Author's Profile Photo

MoeKyaw

17/11/2024

အရင်းနှီးဆုံး သူစိမ်းလေး

1 min read
Personal Development
Poetry
Creative

"အရင်းနှီးဆုံး သူစိမ်းလေး "

အချစ်ရေ
ကိုယ်တို့တတွေနီးရက်နဲ့
ဝေးခဲ့ကြတယ်မို့လား။

မဆုံနိုင်လို့ဝေးရတဲ့အခါ
ဒဏ်ရာတွေဟာအထပ်ထပ်နဲ့
ခြေချရာအရပ်တိုင်းကို
တံတိုင်းခတ်တော့တာပဲ။

ငိုချင်ရက်နဲ့အရှိုက်ခက်သလိုမျိုး
ခေါ်ချင်ရက်နဲ့ အခေါ်ခက်တဲ့အခါ
အချစ်ရေ
ကိုယ်တို့တွေရဲ့ဆုံဆည်းခြင်းမှာ
အမှတ်တရတွေသာ အဖက်တင်တယ်။

မဆုံနိုင်လို့ဆွေးရတဲ့အခါ
သတိရချင်းတွေဟာ တရစပ်နဲ့
မျက်နှာမူရာအရပ်မှာ
ကျင်လည်ကျက်စားတော့တာပဲ။

ကြင်ကြင်နာနာရှိခဲ့လို့
နာနာကျင်ကျင်ခံစားရတာ
ကိုယ်တို့အချစ်တွေရဲ့သင်္ကေတပဲမို့လား
မင်းကျေနပ်ပါ သတိရပေမယ့်
မဆက်ဖြစ်တော့တဲ့ဖုန်းလေးဟာ မင်းပါ
မင်းကျေနပ်ပါ သတိရပေမယ့်
မသုံးဖြစ်တော့တဲ့ စကားလုံးလေးဟာ မင်းပါ

တကယ်တော့
ကိုယ်တို့တတွေဟာ
လမ်းကြုံလို့ဆုံခဲ့ကြရင်တောင်
နှလုံးသားချင်းရင်းနှီးခဲ့ကြပေမယ့်
ပြုံးခြင်း ရယ်ခြင်းမရှိတော့တဲ့
အရင်းနှီးဆုံးသူစိမ်းတွေပါ။ ။

#MoeKyaw

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်