Zin Zin
နှောင်ကြိုးဖွဲ့မယ့်ကြယ်လေးကို မပိုင်ဆိုင်ရခြင်းဟာ ပိုလွတ်လပ်တယ်ဆိုတဲ့အကြောင်း ဘယ်အရွယ်မှာ စသိခဲ့တာပါလိမ့်။?
၂၀၂၁ ကိုဗစ်ကြောင့် အိမ်တွင်းပုန်းနေရတဲ့ချိန်
ဓာတ်ပုံရိုက်ရတာကို အလွန် သဘောကျခုန်မင်ခဲ့တယ်။ အားလပ်ချိန်တွေ ထူဆန်းစွာ ပေါများချိန် ဖြစ်တဲ့အတွက် ကင်မရာလေးတစ်လုံးလောက် လိုချင်ခဲ့မိတယ်။ ဝါသနာလေးကို အကောင်ထည်ဖော်ချင်ခဲ့မိတယ်။ အဲ့တုန်းက အထက်တန်းကျောင်းသူလေးပေါ့။
ကိုယ်ပိုင် ဝင်ငွေလည်း မရှိတဲ့အလျှောက် မိဘတွေကိုပဲ အားကိုးရတယ်။
တစ်နှစ်လောက်ကြာသွားသည်ထိ ကိုယ့်ဖုန်းလေးနဲ့ပဲ ရိုက်နေခဲ့တယ်။ နောက်တော့ ဖေဖေက ကိုယ်သဘောကျတာကို support မပေးချင်မှန်း သဘောပေါက်သွားခဲ့တယ်။
ရူးရူးမူးမူး လိုချင်ခဲ့တဲ့ အရာ မရခဲ့ဘူး။ ကိုယ့်ကိုကိုယ် ယူကြုံးမရဖြစ်ခဲ့တယ်။ ငါဒီလောက်တောင်မိဘတွေကို စိတ်ပါလာအောင် မပြောနိုင်ဘူးလားလို့ ဒေါသထွက်ခဲ့တယ်။
ဖန်ဆင်းရှင်ဆီမှာလည်း ငိုယိုတောင်းဆိုခဲ့တယ်။
နောက်ဆုံး လိုချင်တာ မရခဲ့တဲ့ချိန်မှာတော့ ဝမ်းနည်းလို့ မျက်ရည်ကျခဲ့ရုံကလွှဲ ဘာမှတတ်နိုင်ခြင်းမရှိခဲ့ပါ….
အချိန်က ကုစားသွားပါမယ်ဆိုတဲ့ စကားအတိုင်း အသိစိတ်က တဖြည်းဖြည်းချင်း လက်ခံသွားပုံပဲ အချိန်တွေတရွေ့ရွေ့ လေပြေနဲ့အတူကုန်ဆုံးခဲ့တယ်
Support မရှိတဲ့ အရာကြီးမှာ ဘယ်လိုမှ ဆက်ပြီး မတောင့်ခံနိုင်ခဲ့မိဘူး ထင်ပါရဲ့
“အို ….ခံစားချက်တွေက ကလေးငယ်ပမာ မနွေးထွေးတော့ဘူး”
မိသားစုမှာ အကြီးဆုံးဖြစ်သည့်အလျောက် မိဘတွေကို ဖြည့်စည်းပေးချင်တဲ့စိတ်၊ ဂုဏ်ယူစေချင်တဲ့စိတ် သူတို့ ကိုယ့်ပေါ်ပေးဆပ်ခဲ့တာထက် နှစ်ဆ ပိုလုပ်ပေးချင်ခဲ့တယ်
Social media အသုံးပြုတိုင်း နေရာယူထားလေ့ရှိတဲ့ camera post လေးတွေတွေ့တိုင်း ဖြစ်ချင်တာထက် ဖြစ်သင့်တာ ရွေးချယ်လိုက်ခဲ့ရပုံကို ပါးပြင်ပေါ် ကျရောက်လာတဲ့ မျက်ရည်ပူတွေက နာကျင်မှုတွေကို ညွှန်ပြနေသလိုပါပဲ
ရာသီတွေအလီလီ ပြောင်းလဲသွားသည့်တိုင် ကလေးငယ်ရဲ့ နှလုံးသားတစ်ထောင့် တစ်နေရာမှာတော့ သေးငယ်တဲ့ နေရာအကန့်လေးအနေနဲ့ တည်နေသေး…
မပြိုင်ဆိုင်ရခြင်းဟာလည်း ပိုလွတ်လပ်ပါတယ်
ကင်မရာတစ်လုံး သိန်းဆယ်ဂဏန်း
ပိုင်ဆိုင်ဖို့ရာ အလယ်လတ်မိသားစုအဖို့ “အို….. များလွန်းပါတယ်”
ရရှိလာပြီးတဲ့အခါရော အရာရာ မှတ်တမ်းတင်တာလောက်နဲ့ မိဘတွေကို ကျေးဇူးဆပ်နိုင်ဖို့ရာ မသေမချာ
ထို့ကြောင့်မို့ ပိုင်ဆိုင်ခဲ့ပြီးတောင် အပြစ်ရှိစိတ်၊ နောင်တရစိတ် နဲ့ ရှင်သန်ရမယ့်အစား နှောင်ကြိုးဖွဲ့မယ့် ကြယ်လေးကို စွန့်လွှတ်လိုက်တာလည်း လွတ်လပ်ပါတယ်။ ဒီလိုပဲ တွေးပြီး လက်လျော့ခဲ့ပါပြီ
မေမေကတော့ သဘောပေါက်ဟန်တူပါရဲ့
နှစ်တွေကြာပြီးတဲ့နောက်မှာတော့ မေမေက မေးလာခဲ့တယ် လိုချင်လားတဲ့ ဝယ်ပေးမယ်တဲ့
အို.. ဘယ်လိုပြန်ဖြေဖို့ မျှော်လင့်ထားပါလိမ့်
ကလေးငယ်တစ်ယောက်ကို သကြားလုံးတစ်လုံးပေးတဲ့အခါ ကမ္ဘာကြီး တစ်ခုလုံး လင်းထိန်သွားနိုင်မယ့် အလင်းရောင်နဲ့ တူတဲ့ အပြုံးကို ပေးနိုင်ပေမဲ့လို့
ထိုကလေးငယ်ကိုပဲ နှစ်အနည်းငယ်ကြာ တူညီတဲ့ သကြားလုံးကိုပဲ ထပ်မံပေးတဲ့အခါ
ဒီတစ်ခါရော တူ ညီတဲ့ ပျော်ရွင်မှု ခံစားရပါ့မလား
ကလေးငယ် တူညီတဲ့ အပြုံးကို ထပ်မံပေးပါအုန်းမလား
အို အမေရယ် ဘယ်လိုမေးလိုက်တာလည်း လိုချင်တာပေါ့ သိပ်လိုချင်နေသေးတယ် လို့ ဖွင့်ဟလိုက်ချင်တယ်
ဘယ်တတ်နိုင်ပါ့မလည်း
“မလိုချင်တော့ပါဘူး”တဲ့ တစ်ခွန်းထဲပါပဲ ရင်ဘတ်အနက်ရှိုင်းဆုံးနေရာကနေတော့ နာကျင်နေတုန်းပဲ
တစ်နေ့နေ့ တစ်ချိန်ချိန်တော့ ကိုယ့်အိမ်မက်ကို ကိုယ်ကိုကိုယ်ပဲ တည်ဆောက်ချင်တယ် ဘယ်သူ့ဆီမှာမှ ကိုယ့်ခံစားချက်၊ အတောင်ပံတွေ တွေ ရိုက်ချိုး မခံစေချင်ဘူး
မျက်ဝန်းအိမ်ထဲ ဝဲဝေနေတဲ့ မျက်ရည်တွေကိုတော့ မမြင်ချင်ယောင်ဆောင်နေဆဲပင်……
ဇင်ဇင်
ကြိုးစားနေဆဲ………
Keep Reading