Shwe Pon Ayar
ကျွန်တော်တို့ဟာ ကိုယ့်ကိုမွေးဖွားပေးခဲ့တဲ့မိဘတွေနဲ့ပက်သက်ပြီး ရွေးချယ်လို့ မရသလို အပြစ်တင်လို့ မရပါဘူး။ တစ်ခါတစ်လေ ဖြစ်ဖူးကြမှာပါ ကိုယ့်ဘဝနဲ့ပက်သက်ပြီး မကျေမနပ်ဖြစ်တာ ကိုယ့်မိဘနဲ့ပက်သက်ပြီးအားမလို အားမရဖြစ်တာမျိုး ဒါပေမဲ့ ဒီအချက်တွေကို အပြစ်တင်လို့လဲ မရသလို ရွေးချယ်လို့လဲ မရပါဘူး။ ဘာကြောင့်ဆို ကျွန်တော်တို့ဟာ ကျွန်တော်တို့ကို မွေးဖွားခဲ့တဲ့ မိဘနှစ်ပါးရဲ့ မျိုးဆက်ဖြစ်နေလို့ပါပဲ။
ရှေးလူကြီးတွေ ပြောကြသလို ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသလိုမျိုးပဲ ကျွန်တော်တို့ လူကြီးဖြစ်လာတဲ့အခါ ကျွန်တော်တို့ရဲ့မျိုးဆက်ကိုတော့ ကိုယ့်စိတ်တိုင်းကျ ပျိုးထောင်ခွ့င်တော့ရှိပါတယ်။ကိုယ်အလှည့်တုန်းက မရခဲ့တဲ့ အခွင့်အရေးတွေ အသိဥာဏ်တွေကို ကျွန်တော်တို့ရဲ့မျိုးဆက်တွေ ခံစားခွင့် ရရှိအောင်တော့ ကြိုးစားလို့ ရပါတယ်။လူ့ဘဝတစ်လျောက်လုံး သိနားလည်ထားရမဲ့အရာတွေများလွန်းပေမဲ့ ကျွန်တော်တို့နေ့စဥ်ဖြတ်သန်းရာမှာ အရေးပါဆုံးဖြစ်တဲ့အချက်တွေကိုတော့ ကျွန်တော်တို့ရဲ့မျိုးဆက်တွေကို မဖြစ်မနေ လက်ဆင့်ကမ်းပေးနိုင် ရပါမယ်။
မိဘတိုင်းကတော့ ကိုယ့်သားသမီးကို အကောင်းဆုံးအရာတွေကြည့် ပိုင်ဆိုင်စေချင်ကြတာမလို့ကောင်းမွန်သော အရာတွေကိုတော့ မိဘတိုင်းလို သင်ကြားပေးကြ လမ်းညွှန်ပေးကြလိမ့်မယ်လို့တော့
ယုံကြည်မိပါတယ်။
ကျွန်တော့်ဦးနှောက်နဲ့ ဥာဏ်မှီသလောက်
တွေးမိတာကတော့ ကျွန်တော်သာမိဘနေရာရောက်လာခဲ့ရင် ကျွန်တော့်သားသမီးကို အမြဲတမ်း
အဆင့်၁ရနေရမယ်ဆိုပြီး ဖိအားမပေးဘူး
သူတကာထက် တော်နေရမယ်လို့ မသင်ကြားဘူး။
သူတို့စိတ်ကူးအတိုင်းပဲ ပြောရေးဆိုခွင့်ပေးပြီး မှားနေတဲ့အချက်ကလေး ထောက်ပြယုံလောက်နဲ့ပဲ သူတို့ကိုယ်ပိုင်စိတ်ကူးတွေကို နားလည်မှုပေးပါမယ်။
စိတ်ပိုင်းဆိုင်ရာအနေနဲ့ ကျွန်တော်သတ်မှတ်ထားတဲ့ အချက်(၃)ချက်ကိုပဲ အလေးထားပြီး သင်ကြားပေးပါမယ်။
(၁)ကိုယ့်တာဝန်ကို ယူတက်ဖို့
(၂)ကိုယ်ချင်းစာပေးတက်ဖို့
(၃)ဖြည့်တွေးပေးတက်ဖို့
(၁)ကိုယ့်တာဝန်ကို ယူတက်ဖို့
အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေမှ တာဝန်ဆိုတဲ့
စကားလုံးမျိုးကို မသုံးဘဲ နေ့စဥ်လူမှု့ဘဝမှာ လူကြီးလဲ လူကြီး တာဝန်ရှိသလို ကလေးလည်း ကလေးတာဝန်ရှိကြောင်း သင်ကြားပေးပါမယ်။မိဘတွေ ပိုက်ဆံရှာတာ မင်းတို့လေးတွေ မတောင့်မတ မကြောင့်မကျနေရဖို့ဆိုတဲ့အကြောင်း စားဝတ်နေရေး တာဝန်ကို ယူထားကြောင်း ရှင်းပြမယ်။
ငယ်ရွယ်စဥ်မှာ ပညာသင်ရမည်ဖြစ်ကြောင်း ကျောင်းသားဖြစ်သွားရင် ကျောင်းသားဘဝကျောင်းသားတာဝန် ကျောင်းစာကို နိုင်နင်းအောင် တစ်နေ့စာ တစ်နေ့ရအောင် တစ်နေ့တာဝန် တစ်နေ့ကျေအောင် ကျတ်မှတ်ရမည် ဖြစ်ကြောင်း နားဝင်အောင်ပဲ ရှင်းပြပါမယ်။
ကျွန်တော်ငယ်ငယ်ကလဲ ဒီနည်းလမ်းကိုပဲ ခံယူခဲ့ပါတယ်။ ပြည့်စုံတဲ့မိသားစုက မဟုတ်လို့ စာကြိုးစားခြင်းဟာ တစ်ချို့လူတွေရဲ့အတွေးမှာတော့ သူ့မိဘ မပြည့်စုံလို့ ကြိုးစားရှာတယ်လို့ သနားတဲ့အကြည့်တွေနဲ့ အကြည့်ခံရ အထင်ခံရ ဖူးပါတယ်။အက်အကြည့်တွေကိုလည်း နည်းနည်းလေးမှ မကြိုက်ခဲ့ပါဘူး။ ကိုယ့်တာဝန်ကိုယူခြင်းဖြစ်ကြောင်း မပြည့်စုံမှန်းသိလို့ ကြိုးစားခြင်းမဟုတ်ကြောင်း ပြောချင်ပေမဲ့လည်း ပြောခွင့်တော့ မသာခဲ့ပါဘူး။ဘဝမှာ ခံရခက်ခဲ့တဲ့ အချိန်ကာလတစ်ရပ်လိုပေါ့ ပြောရမာပေါ့။
လူတစ်ယောက်ဟာ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ်လုပ်ချင်တဲ့အရာကို ရဲရဲဝံ့ဝံ့လုပ်ရဲတယ်ဆိုရင် ကိုယ့်လုပ်ခဲ့တဲ့လုပ်ရပ်ရဲ့ အကျိုးဆက်ကိုလည်း တာဝန်ယူနိုင်ရပါမယ်။ကိုယ့်အပူမဟုတ်ပဲ တွေးပူပေးရတဲ့ ကိစ္စတွေရှိလာတဲ့အရာ ကိုယ့်တာဝန်ကို ယူတ
Unlock to read this premium article with 10 points.