Author's Profile Photo

အက္ခရာ - Haruki

28/03/2024

မရင့်ကျက်သေးတဲ့ Rs မှာရှိတဲ့ လက္ခဏာများ

1 min read
Personal Development
General Knowledge
18 Again
မရင့်ကျက်သေးတဲ့ Rs မှာရှိတဲ့ လက္ခဏာများ's photo


ဒီနေ့မှာတော့ မရင့်ကျက်သေးတဲ့ Relationship တွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကို ပြောပြပေးပါမယ်။ ဒီအချက်တွေနဲ့တိုက်စစ်ကြည့်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ Relationship ကရော ဘယ်လိုမျိုးဖြစ်နေလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။

? - ခဏခဏရန်ဖြစ်နေခြင်း

မရင့်ကျက်တဲ့ Relationship တွေမှာတော့ ဘာမဟုတ်တဲ့အကြောင်းအရာလေးနဲ့လည်း ခဏခဏရန်ဖြစ်ကြတာပါပဲ။ တစ်ခုခုဆိုရင် ဘာမှမစဉ်းစားပဲ ရန်လုပ်တာ၊ ကြည်နူးတဲ့အချိန်ထက် ရန်ဖြစ်စကားများတဲ့အချိန်က ပိုများနေတာပါ။

? - သဝန်တိုမှုလွန်ကဲနေခြင်း

သဝန်တိုတာကတော့ Relationship တိုင်းမှာရှိပေမယ့်လည်း မရင့်ကျက်တဲ့ Relationship တွေမှာကတော့ သဝန်တိုမှုလွန်ကဲပါ တယ်။ နားလည်မှုမရှိပဲ သဝန်မတိုသင့်တဲ့ ကိစ္စတွေကအစ လိုက်သဝန်တိုပြီး ပြဿနာရှာတာ၊ အဲ့တာတွေကြောင့်ပဲ ရန်ဖြစ်စကား များရတာတွေ ဖြစ်လာပါတယ်။

?️ - အနာဂါတ်ကိုစိတ်မဝင်စားခြင်း

နှစ်ယောက်အနာဂါတ်အတွက် မစဉ်းစားသလို စိတ်လည်းမဝင်စားပဲ အရေးမကြီးတာတွေနဲ့ အချိန်ကုန်နေတာမျိုးတွေလည်း ဖြစ်ပါ တယ်။ ဒါဟာလည်း မရင့်ကျက်တဲ့ Relationship မှာ အများဆုံးတွေ့ရလေ့ရှိတဲ့ လက္ခဏာတစ်ခုပါပဲ။

? - လေးနက်မှုမရှိခြင်း

ဘယ်အရာကိုပဲဖြစ်ဖြစ် လေးနက်မှုမရှိတာကလည်း ရေရှည်အတွက်ဆို အဆင်မပြေပါဘူ။။ နှစ်ယောက်လုံးက မရင့်ကျက်တဲ့သူဆို ရင်တော့ အစပိုင်းမှာ ပြဿနာမရှိပါဘူ။ ဒါပေမယ့် တစ်ယောက်ကရင့်ကျက်ပြီး တစ်ယောက်က မရင့်ကျက်တာမျိုးဆိုရင်တော့ စိတ်ပျက်တာ၊ စိတ်ကုန်တာတွေဖြစ်လာပြီ။ လက်တွဲဖို့ အဆင်မပြေနိုင်ပါဘူ။။

⏰ - အတိတ်ကိုပြန်သွားနေခြင်း

အတိတ်မှာဘာတွေပဲဖြစ်ခဲ့ပါစေ အတိတ်မှာပဲထားခဲ့ပြီး လက်ရှိကိုပဲ အကောင်းဆုံးဖြစ်အောင်နေထိုင်ရမှာပါ။ အဲ့လိုမဟုတ်ပဲ တစ်ခုခု ဆို အတိတ်နဲ့ကိုင်ပေါက်ပြီး ပြောဆိုတာ၊ ရန်ဖြစ်စကားများတိုင်း ပြီးခဲ့တဲ့ အတိတ်ကကိစ္စတွေ အမှားတွေကို ပြန်ထောက်ပြပြီး ရန်လုပ်တာတွေကလည်း မရင့်ကျက်တဲ့ Relationship မှာ အများဆုံးတွေ့ရလေ့ရှိတဲ့ လက္ခဏာဖြစ်ပါတယ်။

? - တစ်ကိုယ်ကောင်းဆန်ခြင်း

မရင့်ကျက်တဲ့ Relationship မှာ အများဆုံးတွေ့ရလေ့ရှိတဲ့ လက္ခဏာတွေထဲက နောက်ဆုံးတစ်ခုကတော့ တစ်ကိုယ်ကောင်းဆန် တာပါပဲ။ တစ်ဖက်လူအတွက် ဘယ်တော့မှမစဉ်းစားပေးပဲ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာတွေကိုပဲ လုပ်တာမျိုးက မရင့်ကျက် တဲ့သူတွေ၊ တစ်ကိုယ်ကောင်းသမားတွေလုပ်တဲ့ အရာတွေပါခင်ဗျာ။

MyStyle Myanmar ( Rewrite by Haruki )

? - https://t.me/Relationship_coach_by_Haruki

Haruki

Keep Reading

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အချိန်ဆွဲတာကိုကုစားမယ်