July
တစ်ခါတစ်လေမှာ မိသားစုဝင်တွေက ကောင်းစေတတ်စေတော်စေချင်လို့နှိုင်းယှဥ်တတ်ကြပါတယ်။
အတန်းပညာ အိမ်မှုကိစ္စလုပ်တာ စသည်ဖြင့်ပေါ့ နင့်ကသူ့လောက်မှမတတ်ဘူးလား ဘယ်သူ့သားသမီးကိုသွားကြည့် အိမ်သန့်ရှင်းရေးလုပ်ထားတာ သန့်ရှင်းလို့ ၊ ဘယ်သူ့သားသမီးကဖြင့်အတန်းထဲဆုရလို့ စသည်ဖြင့်ပေါ့လေ
တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကောင်းကွက်တွေနဲ့သာ လိုက်နှိုင်းယှဥ်ပြကြတာ မကောင်းတဲ့အချက်တွေရှိရက်တော့ဘာမှမပြောကြတော့ဘူး
ဥပမာပေါ့ အတန်းထဲမှာ အဆင့်ဝင်ပေမယ့် အိမ်သန့်ရှင်းရေး လူကြီးသူမကိုဂါရဝတရားမရှိတာ
အိမ်သန့်ရှင်းရေး သေချာလုပ်တတ်ပေမယ့် အတန်းထဲအဆင့်မဝင်တာ လူကြီးမသိအောင် ချစ်သူခိုးထားတာ
အခြားအများကြီးရှိသေးတာပေါ့လေ
နှိုင်းယှည်တယ်ဆိုတဲ့နေရာမှာ ကောင်းတဲ့အချက် မကောင်းတဲ့အချက်အားလုံးကိုနှိုင်းယှဥ်ပြောသင့်တာ၊
အာ့ဒီလိုနှိုင်းယှဥ်နေမယ့်အစား သူကဘယ်လိုနေတာ ဒီအချက်မျိုးအတုယူသင့်တယ်ဆိုပြီး သေချာနားဝင်အောင် ပြောပြရင် လိမ္မာယဥ်ကျေးတဲ့ခလေးတွေဖြစ်လာပါလိမ့်မာယ်
Keep Reading