Max's sharing
?စာလေ့လာတဲ့အခါ အဓိကချက်တွေရေးမှတ်ဖို့အတွက် မှတ်စုစာအုပ် တစ်အုပ်လိုပါတယ်။ စာသင်ခန်းထဲမှာ ဖြစ်စေ online ပေါ်ကဖြစ်စေ lecture တွေနားထာင်တဲ့အခါ မှတ်စုမှတ်ခြင်းက အလွန်သုံးဝင်ပါတယ်။
မှတ်စုတွေလည်း မှတ်ပြီးပြီဆို ဘာဆက်လုပ်ရမလဲ။
ဒီအတိုင်းပဲ့ထားမယ်ဆို ဘာမှမထူးပါဘူး။ ဒါဆို ကျွန်တော်နဲ့အတူ ဒီနည်းလေးကို စမ်းကြည့်ရအောင်။
Blurting method (ရှေ့နောက်မကြည့်တဲ့အနည်း)
နံပါတ်(၁) ရေးမှတ်ထားတဲ့ မှတ်စုတွေကို သေသေချာချာ ဖတ်မှတ်ပါမယ်။
နံပါတ်(၂) မှတ်စုကို ကိုယ်နဲ့ဝေးရာမှာထားပြီး စာရွက်အလွတ်တစ်ချပ်ယူပါမယ်။
နံပါတ်(၃) မှတ်မိတဲ့ စာတွေကို ရသလောက် မှတ်စုမကြည့်ဘဲ ရေးချပါမယ်။
နံပါတ်(၄) မှတ်စုနဲ့ကြည့်ပြီး ပြန်လည်စစ်ဆေးပြီး မှားနေတဲ့အမှားတွေကို အမှတ်သားပြုရပါမယ်။
နံပါတ်(၅)Take break
၅မိနစ်လောက် နားပြီး စိတ်ကို ပေါ့ပါးနေစေရပါမယ်( ကော်ဖီသောက်တာမျိုး၊ ရေသောက်တာမျိုး၊လမ်းလျှောက်တာမျိုး)
နောက်ဆုံးအချက်
အဓိက အချက်တွေကို မှတ်မိသွားတဲ့အထိ ပြန်လည်ရေးချပါမယ်။
ဒီနည်းက သမာရိုးကျဆန်နေသလိုဖြစ်ပေမယ့် ဦးနှောက် memory ထဲရောက်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ကျောင်းသားကျောင်းသူများအတွက် သင့်တော်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
Max's sharing
Thanks for all✨
Keep Reading