Author's Profile Photo

ကျော်ဇောအောင်

1/11/2024

Relationship ရှိသူများအတွက် သတိပြုစရာ။

1 min read
Parenting & Family
Relationship ရှိသူများအတွက် သတိပြုစရာ။'s photo

လူတွေမှာ တစ်ယောက်တည်း ဖြစ်နေရာကနေ ရုတ်တရက် လောကဓံတရား ရှစ်ပါးထဲက အခြွေ/ရံ ရှိခြင်းဆိုတဲ့ အကောင်းလောကဓံတစ်ခုနဲ့ ကြုံတဲ့အခါ သတိမထားတဲ့သူမှာ စိတ်တုန်လှုပ်သွားနိုင်ပါတယ်။

အပေါ်မှာ ပြောတဲ့ အခြွေအရံ ရှိခြင်းလို့ ဆိုတဲ့ (စကားရဲ့ အဓိပ္ပါယ်က Forever alone ဆိုတဲ့) Single life (တစ်ကိုယ်တည်း) သမားဘဝကနေ ကိုယ့်ကို ချစ်ခင်တဲ့သူနဲ့ ဆက်ဆံရေးကောင်းတစ်ခုကို ဖန်တီးတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ အနေ/ထားပါ။

ဒီလိုအချိန်မှာ လူ့စိတ်ထဲ ဖြစ်တတ်တာတစ်ခုက " ငါ့မှာ အဖော် တစ်ယောက် ရပြီ " ဆိုတဲ့ မာန်မာနပါ။

ဒီမာနက သတိမထားရင် ဒုက္ခပေးမှာပါ။ (ဘယ်လိုဒုက္ခပေးမှာလဲဆိုတော့ ကိုယ့်မှာ လက်တွဲဖော် ရှိလာသည့် အတွက် ကိုယ့်မိသားစု၊ ဆွေမျိုးနဲ့ မိတ်ဆွေတွေရဲ့ အပေါ် မထီမဲ့မြင်နဲ့ မလေးမစား ဆက်ဆံ မိတတ်တာပါ။)

တကယ်လို့ ကိုယ့်မှာ ချစ်သူတစ်ယောက်ရှိလာတဲ့အခါ ထိုချစ်သူကို အကြောင်းပြုပြီး မာန်မာန မဖြစ်ဖို့၊ ကိုယ့်မိသားစု၊ ဆွေမျိုးနဲ့ မိတ်ဆွေတွေ အပေါ်မှာလည်း (Single) ဘဝတုန်းကလိုပဲ ပုံမှန်အတိုင်း ဆက်ဆံဖို့နဲ့ တန်းတူထား ဆက်ဆံဖို့ လိုအပ်ပါတယ်။ (ဒီလိုမှ မဟုတ်ဘူးဆိုရင် ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့အကြားမှာ အဖုအထစ်လေးတွေ ရှိလာနိုင်ပါတယ်။)

ဒါကြောင့် Relationship တစ်ခုကို တည်ထောင်တဲ့အခါ ကိုယ့်မိသားစုနဲ့ ချစ်သူကြား သဟဇာတဖြစ်ဖို့ လိုပြီး ကျန်တဲ့ မိတ်ဆွေနဲ့ ဆွေမျိုးတွေ အပေါ်မှာလည်း မာန်မာန မထားဘဲ ဆက်ဆံဖို့ အရေးကြီးပါတယ်။

ဒါဟာ ကိုယ့်မှာ ဘဝလက်တွဲဖော်ရှိလာတဲ့အခါ သတိထားရမယ့် အချက်တစ်ခု ဖြစ်ပါတယ် ခင်ဗျာ။

Photo edit with Chatgpt application.

Keep Reading

ကလေးတွေကို အိပ်ရာဝင်ပုံပြင်ပြောတဲ့ ဓလေ့ဈေးသည်မလေး အေးကြွယ်စံသတ်မှတ်ချက်တွေကအချစ်ပေါ့စေသလား?"ကျွန်တော်သာ မိဘနေရာရောက်ခဲ့ရင်"ကမ္ဘာပေါ်က အကောင်းဆုံးနဲ့ အချိုမြိန်ဆုံးလက်ရာမိဘမဲ့မနှိုင်းယှဥ်ပါနဲ့ အတုယူတတ်ပါစေRelationship ရှိသူများအတွက် သတိပြုစရာ။အချောမသပ်ရသေးတဲ့ ချည်စောင်လေးတစ်ထည် (ဝတ္ထုတို)"ကြောက်ရွံခြင်း ဒီဂရီ။"