မြသွန်း(တောင်ဒဂုံ)
?ကျောင်းတက်စဉ်တုန်းက ကလေးပေါက်စနလေးဟာ သူ့သူငယ်ချင်းကောင်မလေးကို လက်ထက်ယူသွားမှာလို့ပြောတော့ အားလုံးကဝိုင်းရယ်ခဲ့ကြပါတယ်။ ဒါမယ့်အခုလို အရွယ်ရောက်လာတဲ့အချိန်မှာတော့ အားလုံးဟာ ဒီကောင်လေးလုပ်ပြသွားတာကြောင့် အံ့ဩသွားခဲ့ရပါတယ်။ ဒါဆိုရင် သူပြောခဲ့သလို တကယ်ပဲလက်ထက်ယူသွားခဲ့တာလား? ဒါမှမဟုတ် ကလေးစကားက အရူးစကားဆိုတဲ့အတိုင်းပဲ ဖြစ်သွားမလား? ဒါကတော့ Mattလို့ခေါ်တဲ့ကောင်လေးနဲ့ Lauraလို့ခေါ်တဲ့ကောင်မလေးတို့ရဲ့ ကြည်နူးစရာlove storyလေးပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ မူကြိုကျောင်းတက်တဲ့အရွယ်ကတည်းက တစ်ကျောင်းတည်းတက်ခဲ့ကြပြီးတော့ တစ်ယောက်ကိုတစ်ယောက်လည်း အရမ်းကိုမှ ခင်မင်ခဲ့ကြပါတယ်။
?အစပိုင်းမှာတော့ သူတို့သူငယ်ချင်းနှစ်ယောက်ကို ဘယ်အရာကမှ ခွဲလို့မရခဲ့ပါဘူး။ ဒီပုံလေးကိုရိုက်တုန်းကဆိုရင် သူတို့ရဲ့အသက်က (၃)နှစ်သာသာပဲရှိပါသေးတယ်။ နောက်ပြီး သူတို့ရဲ့မေတ္တာတွေ၊ သံယောဇဉ်တွေ၊ ကံကြမ္မာတွေက ဘယ်လောက်တောင်ချည်နှောင်မိနေပြီလဲဆိုတာကိုသိရင် ဘယ်သူမှ ယုံနိုင်ကြမှာတောင်မဟုတ်ပါဘူး။ တစ်ရက်မှာတော့ Mattဟာ နေ့ကလေးထိန်းကျောင်းမှာ Lauraကိုလက်ထပ်မယ်ဆိုပြီးတော့ တည်တည်တံ့တံ့နဲ့ကြွေးကြော်လိုက်တာကြောင့် ဆရာမတွေရော၊ ကျောင်းသားတွေပါအကုန်လုံး သူ့ကိုဝိုင်းလှောင်ခဲ့ကြပါတယ်။ ဒီလိုလူမမယ်ကလေးငယ်ရဲ့ချစ်စကားက အရွယ်ရောက်ပြီးလက်ထပ်ယူလောက်တဲ့အထိ ဆန်းကြယ်သွားလိမ့်မယ်လို့ ဘယ်သူမှမထင်ခဲ့ကြပါဘူး။
?ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ အသက်(၁၅)(၂၀)လောက်အထိ အတူတူကြီးပြင်းခဲ့ကြပါတယ်။ ဒါမယ့်စိတ်မကောင်းစွာနဲ့ပဲ တစ်ခြားသူတွေထင်နေခဲ့ကြတာက မှန်နေခဲ့ပါတယ်။ နောက်ထပ်နှစ်အနည်းငယ်အကြာမှာပဲ သူတို့နှစ်ဦးဟာ ကွဲကွာသွားခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ အခြေနေအမျိုးမျိုးကြောင့် ကျောင်းပြောင်းရတာတွေ၊ မတူညီတဲ့ရည်မှန်းချက်ခရီးတွေကြောင့် အခုလိုတစ်ယောက် တစ်နေရာဆီ ဖြစ်သွားခဲ့ကြတာပါ။ ဒီလိုနဲ့သူတို့နှစ်ယောက်လည်း တစ်ပူးပူးတစ်တွဲတွဲဖြစ်နေကြတဲ့သူငယ်ချင်းဘဝကနေ သူစိမ်းတွေလိုစိမ်းသွားခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အသည်းခိုက်စရာဇာတ်လမ်းလေးလည်း စတင်ပါတော့တယ်။ တစ်ရက်မှာ Mattက သူနဲ့Lauraအတူရိုက်ထားတဲ့ဒီပုံလေးကို ရှာတွေ့သွားပြီးတော့ သူ့ရဲ့ memoryတွေ၊ ခံစားချက်တွေအားလုံးကလည်း ပြန်ပြီးအသက်ဝင်လာခဲ့ပါတယ်။
?အဲ့လိုနဲ့တစ်ခဏချည်းမှာပဲ Matt တစ်ယောက်အကြံတစ်ခုရသွားပါတယ်။ အဲ့တာကတော့ Lauraကိုလိုက်ရှာပြီးတော့ သူ့ရဲ့ခံစားချက်တွေအားလုံးကို ဖွင့်ပြောတော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။ ဒီလိုနဲ့သူလည်း Lauraကို အတတ်နိုင်ဆုံးရှာဖွေပါတော့တယ်။ ကံကောင်းတာတစ်ခုက ဒီလိုအင်တာနက်ခေတ်ကြီးထဲမှာ ဘယ်အရာကိုပဲဖြစ်ဖြစ် အလွယ်တကူရှာတွေ့နိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့်Mattလည်း ကောင်မလေးကိုရှာတဲ့နေရာမှာ အလျင်မြန်ပဲအောင်မြင်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာဖြစ်ပျက်သွားတာတွေကို ဘယ်သူကမှမယုံနိုင်ဘဲဖြစ်နေကြပါတယ်။ တကယ်တော့Mattဟာ သူငယ်ငယ်ကကြွေးကြော်ခဲ့တဲ့အတိုင်း ကောင်မလေးကိုချစ်ခွင့်ပန်ပြီးတော့ လက်ထပ်ခွင့်တောင်းလိုက်တာပါ။ ကောင်မလေးကလည်း နောက်ဆုံးမှာ Yesဆိုပြီးပြန်ဖြေလိုက်ပါတယ်။
?ဒီလိုနဲ့ ငယ်ချစ်သူနှစ်ဦးဟာလက်ထပ်ခဲ့ကြပြီးတော့ အားလုံးကို သူတို့ရဲ့ငယ်ရွယ်စဉ်တုန်းကတည်းက အချစ်ဟာ ဘယ်လောက်ထိခိုင်မြဲသလဲဆိုတာကို သက်သေပြသွားခဲ့ပါတယ်။ အဲ့ဒီလိုပဲ Mattကကောင်မလေးကို လက်ထပ်ယူမယ်ပြောတုန်းက လှောင်ပြောင်ခဲ့ကြတဲ့သူတွေလည်း သူတို့နှစ်ဦးရဲ့မဂ်လာပွဲကို လာရောက်ဂုဏ်ပြုသွားခဲ့ကြပါတယ်ရှင်.. မိတ်ဆွေတို့ရော ဒီဇာတ်လမ်းလေးကိုနားထောင်လိုက်ပြီး ကိုယ့်ရဲ့ငယ်ချစ်ဦးလေးကို သတိရသွားကြတယ်မလား?
Keep Reading