Nicolette
ကမ္ဘာပေါ်မှာ စာအုပ်အမျိုးအစား အမျိုးမျိုးရှိပြီးတော့ စာအုပ်တစ်အုပ်ဟာ အမျိုးအစား တစ်ခုထက်ပိုတာမျိုးလဲ ဖြစ်နိုင်ပါတယ်။
စာအုပ်တွေ တော်တော်များများဟာ အမျိုးအစားတစ်မျိုး (ဉပမာ - Mystery) ကို အဓိက အခြေခံပြီး တခြားအမျိုးအစားတွေကိုတော့ ဇာတ်လမ်းနဲ့ လိုက်ဖက်အောင် အနည်းငယ်စီ ထည့်ကြပါတယ်။
စစ်တမ်းကောက်ယူမှုတွေအရ ရသစာပေ စာအုပ်တွေဟာ သုတစာပေ စာအုပ်တွေထက် ရောင်းကောင်းကြပါတယ်။
MasterClass Online Magazine ရဲ့ စာရင်းပြုစုမှုအရ ကမ္ဘာ့ရောင်းအားအကောင်းဆုံး စာအုပ်အမျိုးအစားတွေကတော့
(1) Romance (အချစ်ဝတ္ထုများ)
ကောင်းမွန်ပြည့်စုံတဲ့ အချစ်ဝတ္ထုတွေဟာ လူသားတိုင်းရဲ့နှလုံးသားထဲမှာ နေရာယူနိုင်ပါတယ်။
အချစ်ဝတ္ထုတွေထဲမှာမှ သမိုင်းနောက်ခံ အချစ်ဝတ္ထုတွေက ပိုပြီး အရောင်းသွက်ကြပါတယ်။
ဝတ္ထုထဲက ဇာတ်ကောင်တွေ အပြင်မှာ တစ်ကယ်မရှိပေမယ့် တကယ်ဖြစ်ခဲ့တဲ့ သမိုင်းအချက်အလက် အမှန်တွေကို နောက်ခံထားပြီး ရေးသားထားတဲ့ ဝတ္ထုတွေကို လူတွေအရမ်းသဘောကျကြပါတယ်။
(2) Mystery (လျှို့ဝှက်ဆန်းကျယ် ဝတ္ထုများ)
ရှုပ်ထွေးတဲ့ စုံထောက် ဝတ္ထုတွေနဲ့ အဖြေရှာမရတဲ့ အကြောင်းအရာတွေ စတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို စာဖတ်သူတွေ နှစ်ခြိုက်ကြပါတယ်။
စာအုပ်တစ်အုပ်ကို စဖတ်လိုက်တာနဲ့ လက်ထဲက မချချင်လောက်အောင် ဖြစ်ကြတဲ့ထဲမှာမှ လျှို့ဝှက်ဆန်းကျယ် ဝတ္ထုတွေက ဆွဲဆောင်မှု အရှိဆုံးပါပဲ။
(3) Fantasy (စိတ်ကူးယဉ် ဝတ္ထုများ)
ဘယ်လိုမှ အပြင်မှာ မရှိနိုင်တဲ့ ကမ္ဘာတစ်ခု မဖြစ်နိုင်တဲ့ အရာတစ်ခုကို အခြေပြုပြီး ရေးသားထားတဲ့ စာအုပ်တွေကို စာဖတ်သူတွေ အရှုးအမူးဖြစ်ကြပါတယ်။
မှော်စိတ်ကူးယဉ် ဝတ္ထုတွေနဲ့ သိပ္ပံစိတ်ကူးယဉ် ဝတ္ထုတွေက စာအုပ်အနေနဲ့တင်မကဘဲ ရုံဝင်ငွေကောင်းတဲ့ ရုပ်ရှင်တွေအဖြစ်ပါ ကျော်ကြားကြပါတယ်။
(4) Thriller and Horror (ခြောက်ခြားဖွယ် ဝတ္ထုများ)
သရဲပုံပြင်တွေကို လူတိုင်းသဘောကျကြပါတယ်။
ညဘက်မှာ လျှောက်သွားတတ်ကြတဲ့ တစ္ဆေတွေနဲ့ တံခါးလာခေါက်တတ်ကြတဲ့ ဝိဉာဉ်တွေအကြောင်းကို လူတွေနားထောင်ချင်ကြသလို ဖတ်လဲ ဖတ်ချင်ကြပါတယ်။
(5) Young Adult (ဆယ်ကျော်သက် ဝတ္ထုများ)
ဆယ်ကျော်သက်ပရိသတ်တွေကို အဓိကရည်ရွယ်ပြီး ရေးသားတဲ့ ဝတ္ထုတွေကလဲ ရောင်းအားကောင်းကြပါတယ်။
ဆယ်ကျော်သက်တွေအတွက် စိတ်ခွန်အားရစရာ ဇာတ်ကောင်တွေ ပညာရစရာ ဇာတ်ကောင်တွေနဲ့ အတုယူစရာတွေပါတဲ့ ဝတ္ထုတွေကို စိတ်ဝင်စားစရာကောင်းအောင်လို့ တစ်ခြားအမျိုးအစား တစ်မျိုးမျိုး (ဉပမာ - Fantasy) နဲ့ တွဲဖက်ပြီး ရေးသားလေ့ရှိကြပါတယ်။
(6) Children’s fiction (ကလေးစာပေ)
စစ်တမ်းကောက်ယူမှုတွေအရ ကလေးငယ်လေးတွေက လူကြီးတွေထက်ပိုပြီး စာဖတ်ချင်ကြပါတယ်တဲ့။
ဒါကြောင့်လဲ ကလေးလေးတွေကို ဆွဲဆောင်နိုင်အောင်လို့ စာအုပ်လှလှလေးတွေနဲ့ ပုံပြင်လှလှလေးတွေကို စာရေးဆရာတွေနဲ့ ထုတ်ဝေသူတွေ ကြိုးစားပြီး ထုတ်ဝေကြပါတယ်။
ဒီထဲမှာမှ Fairy Tales တွေကို ကလေးလေးတွေ အကြိုက်ဆုံးပါ။
(7) Self-Help Books (ကိုယ်ရည်သွေးမြင့်မားဖို့ စာအုပ်များ)
နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ထုတ်ဝေထားတဲ့ စာအုပ်တွေဟာ လူတိုင်းအတွက် အသုံးဝင်တဲ့ အမျိုးအစားတစ်မျိုးပါပဲ။
ကိုယ်ရည်သွေးစာအုပ်တွေကို စာဖတ်ဝါသနာမပါသူတွေတောင်မှ ကြိုးစားပြီးဖတ်ကြပါတယ်။
(8) Biography (အတ္ထုပ္ပတ္တိ စာအုပ်များ)
အောင်မြင်ကျော်ကြားသူတွေရဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေကလဲ ရောင်းအားကောင်းကြပါတယ်။
ရုပ်ရှင်သရုပ်ဆောင်တွေ၊ နိုင်ငံရေးသမားတွေ နဲ့ စီးပွားရေးပညာရှင်တွေ စတဲ့ နယ်ပယ်အသီးသီးက လေးစားဖွယ်သူတွေရဲ့ ဘဝဇာတ်ကြောင်းတွေကို ပရိသတ်တွေက အတုယူဖို့အတွက် ဝယ်ယူကြပါတယ်။
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေနဲ့ စာအုပ် review လေးတွေကိုလဲ ရေးပေးသွားဦးမှာမို့လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ☺️
Keep Reading