Zinmon
စာအုပ်လေးက “နှလုံးသားကိုဖွင့်တဲ့သော့”တဲ့
ခေါင်းစဉ်အခွဲလေးတွေက အခု”၃၀”လောက်ရှိပါတယ်။
ဆရာမလွန်းထားထားစာအုပ်ကိုယ်ပထမဆုံးအကြိမ်ဖတ်ခြင်းနဲ့review ပေးခြင်းပါပဲရှင့်
အချစ်နဲ့ပတ်သက်ပြီးရေးဖွဲ့ထားတာနူးညံ့မှုရှိလိုက်တာလို့ခံစားရတဲ့အထိဆရာမအရေးအသားကိုသဘောကျမိတယ်။
အချစ်ကလူတိုင်းနဲ့မကင်းဘူးမလား။မိသားစုကြား၊သူငယ်ချင်းမိတ်ဆွေတွေကြား၊လူ့အဖွဲ့အစည်းကြားမှာအချစ်နဲ့ပဲတည်ဆောက်ထားကြတယ်လေနော်။
အထူးသဖြင့်ချစ်သူရည်းစားကြားဆို အချစ်နဲ့တောင်ပိုမကင်းကြဘူးမလား။
ချစ်တယ်ဆိုတဲ့နေရာမှာကိုယ်အလုံးစုံအနစ်နာခံပြီးသူအဆင်ပြေပါစေလို့လည်းမဖြစ်သင့်သလို
သူအလုံးစုံချစ်ခြင်းမေတ္တာပေးပြီးကိုယ်ဘက်ကအေးတိအေးစက်အပြုအမူတွေနဲ့မဆက်ဆံသင့်ပါဘူး။မျှတစွာပေးနိုင်တဲ့ချစ်ခြင်းတွေကပျော်ရွှင်သောချစ်ခြင်းဖြစ်တယ်ပေါ့။
ပိုသတိထားမိတဲ့စာကြောင်းက”အချစ်မှာတစ်ဖက်
သတ်ဆိုတာသိပ်ရှားပါတယ်။ကိုယ်ကလူတစ်ယောက်ကိုတစ်ဖက်သတ်ကြီးဇွတ်အတင်းချစ်ခင်စွဲလန်းနေပြီးသူ့ဘက်ကတုံ့ပြန်မှုမရှိဘူးဆိုတာဟာအချစ်သက်သက်တော့မဖြစ်နိုင်ပါဘူး။ဒါကတစ်ဖက်သတ်စွဲလန်းခြင်းသာဖြစ်ပါတယ်”တဲ့(စာ-၂၇) ဒါကကျွန်မအပါအဝင်လူတွေအများကြီးဖြစ်လေ့၊ဖြစ်ထရှိတယ်လို့မြင်ပါတယ်။အာ့ကြောင့်ကိုယ့်အချစ်ကဘယ်လိုမျိုးလဲဆိုတာပြန်သုံးသပ်သင့်ပါတယ်။စွဲလန်းခြင်းဘက်မရောက်အောင်ကိုယ့်ကိုကိုယ်သတိထားသင့်တဲ့အရာတစ်ခုပေါ့…..
တစ်ချို့ ချစ်ခြင်းမေတ္တာတွေက လှောင်အိမ်မှာပိတ်မိ
ပြီးသိပ်မွန်းကြပ်လာရင် ကိုယ့်ကိုကိုယ်အနားပေးဖို့
လိုပါတယ်။လက်လွှတ်သင့်ရင် လက်လွှတ်ရမယ်
ပေါ့။
“အနှောင်အဖွဲ့တိုင်းဟာ….မက်မောစရာမဟုတ်ပါဘူး…။ကိုယ်ထိန်းချုပ်လို့မရတဲ့ …ကိုယ့်ကိုနာကျင်လေးလံစေတဲ့အနှောင်အဖွဲ့ဆိုရင် လက်လွှတ်လိုက်ဖို့ဝန်မလေးစေချင်ပါ” (စာ-၆၅)
“ကိုယ်ကလိုက်နေစရာမလိုဘဲကိုယ်နဲ့ထိုက်တန်တဲ့သူကကိုယ့်ဆီအလိုလိုရောက်ရှိလာမှာပဲဖြစ်ပါတယ်။ဒါကြောင့်လူတစ်ယောက်ရဲ့အချစ်ကိုရဖို့အတွက်မလိုက်ပါနဲ့….ဆွဲငင်ပါ။ဆွဲငင်ဖို့အတွက်လုံလောက်တဲ့အရည်အသွေးတွေကိုယ့်မှာပြည့်ဝနေပါစေ”တဲ့ (စာ-၁၃၉)
နောက်ဆုံးခေါင်းစဉ်ကျွန်မသဘောကျမိတဲ့စာကြောင်းလေးက
————————————————————
“ပျော်ရွှင်ခိုင်မြဲနေတဲ့ဆက်ဆံရေးတိုင်းမှာ…မျှော်လင့်ချက်တွေနည်းနည်းလေးပဲထားတတ်ကြပါတယ်”(စာ-၁၄၀)
“ဘယ်သူ့ဆီကပဲဖြစ်စေ…မျှော်လင့်ချက်မထားလေလေကိုယ့်မှာလွတ်လပ်ပေါ့ပါးပျော်ရွှင်ရလေပါပဲ”(စာ-၁၄၁)
ဒီစာအုပ်ဖတ်နေချိန်မှာကိုယ့်ကိုကိုယ်ဘယ်လိုလူလဲဆိုတာပိုသိလာတယ်။မျှတစွာချစ်ခြင်းမေတ္တာနဲ့ချစ်မှပျော်ရွှင်နိုင်မယ်ဆိုတာလည်းလက်ခံလာတယ်။ဒီဆက်ဆံရေးမှာ နာကျင်နေရင် လက်လွှတ်ဖို့လည်း
ဝန်မလေးတော့သလို မျှော်လင့်ချက်မထားဖို့ ပိုပြီးသတိထားဖြစ်လာတယ်။
စာဖတ်သူတွေလည်း”နှလုံးသားကိုဖွင့်တဲ့သော့”လို
-ရိုးသားမှုသော့
-ယုံကြည်မှုသော့
-နားထာင်ပေးတတ်ခြင်းသော့
-ကိုယ့်ဘက်ကစပြီးအားထုတ်မှုရှိခြင်းသော့
-အလိုက်သိတတ်ခြင်းနဲ့ယဉ်ကျေးချိုသာခြင်း
သော့
ချစ်သူရည်းစားကြားမှာဒီသော့(၅)ချက်နဲ့ပြည့်စုံနေရင် ပျော်ရွှင်သောချစ်ခြင်းမေတ္တာတွေ
ပိုင်ဆိုင်ရမှာပါရှင့်
စာreviewလေးကိုယ်သေချာစွာဖတ်ရှု့သောစာချစ်သူများပျော်ရွှင်သောချစ်ခြင်းမေတ္တာပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းရင်….
#ဆရာမလွန်းထားထား
#bookreview
#Zinmon
Photo card
Keep Reading