန်နဲ့ ရွှေကျားလို ပုံပြင်တွေပေါ့။ ဒေဝေါလာပြီဆိုတဲ့ ပုံ ပြင်မျိုးတွေပေါ့။
နောက်ထပ် ပုံပြင်ပြောသူ အမေကြီးဆိုတာ မေမေရဲ့ အမေ၊ ကျွန်တော်တို့ အဘွားဖြစ်ပေမဲ့ ကျွန်တော်တို့ကတော့ အမေကြီးလို့ပဲ ခေါ်ကြတာ။ ကျွန်တော်တို့လူမှန်း စသိတတ်တော့ အမေကြီး ဆိုတာ ဆံပင်တွေ တစ်ခေါင်းလုံး ဖွေးနေပြီ။ ကျွန်တော်တို့မြို့ အရှေ့ဘက်မှာရှိတဲ့ ကရင်ရွာတစ်ရွာ ဟာ အမေကြီးရဲ့ ဇာတိဖြစ်ပြီး အမေကြီးကလည်း ကရင်သွေးတစ်ဝက် ပါပါတယ်။ အမေကြီးမှာ အလုပ်ရယ်လို့ မည်မည်ရရ လုပ်ရတယ်မရှိပါဘူး။ မနက်လင်းတာနဲ့ သမီးတွေပြင်ပေးတဲ့ ရေနွေး ကြမ်းအိုးနဲ့ သတ္ထုကွမ်းအပ်လေးချပြီး အိမ်ရှေ့တန်းလျား ထွက်ထိုင်နေတာပဲ။ လမ်းက ဖြတ်သွား သမျှ လှမ်းအော်ခေါ်တယ်။ ပြီးတော့ ဒိုင်ခံ ဧည့်ခံတော့တာပဲ။ အမေကြီးက စကားလည်း အပြော ကောင်းတယ်။ အဲဒီအမေကြီးကပဲ ကျွန်တော်တို့ကလေးဘဝကို ပုံပြင်ပေါင်းများစွာ ပေးအပ်ခဲ့သူ ဖြစ်ပါတယ်။
များသောအားဖြင့် အမေကြီး ပုံပြင်ပြောချိန်တွေက ညအချိန်တွေမှာပဲ။ ကျွန်တော်တို့က လသာတဲ့ညတွေဆို ခြံစည်းရိုးခတ်မထားတဲ့ ခေါင်းရင်းက အမေကြီးအိမ်ကို သွားတတ်ကြတယ်။ ပြီးရင် ကွမ်းအစ်ကလေးချပြီး ကွမ်းတစ်မြုံ့မြုံ့ဝါးနေတဲ့ အမေကြီးကို ပုံပြင်ပြောခိုင်းတော့တာပဲ။ အမေကြီးပြောတတ်တဲ့ ပုံပြင်အများစုဆိုတာ ဖေဖေတို့ မေမေတို့ ပြောတာတွေနဲ့ မတူဘဲ သူငယ်ငယ် က ကြည့်ခဲ့ဖူးတဲ့ ဇာတ်ပွဲတွေထဲက ဇာတ်တွေအကြောင်း ဖြစ်နေတတ်တယ်။ သုဝဏ္ဏသာမလို ဇာတ်မျိုး၊ ဆဒ္ဒန်ဆင်မင်းလို ဇာတ်မျိုးအပြင် မယ်ထွေးလေးနဲ့ မြွေကြီးလို ရိုးရာပုံပြင်တွေလည်း ပြောပြတတ်ပါတယ်။
အမေကြီး ဇာတ်ပွဲတွေထဲက အကြောင်းတွေကို ပြောပြီဆို ဇာတ်ထဲက ဇာတ်မင်းသား ဇာတ် မင်းသမီးတွေဆိုတဲ့ ဇာတ်သီချင်းတွေကို အကုန်ပြန်ဆိုပြတတ်တာဟာ ထူးခြားမှုပါပဲ။ တကယ် တော့ သူနောက်ဆုံးကြည့်ခဲ့ရတဲ့ ဇာတ်ပွဲဆိုတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာမှာ ကျန်ရစ်ခဲ့ပါ ပြီ။ ဒါပေမဲ့ အမေကြီးဟာ အဲဒီဇာတ်ပွဲတွေရဲ့ ဇာတ်အကြောင်းတွေကိုသာမက အဆိုအငို အပြောတွေ နဲ့ ဇာတ်သီချင်းတွေကိုပါ အကုန်အလွတ်ရနေပါသေးတယ်။
ပြောရရင် ကျွန်တော်တို့ ကလေးဘဝက ညတွေဟာ ပုံပြင်ညတွေပါပဲ။ ပြောတဲ့သူတွေက လည်း စိတ်ပါလက်ပါနဲ့ ပြောသလို နားထောင်ရတဲ့ ကျွန်တော်တို့ကလည်း စိတ်ဝင်စားကြတယ်။
နောက်တော့ ကတ်ဆက်တွေ ရောက်လာကြတယ်။ ပြီးတော့ တီဗီ။ အခုတော့ နည်းပညာ ဟာ ပေါက်ကွဲသွ

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?

Unlock to read this premium article with 10 points.