Author's Profile Photo

Tawtawti

9/11/2024

"ချယ်ရီရောင်ချစ်ခြင်းအယ်လ်ဘမ်"ကဗျာစာအုပ်အတွက် စာရေးဆရာ သရနောင်ရေးပေးတဲ့ စာအုပ်ရီဗျူး

1 min read
Book Review
Poetry
Art
"ချယ်ရီရောင်ချစ်ခြင်းအယ်လ်ဘမ်"ကဗျာစာအုပ်အတွက် စာရေးဆရာ သရနောင်ရေးပေးတဲ့ စာအုပ်ရီဗျူး's photo

ချယ်ရီ ကော်ဖီ တော်တော်တည်
++++++++++++++++++++++

စာအုပ်အမည်လေးက
"ချယ်ရီရောင်ချစ်ခြင်းအယ်လ်ဘမ်"တဲ့
အမည်လေးကလည်း သိပ်ကဗျာဆန်သလို
စာအုပ်လေးကလည်း သိပ်ချစ်စရာ
ဆောင်းနံနက်ခင်းရဲ့
လေနုအေးအေးလေးတွေကိုအန်တုရင်း
ကျနော်ရယ် ကော်ဖီရယ် တော်တော်တည်ရယ်။

သိပ်ချစ်တတ်တဲ့ သူရဲ့စားသားလေးတွေကိုဖတ်ရင်း
သိပ်လွမ်းတတ်တဲ့ကျနော် စီးမျှောသွားခဲ့ရပါတော့တယ်။
"မီး"လို့ သူတင်စားတဲ့
တောင်ပေါ်သူလေးကိုချစ်တဲ့အကြောင်း
ပန်းမြို့တော်က ပန်းတွေထက်တောင်လှပတဲ့အကြောင်း
သီကုံးဖွဲ့သီထားတဲ့ အချစ်ကဗျာ အလွမ်းစာလေးတွေက
သူရဲ့ချစ်ခြင်းမေတ္တာကြီးမားပုံကို ဖော်ပြနေလေရဲ့။

ခုတော့ သူရဲ့မေမြို့သူလေးနဲ့
ပန်းမပေးခဲ့ရပဲ အလှမ်းဝေးခဲ့ရလေပြီ။
သူပေးခဲ့တဲ့ အလွမ်းတွေရယ်
သူခေါ်ခဲ့တဲ့ "ကိုကို"ဆိုတဲ့နမ်စားလေးရယ်
သူ့ကိုရည်ရွယ်ပြီးရေးထားတဲ့
ဟောဒီ ချယ်ရီရောင်ချစ်ခြင်းအယ်လ်ဘမ်လေးရယ်
နေသားမကျတကျ ရှိနေရှာရောပေါ့။

အကယ်၍များ
သူ မေမြို့ရောက်ခဲ့ရင်
ချယ်ရီပင်တွေမြင်ရင်လည်း သတိရနေလိမ့်အုံးမယ်။
ထင်းရှူးပင်တွေကြားရောက်ရင်လည်း
လွမ်းမိနေလိမ့်အုံးမယ်။
ဒီဇင်ဘာခြံရောက်ရင်လည်း
နွားနို့တစ်ခွက် သောက်မိအုံးမယ်ထင်တယ်။

ပြည်ချစ်ဘုရားမှာလည်း
ချစ်တဲ့သူအနား
မခွဲစတမ်း နေချင်တဲ့အကြောင်း
တိုင်တည်မိလိမ့်အုံးမယ်လို့
ကျနော် ယုံကြည်နေမိပါတော့တယ်။

ကျနော်ရယ် ကော်ဖီရယ် တော်တော်တည်ရယ်။

#သရာနောင်

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ