စာရေးသူ
စာဖတ်သူတို့ ယုံနှင့်လိပ်ပုံပြင်ကိုကြားဖူးကြပါသလား။လူကြီးမင်းတို့ခင်ဗျာ ကျွန်တော်ကလိပ်တစ်ကောင်ပါ။ ဒါပေမယ့် လုံလောက်တဲ့အချိန်တစ်ခုသာပေးရင် မည်သူကိုမဆို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ဒီလိုမျိူးပြောနိုင်ခြင်းက ကျွန်တော်အနေနဲ့ စုပေါင်းသက်ရောက်မှု(Compound Effect)ကို ယုံကြည်လို့ပါပဲ။ ဒီအတွက် ကျွန်တော့်အဖေကို ကျေးဇူးတင်ရပါမယ်။
စာရေးသူငယ်ဘ၀က လူလားမြောက်တဲ့အရွယ်မှာပဲ မိဘနှစ်ပါးဟာကွာရှင်းခဲ့ကြပြီး အဖေ ဖြစ်သူနဲ့ အတူနေထိုင်ခဲ့ကြပါတယ်။အဖေက တက္ကသိုလ်ဘောလုံးနည်းပြဟောင်းတစ်ယောက်ဖြစ်ပြီး သွေးအေးအေးနဲ့ ဆင်ခြေမရှိသူ(No Excuse Guy)တစ်ယောက်လည်းဖြစ်ပါတယ်။
အဖေပြောခဲ့တဲ့ စကားတစ်ခုက
မင်းဘယ်လောက်တော်နေပါစေအရေးမကြီးဘူး မင်းမှာရှိတဲ့အားနည်းချက်ကို ဖြည့်တင်းရမယ်။မင်းရဲ့ပြိုင်ဖက်က မင်းထက် အတွေ့အကြုံ၊ ပါရမီနဲ့ အသိပညာ ပိုတော်နေရင်တောင် မင်းကသူ့ထက် နာရီပေါင်းများစွာပိုကြိုးစားရင် အနိုင်ယူနိုင်ပါသေးတယ်။
ဘယ်အခြေအနေပဲရောက်ရောက် ကြိုးစားလေ့ကျင့်ဖို့ အဖေက အမြဲတိုက်တွန်းခဲ့တယ်။ဘောလုံးလိမ်ခေါက်ရာမှာ ညံ့နေသလား တစ်နေ့ကိုအကြိမ်ပေါင်းများစွာလေ့ကျင့်။ဘက်စကတ်ဘောပစ်တဲ့နေရာမှာ ညံ့နေသလား တစ်နေ့ကိုအကြိမ်တစ်ထောင်ပစ်။သင်္ချာညံ့နေသလား သင်ကြားပြသသူနဲ့ နာရီပေါင်းများစွာလေ့ကျင့်လိုက်။ဆင်ခြေမရှိနဲ့။ဒီလိုမျိုး မလျှော့တဲ့ဇွဲလုံ့လတွေနဲ့ အဖေက ဘောလုံးနည်းပြဟောင်းတစ်ယောက်ဘ၀ကနေ ထိပ်တန်း အရောင်းပညာရှင်တစ်ဦးဖြစ်လာပြခဲ့တာပါပဲလေ။
ပညာရေးမှာလည်း ကျွန်တော်တို့ကို တစ်ခုချင်းစီလိုက်ပြောနေမယ့်သူတစ်ယောက်
မဟုတ်ခဲ့ဘူး။ရလဒ်ကိုပြလိုက်ရုံပဲ။ကျွန်တော်တို့ ရလဒ်ကောင်းရင် ခြောက်ခုဆင့် ရေခဲမုန့်ကြီးဆုချမှာဖြစ်ပြီး ကစားကွင်းကိုပါသွားရမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့အဖြေက "No" ပါ။ဒီလိုစည်းစနစ်ကျမှုတွေကြောင့်ပဲ အဖေက ကျွန်တော့်အတွက် နံပါတ်တစ်"Idol"တစ်ယောက်ဖြစ်နေတာပါ။
အဖေပြောခဲ့တဲ့စကားတစ်ခုက…
“No”လို့ပြောတဲ့လူတစ်ယောက်ဖြစ်ရမယ် မင်းလူအုပ်ကြီးကိုငြင်းရမယ်။ဒီလူအုပ်ကြီးနဲ့သွားနေလို့ မင်းအတွက် ကောင်းကွက်တစ်ခုမှမရှိဘူး။လူအုပ်ကြီးထဲကထွက်ပြီး တစ်မူထူးခြားသူတွေကပဲ ပန်းတိုင်ကိုရောက်နိုင်တယ်။
ဒါကြောင့်ပဲ မှတ်မှတ်ရရကျွန်တော် ဘယ်တုန်းကမှအရက်သေစာ မသောက်စားခဲ့ပါဘူး။အဖေ့ရဲ့ကျေးဇူးတွေကြောင့်ပဲ အသက်တစ်ဆယ့်ရှစ်နှစ်မှာ ၀င်ငွေလမ်းကြောင်းခြောက်ခုနဲ့ အိမ်ပိုင်ယာပိုင်ဖြစ်လာခဲ့တယ်။အသက်နှစ်ဆယ့်ခုနှစ်နှစ်မှာ မီလီယံနာတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။
စာရေးသူရဲ့အောင်မြင်မှုနောက်ကွယ်မှာ စုပေါင်းသက်ရောက်မှု(Compound Effect )က ကိန်းအောင်းနေပါတယ်။ဒါကိုယုံကြည်လာရခြင်းမှာလည်း အဖေကရှေ့ဆုံးမှ သက်သေပြခဲ့လို့ပါပဲ။သင့်အနေနဲ့ လူအုပ်ကြီးလိုပဲတွေးရင်တော့ စုပေါင်းသက်ရောက်မှုကို ယုံကြည်ချင်မှယုံကြည်မှာပါ။ကျွန်တော်အပြစ်မပြောပါဘူး။စာဖတ်သူတို့ စုပေါင်းသက်ရောက်မှုကို မထိတွေ့ရခြင်းက
“တစ်ခဏအတွင်း၊အဆင်သင့်၊ချက်ချင်း”
စတဲ့ ကြော်ငြာပေါင်းများစွာရဲ့ လွှမ်းမိုးခြင်းခံနေရလို့ပါပဲ။ထိုသို့သော ပုံပြင်ဆန်ဆန် ပရိယာယ်တွေမှာပဲ မလျှော့သော ဇွဲ၊လုံ့လ၊ဝီရိယ ဟာပျောက်ဆုံးလာပြီး ကြိုးစားအားထုတ်ခြင်းကို တန်ဖိုးထားမှုကင်းမဲ့လာကြပါတော့တယ်။
နောက်ပိုင်းအခန်းတွေမှာဆက်လက်ဖော်ပြပါအုံးမည်……
Keep Reading