Author's Profile Photo

နှောင်းရိပ်

20/06/2025

ဈေးသည်မလေး အေးကြွယ်

1 min read
Life Style
Art
Parenting & Family

အေးကြွယ်က (၅)တန်းကျောင်းသူဖြစ်ပြီး ကျောင်းကပြန်လာတာနဲ့ အဝတ်လဲပြီး ဈေးရောင်းထွက်ရပါတယ်။သူမကကျောင်းကပြန်လာရင် တခြားသူငယ်ချင်းတွေလို ရေချိုးပြီး ကျူရှင်သွား၊ပြီးတော့ ကစားတာ၊ဒါတွေပဲ လုပ်ချင်တယ်။ဈေးမရောင်ချင်ဘူး။
အေးကြွယ်တို့မိသားစုက တစ်နေ့လုပ်တစ်နေ့စား အခြေခံမိသားစုဖြစ်ပြီး အဖေတစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ သူမတို့ မောင်နှမ(၃)ယောက်လုံး ကျောင်းတက်နေရတာဖြစ်တယ်။အမေဖြစ်သူက တစ်ဖက်တစ်လမ်းမှ အပိုငွေရအောင် ဈေးရောင်းပြီး အေးကြွယ်က ကျောင်းကပြန်လာတိုင်း ဈေးဝိုင်းရတယ်။သူမက အကြီးဆုံးသမီးဖြစ်ပြီး အိမ်ရဲ့အခြေအနေကိုသိလို့ သူမ မလုပ်ချင်တဲ့ဈေးရောင်းတာကို သည်းခံလုပ်ခဲ့တယ်။
အေးကြွယ်က ဈေးရောင်းသွားတဲ့လမ်းမှာ ရွယ်တူသူငယ်ချင်းတွေ ဆော့နေတာတွေ့ရင်ငေးရသေးတယ်။တစ်ခါတစ်လေ ပင်ပန်းပြီး လမ်းဘေးမှာရှိတဲ့ ဆွမ်းလောင်းဇရပ်တွေမှာ ခဏဝင်နားရင်း အိပ်ပျော်သွားတာတွေလည်း ဖြစ်လေ့ရှိတယ်။ပိုက်ဆံပျောက်ပြီး အမေဆူမှာကြောက်လို့ အိမ်မပြန်ရဲတဲ့ နေ့တွေလည်းရှိခဲ့တယ်။
အေးကြွယ်က အသက်အရွယ်နဲ့မလိုက်အောင် လောကဓံရဲ့ အရိုက်အပုတ်တွေခံခဲ့ရတယ်။(၁၀)နှစ်အရွယ်ကလေးမလေးက "လောကကြီးကရက်စက်လွန်းတယ်"လို့ပြောဖို့အထိ နားမလည်းသေးဘူး။သူမ နားလည်တာက သူမရဲ့ မောင်လေးနဲ့ညီမလေးကို ဗိုက်ဆာပြီး ငိုနေတာမတွေ့ချင်ပါဘူး။အချိန်မှီ ညစာစားစေချင်လို့ အမေက ညစာချက်နေတဲ့အချိန် သူမဈေးရောင်းထွက်ရပါတယ်။သူမက "အမေ၊ သမီးဈေးမရောင်းချင်ဘူး"လို့​ပြောချင်ပေမဲ့ ပြောမထွက်ခဲ့တဲ့ သူမရဲ့ ရင်တွင်းစကားလေးကို သူမရဲ့ရင်ထဲမှာပဲ သိမ်းထားခဲ့ပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)