Author's Profile Photo

ကျော်ဇောအောင်

13/11/2024

(ကြေးမုံ) သတင်းစာထဲမှ ဆောင်းပါးပြိုင်ပွဲ ဖိတ်ကြားလွှာ။

1 min read
Book Review
(ကြေးမုံ) သတင်းစာထဲမှ ဆောင်းပါးပြိုင်ပွဲ ဖိတ်ကြားလွှာ။'s photo

ဒီဆောင်းပါးပြိုင်ပွဲလေးက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ သုံးရက်နေ့ အင်္ဂါနေ့မှာ ကျရောက်မယ့် " အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ " အထိမ်း/မှတ် အဖြစ် ကျင်းပတဲ့ (အလွတ်တန်း) ပြိုင်ပွဲပဲ ဖြစ်ပါတယ်။

ဆောင်းပါးပြိုင်ပွဲအတွက် လိုအပ်တဲ့ စည်းကမ်းချက်တွေကို အောက်မှာ အသေးစိတ် ထပ်မံပြီး ဖော်ပြပေးချင်ပါတယ်။

[အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း။

၁။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် "Amplifying the leadership of persons with disabilities for an inclusive and sustainable future"ကို "အနာဂတ်မှာ အားလုံး ရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှု မြှင့်တင်ပေး"ဟူ၍ မြန်မာဘာသာသို့ ပြန်ဆိုထားရှိပြီးဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ စာပေဝါသနာရှင်များအနေဖြင့် ယခုနှစ်အတွက် သတ်မှတ်ထားရှိသည့် ဆောင်ပုဒ်နှင့် အညီ ဆောင်းပါးပါဝင် ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ဆောင်းပါးတွင် အောက်ဖော်ပြပါ အချက်များ ထည့်သွင်းရေးသားသင့်ပါသည်-

(က) မသန်စွမ်းသူများအတွက် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာလှုပ်ရှားဆောင်ရွက်မှုများ၊

(ခ) အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ပေါ်ပေါက်လာပုံ၊

(ဂ) အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ကျင်းပရသည့် ရည်ရွယ်ချက်၊

(ဃ) မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ဖော်ပြပါရှိသော တန်းတူအခွင့်အရေးများ၊

(င) နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များ၊

(စ) မသန်စွမ်းသူများကြုံတွေ့နေရသည့် အတားအဆီးတို့နှင့် စပ်လျဉ်း၍ ထင်မြင်ယူဆချက် (ဥပမာ - မသန်စွမ်းသူများ လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ နေထိုင်ရှင်သန်နိုင်ရေးအတွက် ကြုံတွေ့နေရသည့် အခြေခံအဆောင်အဦဆိုင်ရာ၊ လူ့အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများ၊ မသန်စွမ်းသူများအပေါ် ၎င်းအတားအဆီးတို့၏ အကျိုးသက်ရောက်မှုနှင့် အတားအဆီးကင်းသော ပတ်ဝန်းကျင်၏ အဓိပ္ပါယ်)၊

(ဆ) မသန်စွမ်းသူများ၏ အခွင့်အရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ SDGs နှင့် ချိတ်ဆက်နေကြောင်း ရှင်းလင်းတင်ပြချက်၊

(ဇ) အကြုံပြုချက်များ၊

(ဈ) သတ်မှတ်ချက် - ပြိုင်ပွဲဝင်ဆောင်းပါးသည် ကွန်ပျူတာဖြင့်ဆိုပါက Pyidaungsu Font 13 ဖြင့် A4 (၄) မျက်နှာထက် မပိုစေရ၊ လက်ရေးစာမူဖြစ်ပါက A4 (၆) မျက်နှာထက် မပိုစေရ။

၃။ ပါဝင်ယှဉ်ပြိုင်သူများသည် မိမိတို့ ရေးသားယှဉ်ပြိုင်မည့် ဆောင်းပါးတို့ကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲ တယ်လီဖုန်းအမှတ်-၀၆၇-၃၄၀၄၆၀၃၊ ၀၆၇-၃၄၀၄၆၀၄နှင့် [email protected] တို့ထံ ဆက်သွယ်၍ (၁၄-၁၁-၂၀၂၄)ရက်၊ ကြာသပတေးနေ့၊ ညနေ(၁၆:၀၀) နာရီအထိ နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပါသည်။

၄။ ပေးပို့လာသည့် ဆောင်းပါးစာမူတို့ကို ဆောင်းပါး(စာမူ)စိစစ် ရွေးချယ်ရေးအဖွဲ့ဖြင့် ရွေးချယ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုများအား ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။]

အခု ဖော်ပြပေးခဲ့တာတွေက ဆောင်းပါးပြိုင်ပွဲရဲ့ စည်းကမ်းချက်နဲ့ သီတင်းအချက်/လက်တွေပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးက SarPhatမှာ " သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ဆောင်းပါးပြိုင်ပွဲ " ကို ပါဝင်ရေးသားပြီးသူများအတွက် ရည်ရွယ် (အသိပေး) အကြောင်းကြားတဲ့ စာပဲ ဖြစ်ပါတယ်။ (အကြောင်းအမျိုးမျိုးကြောင့် SarPhat appမှာ " သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ပြိုင်ပွဲ " မပါဝင်ဖြစ်သူများအတွက်လည်း အဆင်ပြေစေမယ့် " အလွတ်တန်းဆောင်းပါးပြိုင်ပွဲ " ဖြစ်တယ်။)

စကားမစပ် စာမူနောက်ဆုံးပေးပို့ရမယ့် ရက်က (၁၄-၁၁-၂၀၂၄) ရက်၊ ကြာသပတေးနေ့၊ မနက်ဖြန် ညနေပိုင်း (၄) နာရီ အထိသာ ဖြစ်လို့ ဒီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ချင်တဲ့ စာရေးသူများ ဒီစာကို ဖတ်ပြီးချိန်က စပြီး ဆောင်းပါး စ ရေးဖို့ အလေးအနက်ထားပြီး တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

ကိုးကား - ၁၃ရက်နေ့၊ နေ့စဉ်ထုတ် (ကြေးမုံ)သတင်းစာ။
Photo edit with Chatgpt application.

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ