Author's Profile Photo

Pop Culture in your area

15/11/2024

ခေတ်သစ်ယုန်နှင့်လိပ် ပုံပြင်

1 min read
Book Review
Education
General Knowledge
ခေတ်သစ်ယုန်နှင့်လိပ် ပုံပြင်'s photo

တောအုပ်ကြီးတစ်ခုမှာ ဉာဏ်ပညာကြီးပြီး အင်မတန်မှ စိတ်ထားကောင်းတဲ့ စိတ်ထားကောင်းတဲ့ ကို‌လိပ် ဆိုတဲ့လိပ်တစ်ကောင် နေပါတယ်။ အဲဒီ ကိုလိပ်ဟာ စိတ်ထားကလည်း ဖြူစင်တာ ကြောင့် သူ့ကို မြင်တဲ့ တိရ စ္ဆာန် တိုင်းက ချစ်ကြ၊ လေးစားကြပါတယ်။ မနက်မနက်ဆို ကျန်းမာရေးအတွက် အမြဲတမ်းပဲ လမ်းလျှောက်လေ့ကျင့်လေ့ရှိတယ်။ ညနေခင်းဆိုလည်း လေ့ကျင့်ခန်းတွေ လုပ်နေလေ့ရှိတယ်။ အဲဒီလို အမြဲတမ်းနေထိုင်တာကြောင့် သူဟာ အရာရာ ကို
ပေါ့ပေါ့ပါးပါးနဲ့ စိတ်ရွှင်လန်းစွာ လုပ်သွားနိုင်တဲ့သူ ဖြစ်ပါတယ်။ ဉာဏ်အမျှော်အမြင်လည်း ကြီးပြီး တော့ အခက်အခဲရှိတဲ့သူတွေကို သူက ကူညီလေ့ရှိပြန်တယ်။ ဒါကြော င့် တောတိရစ္ဆာန်တွေက သူ့ကို လေးစားချစ်ခင်ကြတယ်။

အဲဒီလို စိတ်ကောင်းရှိတဲ့ ကိုလိပ် ကိုတောတိရစ္ဆာန်တွေ ဝိုင်းပြီး ချစ်ခင်နေ
တာကို မနာလို ဖြစ်နေတဲ့သူ တစ်
ယောက်ရှိတယ်။ သူကတော့
ယုန် ငစဉ်းလဲပါ။ အဲဒီယုန်ဟာ အတ္တကြီးလို့အပျင်းထူတဲ့အပြင် သူတပါးအပေါ်မှာလည်း မနာလိုစိတ်၊ မကောင်းကြံလိုစိတ် ကြီးမားတဲ့သူဖြစ်ပါတယ်။

သူက တစ်နေ့တစ်နေ့ အိပ်လိုက်၊ စား
လိုက်နဲ့ ကိုလိပ် ကို ဘယ်လို နည်း
လမ်းနဲ့ အကောက်ကြံပြီး ဒုက္ခပေးရ
မယ် ဆိုတာကိုပဲ စဉ်းစားနေတတ်ပါ
တယ်။

တနေ့မှာ ယုန်ငစဥ်းလဲဟာ ကိုလိပ်ဆီကို သွားတွေ့ပြီး အပြေးပြိုင်ချင်တယ်လို့ ပြောတယ်။ ကိုလိပ်က ဘာကြောင့် ပြိုင်ချင်ရတာလဲ မေးတော့ “မင်းနဲ့ငါ ဘယ်သူပိုတော်ကြောင်း သိချင်လို့” ဆိုပြီး လိပ်က ဖြေတယ်။
ကိုလိပ်က… “ကိုယ်စီမှာ မတူညီတဲ့ အရည်အချင်း တစ်ခုစီ ရှိတာကြောင့် ပြိုင်ဖို့ မလိုအပ် ဘူး၊ မပြိုင်ချင်ဘူး” လို့ ယုန်ငစဉ်းလဲကို ငြင်း ပါတယ်။

တကယ်ဆိုရင် သာမန်အချိန်မှာ တောင် ယုန်တွေဟာ လိပ်ထက် အပြေးမြန်ကြတဲ့သူ ပြေးနိုင်တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မပြိုင်ချင်ဘူး လို့ ငြင်းပေမဲ့ ကိုလိပ်က အဲဒီလို ငြင်းဆန်တာ ဟာ သူ့ကို စော်ကားတာဖြစ် လို့ လက်မခံနိုင်ကြောင်း၊ တကယ်လို့ တန်းတူ သဘောထားရင် ပြိုင်သင့် ကြောင်း မာနတစ်ခွဲသားနဲ့ ပြောပြန် တယ်။ မျှတအောင်လည်း တော သတ္တဝါတွေ အားလုံးကိုလည်း ဖိတ် ခေါ်ပြီး အဆုံးအဖြတ်ပြုခိုင်းမှာ ဖြစ်ကြောင်းပြောပြန်တယ်။

ဒီလောက် အပျင်းထူ၊ လေ့ကျင့်ခန်း
မလုပ်တဲ့ယုန်ကက သူ့ကို လာစိမ်ခေါ် တယ်ဆိုရင် တနည်းနည်းနဲ့ မလှိမ့်
တပတ်လုပ်ပြီး ကောက်ကျစ် ယုတ်မာစွာ အနိုင်ပိုင်းသွားမယ်ဆိုတာ အင်မတန် ဉာဏ်ကြီးတဲ့ ကိုလိပ်က တွေးမိပါတယ်။ ဒါကြောင့် တစ် ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်နေ တာဟာ အဓိပ္ပာယ် မရှိဘူး၊ လေးစား ချစ်ခင်နေဖို့သာ အဓိကကျပါတယ်လို့ ယဉ်ယဉ်ကျေးကျေးပြောပြီး ယုန်ကို ထပ်ငြင်းပါတယ်။

ဒါပေမယ့် မကောင်းစိတ်တွေပြည့်နေ
တဲ့ ယုန်ငစဉ်းလဲက... “ဒီမှာငလိပ်...
သတ္တိရှိတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်
တယ်ဆိုရင် ပြိုင်ရဲရမှာပေါ့၊ အားငယ်
နေတာလား သွေးကြောင်နေတာလား၊
သွေးပျက်နေတာလား” စတဲ့
စကားလုံးတွေနဲ့ ကိုလိပ်အား
ရိုင်းစိုင်းစွာ ချိုးနှိမ်ပြောဆိုခဲ့ပါတယ်။

နောက်ဆုံး ယုန်ရဲ့ အခြေအမြစ်မရှိတဲ့ စကားတွေကို သည်းမခံနိုင်တော့တာ ကြောင့် ကိုလိပ်က ပြိုင်ဖို့ လက်ခံ လိုက်ပါတော့တယ်။ ဒါပေမဲ့ အမျှော်အမြင်ရှိသူပီပီ... ပြိုင်ပွဲမှာ တ နည်းနည်းနဲ့ ယုန် ကို လူလည်ကျမှ အနိုင်ပီး အခုလို‌‌ေပြာဆို ခံရတာ‌ကို
တုန့်ပြန့်ဖို့ ကိုလိပ် က တွေးလိုက်တယ်။

ဒီလိုနဲ့ ပြိုင်ပွဲကျင်းပတဲ့နေ့ကို ရောက်လာပါတော့တယ်။ တာစထွက် ဖို့ပြင်တာနဲ့ လိပ်ဟာ သတိနဲ့ ပြေးဖို့ လုပ်ပါတယ်။ ဒိုင်လူကြီး ဖြစ်တဲ့ ဦး ဇီးကွက်က အချက်ပြလိုက်တာနဲ့ ရွှေ ယုန်ဟာ လိပ်ကို အသာလေးပဲ နောက် ချန်ခဲ့ပါတယ်။

အဲဒီလိုပြေးရင်း ယုန်ဟာ ပြိုင်ပွဲ အကွာအဝေးရဲ့ သုံးပုံ နှစ်ပုံခန့်ကို ရောက်လာပါတော့တယ်။
လိပ်ကတော့ နောက်ဘက် အများကြီးမှာ ပြတ်ကျန်ရစ်ခဲ့ပါ တယ်။
ယုန်လည်း ပန်းတိုင်နဲ့ နီး လာတဲ့အပြင် လိပ်ကတော့ အမှားမခံဘဲ သတိကြီးစွာနဲ့ ဖြေးဖြေးမှန်မှန်လေး ပြေးပါတယ်။ ရှေ့နောက် ဘေး ဘယ်ညာကိုလည်း မျက်ခြေမပြတ် ဂရုတစိုက်နဲ့ လေ့လာပြီး သတိနဲ့ သွား ပါတယ်။

ဖိုးယုန် အဲလိုသွားနေတုန်းမှာပဲ တောလမ်းဘေး တစ်နေရာမှာရှိတဲ့ ခြုံ ဖုတ်တစ်ခုက လှုပ်ခနဲ ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။ ရွှေယုန်လည်း လှည့်အကြည့် အမွှေးနံ့တမျိုး နှာခေါင်းထဲသို့ ရောက်လာပြီး မိုက်ခနဲ ဖြစ်သွားပါတယ်။ တစ်လှမ်းနှစ်လှမ်း ပဲ ဆက်ပြီးလှမ်းနိုင်ပါတယ်။ ခေါင်း ထဲက ရီဝေဝေ ဖြစ်လာပြီး ရွှေယုန်ဟာ အဲဒီနေရာနားမှာပဲ အိပ်ပျော်သွားပါ တော့တယ်။

ကိုလိပ်ကို ချစ်ခင်ကြတဲ့ ပရိသတ် တွေက ပန်းဝင်မယ့်နေရာမှာ ရင်ခုန်စွာ နဲ့ စောင့်စားနေကြပါတယ်။ အဲဒီ အချိန်မှာပဲ ပြိုင်ပွဲကို ကောင်းကင်က နေ စောင့်ကြည့် အကဲဖြတ်နေတဲ့ ငှက် ဒိုင်လူကြီးတွေက သတင်းပေးဖို့ ရောက်လာပါတယ်။ ရွှေယုန်ဟာ လိပ် ကို ကျော်သွားပေမယ့် ပြေးရင်းနဲ့ မောပန်းလို့ ခရီးရဲ့ သုံးချိုးနှစ်ချိုး လောက်မှာ အိပ်ပျော်သွားကြောင်း ပြောကြပါတယ်။

အားလုံး မမျှော်လင့်ထားရဲတဲ့ လိပ်
ဟာနှေးနှေးပင်ပင်နဲ့ ပန်းတိုင်ဆီ တရွေ့ရွေ့ချီတက်လာတာ ကို တွေ့လိုက်ရပါတယ်။ ပရိသတ် တွေကလည်း
ဝိုးဝါး အားပေး အော်ကား အားပေးကြ‌တာပေါ့။

တဖြည်းဖြည်းနဲ့ လိပ်ဟာ ပန်းတိုင်နားကို ရောက်လာပါတယ်။ အဲဒီအချိန်ကျမှ ရွှေယုန်ဟာ မေ့လဲ နေရာကနေ နိုးလာပါတယ်။ နိုးနိုးခြင်း ပတ်ဝန်းကျင်ကို လှမ်းအကဲခတ်လိုက် တာနဲ့ သူအိပ်ပျော်သွားမှန်းသတိပြုမိ လိုက်တယ်။ လိပ်ရဲ့ လက်စားချေမမှုကိုလည်း ဒေါသထွက်သွား တယ်။ ချက်ချင်းပဲ ပန်းတိုင်ရှိရာကို ဦးတည်ပြီး ပြေးပါတော့တယ်။ ဒါပေမဲ့ ပန်းဝင်မယ့်နေရာကိုရောက် တော့ လိပ် အ ရင်ဆုံး ပန်းဝင်သွားတာကို တွေ့လိုက် ရပါတော့တယ်။

စောင့်နေကြတဲ့ ပရိသတ်တွေက ဒိုင်လူကြီး ဦးဇီးကွက်နှင့်အတူ
ယုန် လာတဲ့ အထိ စောင့်နေကြပါတယ်။ ဦးဇီးကွက်က သတင်းပေးတဲ့ ငှက်များရဲ့ အမြင်အရ ရွှေယုန်ဟာ လမ်းမှာ အပျင်းကြီးပြီး အိပ်ပျော်သွားခဲ့တာကြောင့် ခုလိုဖြစ် ရကြောင်း လိပ်သာ အနိုင်ရ ကြောင်း အခြေအနေအရပ်ရပ်ကို သေချာစဉ်းစားပီး ဆုံးဖြတ်ခဲ့ပါ တယ်။

လိပ်ကို ချစ်တဲ့ ပရိသတ်တွေ ကတော့ စိတ်ပျော် ဝမ်းသာကြတာပေါ့။ ဘယ်လို ဖြစ်တာလဲလို့လည်း ရွှေယုန် ကို ဝိုင်းမေးကြပါတယ်။ “လိပ်ရဲ့ မေ့ဆေးကြောင့် သူ အိပ်ပျော်သွားကြောင်း၊ လိပ်ဟာ အင်မတန်ကောက်ကျစ်ယုတ်မာ ကြောင်း၊ော ပြိုင်ပွဲကို မတရားသဖြင့် အနိုင်ယူသွားကြောင်း.. စတာ စတာ " တွေ
မဟုတ်တာတွေပြောပါတယ်။

ဒီလိုနဲ့ပဲ စိတ်ထားဖြူစင်ပြီး သဘောကောင်းတဲ့ လိပ်ဟာ ကောက်ကျစ်စဉ်းလဲပြီး အကျင့်မ ကောင်းတဲ့ လိပ်ကို အပြေးပြိုင်ပွဲတစ် ခုမှာ အရေးနိမ့်ခဲ့ဖူးပါ တယ်။

တကယ်တော့ ကိုလိပ်ဟာ
ယုန်လာပီး ညနေရောက်တော့ သူ့ ‌သူငယ်ချင် မျောက်တွေကို အကြောင်းစုံပြောပြသောအခါ ကိုမျောက်အုပ်စုက အခုလိုစီစဉ်ထား
လ်ုက်ခဲ့တာပါ။

လိပ်ကို အရှက်ခွဲဖို့ လုပ်တဲ့ယုန်ကလည်း သူကိုယ်တိုင်ပဲ အရှက်ကွဲ အကျိုးနည်းခဲ့သလို
ဉဏ်အမြော်အမြင်ကြီးစွာဖြင့် အရာရာကိုသေချာစွာစဉ်းစားစီစဉ်ခဲ့သော ကိုလိပ်ဟာ သူငယ်ချင်းများရဲ့ အကူနှင့်အတူ ယုန်ရဲ့ မတရား စော်ကားမှုကို အောင်မြင်စွာ ကျော်လွန်နိုင်ခဲ့တာပေါ့ကွယ်။

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ