Author's Profile Photo

Whisper of Words

11/11/2024

မမရေချယ်

1 min read
Book Review
Art
Novel
မမရေချယ်'s photo

"သံသယစိတ်ဟာ တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်နိုင်တယ်" ဆိုတဲ့စကားဟာ အင်မတန်မှန်တဲ့စကားဖြစ်ကြောင်း ဒီစာအုပ်ကသက်သေပါပဲ။

စာအုပ်ကတော့ ၁၉ရာစုကိုအခြေတည်ထားပြီး အင်းဘရော့အက်ရှ်လေရဲ့ဇနီးဖြစ်သူ မမရေချယ်အပေါ် တစ်မျိုးပြီးတစ်မျိုးမြင်နေတဲ့ ဝမ်းကွဲညီ ဖီးလစ်အက်ရှ်လေရဲ့ သံသယစိတ်တွေကို Psycho ဆန်ဆန်တွေ့မြင်ရမှာဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် အီတလီမှာ ဆောင်းခိုသွားတဲ့အင်းဘရော့ဟာ ရေချယ်ဆိုတဲ့ ဆွေမျိုးခပ်ဝေးဝေးထဲက အမျိုးသမီးတစ်ဦးနဲ့လက်ထပ်ရာကစ,ပါတယ်။

လက်ထပ်ပြီးစ ရွှေရောင်အချိန်တွေမှာ အဆင်ပြေပြေဖြစ်နေခဲ့ပြီး ညီဖြစ်သူဆီရေးတဲ့စာတွေမှာလည်း ဇနီးချောရေချယ်ရဲ့ ‌တော်ပုံ၊ ထက်မြက်ပုံတွေကို တသီကြီးကိုပြောပြထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်း အင်းဘရော့မှာ ဦးနှောက်အကျိတ်တည်ရောဂါဖြစ်လာပါတယ်။ ရောဂါအခြေအနေကြောင့် အရာအားလုံးကိုစိတ်မကြည်ရာကနေ ဇနီးဖြစ်သူကိုပါ အမြင်တွေစောင်းလာပါတယ်။

ဇနီးဖြစ်သူဟာ အပြင်မှာတစ်ခြားသူနဲ့ဖောက်ပြန်နေပြီး သူ့ကိုအဆိပ်ခပ်သတ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ရောက်တဲ့ စာမျိုးကိုလည်း ‌ညီဖြစ်သူ ဖီးလစ်ဆီပို့ခဲ့ပြန်ပါသေးတယ်။ ဒီစာတွေကြောင့်ပဲညီဖြစ်သူဟာ အီတလီကိုလိုက်သွားပေမဲ့ ရောက်တဲ့အချိန်မှာတော့ အင်းဘရော့ဟာ တိမ်းပါးနှင့်ပြီးဖြစ်နေပါလေကော။

သေဆုံးပြီး‌နောက်ရက်မှာပဲ မမရေချယ်ဟာ အင်္ဂလန်က ဖီးလစ်ဆီ အစ်ကိုဖြစ်သူရဲ့ပစ္စည်းတွေယူပြီးလိုက်လာပါပြီ။

အစပိုင်းမှာတော့ ဖီးလစ်ဟာ မမရေချယ်ကိုမုန်းတီးနေပေမဲ့ မမရေချယ်ရောက်လာပြီး စကားပြောပြီးချိန်မှာပဲ မမရေချယ်ဟာ မိန်းမကောင်းတစ်ဦးဆိုတာ လက်ခံခဲ့ပါ‌တယ်။

အစ်ကိုဖြစ်သူရဲ့သေတမ်းစာအရ အသက်နှစ်ဆယ့်ငါးနှစ်ပြည့်ရင် ပိုင်ဆိုင်မှုတွေက ဖီးလစ်အပိုင်ဖြစ်လာမှာပါ။ ဒါပေမဲ့ မရေချယ့်ကို အမတစ်ယောက်ဆိုတာထက် ပိုချစ်မိနေတဲ့ဖီးလစ်ဟာ အစ်ကို့ပိုင်ဆိုင်မှုတွေကို ချွင်းချက်လေးနဲနဲလောက်ချန်ပြီး အကုန်လွှဲပေးလိုက်ပါတယ်

"အားလုံး မမရေချယ်အတွက်ချည်းပဲ။ ကမ္ဘာကြီးတစ်ခုလုံးကို ကျွန်တော်ရရင်လည်း မမရေချယ်ကိုပေးမှာပဲ" ဆိုတဲ့စကားကို ဖီးလစ်ကိုယ်တိုင်ပြောခဲ့တာပါပဲ။ ဒါပေမဲ့ ဖီးလစ်ကိုယ်တိုင်ကပဲ သူသောက်မဲ့ရေနွေးကြမ်းထဲ မမရေချယ်က ငုပန်းစေ့တွေထည့်ပြီး အဆိပ်ခပ်တော့မယ်လို့ ‌ထင်နေပြန်တယ်။

မမရေချယ်ကို ချစ်‌တုံးကချစ်ပြီးပိုင်ဆိုင်မှုတွေအကုန်လွှဲပေးပြီးမှ ဖီးလစ်ဟာ မမရေချယ်ကို အစ်ကိုဖြစ်သူရဲ့ ပိုင်ဆိုင်မှု‌တွေကြောင့် အင်္ဂလန်ကိုရောက်လာခဲ့တယ်လို့ ထင်နေပါကော။

ဆိုတော့ ဆက်ရေးရရင် အရသာပျက်မှာစိုးမိတဲ့အတွက် ဒီစာအုပ်ကို ကိုယ်တိုင်ပဲဖတ်ကြည့်စေချင်ပါတယ်။
ရသအစုံစုံကို ရင်သပ်ပြီးဖတ်ရမှာဖြစ်တဲ့အပြင် မမရေချယ်ဟာ လူကောင်းလား၊ လူဆိုးလား။ အစ်ကိုဖြစ်သူအင်းဘရော့ကို တစ်ကယ်သတ်ခဲ့သလား မသတ်ခဲ့ဘူးလားဆိုတာ ဖီးလစ်နဲ့အတူတွေးရင်း ဦးနှောက်တွေပါထူပူပြီး ခေါက်ခြောက်တယ်ဆိုတဲ့စကားလုံးကိုလဲ အပြည့်အဝနားလည်အောင်လုပ်ပေးနိုင်တဲ့စာအုပ်ဖြစ်လို့ ဖတ်ကြည့်ပါလို့ပဲတိုက်တွန်းလိုက်ပါတော့တယ်ရှင်။

#Review_by_NuNu

စာအုပ်ဖတ်ရန်
https://t.me/TheBookR


Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ