Author's Profile Photo

Whisper of Words

15/11/2024

ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာမင်းပဲ

1 min read
Book Review
Novel
ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာမင်းပဲ's photo
"ဝဋ်ကြွေးတွေပါလာရင်လေ
ကံတွေရော ဥာဏ်တွေရော မကယ်နိုင်ဘူး အစ်ကိုရဲ့
ကျွန်တော်တို့မျက်ရည်တွေနဲ့ဆပ်ကိုဆပ်ကြရတယ်။"

-မယ်ညို
-ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာမင်းပဲ

"အချစ်မှာမျက်စိမရှိပါဘူး။ ဘာလို့ဆို အချစ်နတ်ဘုရားမက မျက်မမြင်မို့လို့ပါ"တဲ့။ ရိုမီရိုနဲ့ ဂျူလိယက်ပြဇာတ်ထဲက စားသားလေးပေါ့။
ဒါပေမဲ့ အချစ်မှာမျက်စိမရှိရင်တောင် ကိုယ့်မှာတော့ဦးနှောက်ရှိရတယ်။

မြူနှင်းမေတဲ့။ မချစ်သင့်တဲ့လူတစ်ယောက်ကိုမှ ချစ်မိသွားတဲ့ခပ်ရူးရူးကောင်မလေး...။
အိမ်ထောင်ရှိတဲ့ယောက်ျားတစ်ယောက်ကိုမှချစ်မိသွားပြီး သူ့အိမ်ထောင်ကိုလဲမပျက်စီးစေချင် ကိုယ်ငြိတွယ်နေတဲ့ ဆူးကိုလည်းဖြုတ်မချချင်တဲ့ကောင်မလေး... ။

"အချစ်ဆိုတာ အနံ့အရသာနဲ့ ပြည့်စုံတဲ့ အဆိပ်တစ်ခွက်ပဲ။" ဒါပေမဲ့ အဆိပ်မှန်းသိသိ ထွေးမထုတ်နိုင် မြိုလဲမချနိုင်ဘဲ ကံတစ်ပါးကိုကျူးလွန်ခဲ့မိလေရဲ့။

မိန်းမပျိုတစ်ယောက်က အိမ်ထောင်ရှိယောက်ျားတစ်ယောက်နဲ့ကျူးလွန်မိခဲ့ရင် ကိုယ့်ကာမကိုယ်ပိုင်တာမို့ ကာမေသုမိစ္ဆာစာရကံမမြောက်ပေမဲ့ သူတစ်ပါးအိမ်ထောင်ရေးကို ပြိုကွဲစေလိုတဲ့ဆန္ဒရှိရင်တော့ ဒီစေတနာဆိုးကြောင့်ပဲ အပါယ်လားနိုင်ပါသတဲ့။

ဒါပေမဲ့ မေ့မှာသူ့အိမ်ထောင်ကို ပြိုကွဲစေလိုတာမျိုးမရှိ။ သူ့ဇနီးသိသွားမှာကိုလည်း စိတ်ပူရင်း ရင်တထိတ်ထိတ်ဖြစ်နေရာကနေ ဇနီးဖြစ်သူသိသွားတဲ့အခါမှာတော့... ။

အချစ်ကိုဦးနှောက်ရှိရှိရွေးချယ်ပြီး "အစ်ကို"ဆိုတဲ့နာမ်စားလေးတစ်ခုအတွက်ပဲ အစ်ကို့ကိုရှောင်ဖယ်လိုက်ပါသတဲ့။ ဒါပေမဲ့ "အစ်ကို"ဆိုတဲ့နေရာကို "မောင်"ကအစားထိုးဝင်ရောက်လာခဲ့တယ်။

ဒါပေမဲ့
ဒါပေမဲ့...
ဝဋ်ဆိုတဲ့အရာကလည်း ဘဝမကူးခင် ခဏတာဖြစ်ဖြစ် အလည်ရောက်လာတတ်တာပဲမဟုတ်လား။ မောင့်မှာလည်း "နွယ်" ဆိုတဲ့တစ်ယောက်ရှိလာခဲ့တယ်။

စာအုပ်ထဲကအတိုင်း‌ပြောရရင် တစ်ယောက်နေရာတစ်ယောက်မခံစားဖူးဘဲ ကိုယ်ချင်းစာစိတ်ဆိုတာကို သိနိုင်မှာမဟုတ်ဘူး။

မဖြစ်နိုင်ဘူးဆိုပြီး
ချလိုက်တဲ့စည်းမှာ။
သူ့ဘက်ကလည်းငို
ကိုယ့်ဘက်ကလည်းပြိုရင်း....

သိပ်ချစ်ရတဲ့မောင့်ကို နွယ့်လက်ထဲထည့်ပေးလိုက်တဲ့မေ...

စာအုပ်လေးက တစ်ကယ်ပါးပါးလျလျလေးပါပဲ။ စာရေးသူမယ်ညိုကလည်း ပေးချင်တဲ့မက်ဆေ့ကို စာဖတ်သူရင်ထဲ သွက်လက်တဲ့ရေးဟန်မျိုးနဲ့ထည့်ပေးတာမို့လို့ အချိန်ကုန်ရတာအကျိုးလည်းရှိ ပညာလည်းရတဲ့စာအုပ်လေးမို့ ဖတ်ကြည့်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။

#မယ်ညို
#ငါကျူးလွန်မိတဲ့ကံတစ်ပါးဟာမင်းပဲ
#Review_by_NuNu

စာအုပ်ဖတ်ပါ
https://t.me/TheBookR

Keep Reading

တောရိုင်းမြေသုံးနှစ်သုံးမိုးမိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။Ernest Hemingway ဘဝဟာသများဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ မိတ်ဆွေမှရန်သူဖြစ်သွားခြင်းပင်လယ်ဝံပုလွေအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးThe Gentleman in the Parlour