Maru
လူတိုင်းမှာသဘောကျရတဲ့ဝါသနာ ရည်မှန်းချက် ပညာရပ်တွေကရှိစမြဲပါ။ကျွန်မက ဂျပန်နိုင်ငံကိုသဘောကျပြီး ဂျပန်ဘာသာစကားကိုတတ်မြောက်ချင်တဲ့သူထဲပါဝင်ပါတယ်။ ၂၀၂၁ခုနှစ်မှာ ဂျပန်ဘာသာစကားကို self study စတင်လေ့လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျောင်းသားတို့သဘောသဘာဝဆိုတဲ့ ငပျင်းထဲပါဝင်ခဲ့ပြီး စာကိုလုပ်ရုံသာလုပ်ပြီး ပြန်မကြည့်ခဲ့ပါဘူး။ဒီလိုနဲ့ လေ့လာသာလေ့လာပေမဲ့ စာကမရခဲ့ပါဘူး။
၂၀၂၂ကြတော့ ဂျပန်စာသင်တန်းကို scholarship ပေးတဲ့အဖွဲ့အစည်းတစ်ခုတွေ့တာနဲ့ scholarship ဝင်လျှောက်ခဲ့တယ်။ ဝင်လျှောက်တဲ့ခါမှာ အချက်အလက်ကိုက်ညီတာကြောင့် သင်တန်းတက်ခွင့်ရခဲ့တယ်။ ဒါပေမယ့် သူ့သင်တန်းချိန်က နံနက် ၇နာရီဖြစ်တာမို့ အမြဲအတန်းပြီးခါနီးမှ ရောက်ရောက်သွားခဲ့တယ်။သင်တန်းပြီးသွားပေမယ့်လည်း စာကတော့ဘာမှမရခဲ့ဘူး။
၂၀၂၃ကြတော့ အဲဒီအဖွဲ့အစည်းမှာပဲ ပြန်ပြီးတော့ ဂျပန်စာအခြေခံကို ဆက်တက်တယ်။ အချိန်ကညနေပိုင်းမို့ အဆင်ပြေခဲ့တယ်။ တဆက်တည်း ကိုရီးယားစာပါသင်ပေးမယ့်အစီစဉ်ရှိတယ်လို့ကြောညာတဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်ကို ကိုရီးယားစာသင်မလားဆိုပြီးဖိတ်ခေါ်ခဲ့တယ်။ သူကလည်း စိတ်ဝင်စားတယ်ဆိုတာနဲ့ သူက ကိုရီးယားဘက်ခြမ်းကိုတက်ပြီး ကျွန်မကတော့ဂျပန်စာကိုဆက်တက်နေခဲ့တယ်။
ဂျပန်စာသင်ကြားတဲ့ဆရာက တကယ့်အသင်အပြကောင်းပြီး အချိန်မှန်မှန်ဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူငယ်ချင်းရဲ့ ကိုရီးယားဆရာမကကြတော့ အချိန်မမှန်ခဲ့သလို ဝင်တဲ့အချိန်ကနည်းပါခဲ့ပါတယ်။
၂ယောက်စလုံးသင်တန်းကာလပြီးတဲ့ချိန်မှာတော့ သူက ကိုရီးယားစာကိုအခြေခံပိုင်နေခဲ့ပြီ။ ကျွန်မကတော့ ဂျပန်စာက မရတာကမရတဲ့အခြေနေပါပဲ။
အခုနှစ် ၂၀၂၄မှာတော့ သူက ကိုရီးယားစာသင်နေတဲ့ဆရာမတစ်ယောက်ဖြစ်နေပါပြီ။
ကျွန်မကတော့ ဒုံရင်းကဒုံရင်းပါပဲ။
တနေ့ကသူနဲ့ကျွန်မစကားပြောဖြစ်ကြတော့ သူစာဘယ်လိုလုပ်ခဲ့လည်းလို့မေးကြည့်တယ်။ အဲဒီခါမှာသူပြောတာက
" ဆရာမက အတန်းချိန်ဝင်တာတအားနည်းခဲ့တာ ကိုရီးယားစာက ပထမဆုံးသင်တာလည်းဖြစ်တယ်။ သဘောလည်းကျတာမို့ ဆရာမသင်တာကိုလည်းလုပ်တယ်။ ဒါ့အပြင် အခြားစီကပါလိုက်လုပ်တယ်။ အခြေခံဆိုဘယ်နှလအပြတ်သင် အဲလိုတွေရှိတယ်လေ။ အဲတာကြောင့် အခြေခံပိုင်နိုင်ဖို့အချိန်က ၆လပေးရတယ်ဆိုရင် ၃လနဲ့ရအောင်လုပ်တယ်။သူများထက်လည်းစာပိုကြိုးစားတယ် ရအောင်လုပ်တယ်။ အဓိကက ကိုယ်ကဇွဲရှိပြီး ရအောင်လုပ်မယ်ဆိုတဲ့စိတ်ရယ် ရည်မှန်းချက်ပန်းတိုင်ကြောင့်ရယ်ပေါ့။
ကျွန်မအဲဒီမှာ နားလည်လိုက်တာက သဘောကျရုံဝါသနာပါရုံနဲ့ ထလုပ်လို့လည်း ဖြစ်မြောက်လာမှာမဟုတ်ဘူး။ အဓိကက ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ဇွဲ တကယ်လုပ်မဲ့အကျင့်ရယ် ရှိမှရမှာပါပဲ။ ဘယ်လောက်ပဲအချိန်တွေပေးဆပ်ပေးဆပ် တကယ်ကြိုးစားမှုမပါခဲ့ရင် အချစ်ရေးတင်မဟုတ်ပါဘူး ဘယ်အရာမှမရနိုင်ပါဘူး။
အသက်အရွယ်တူတယ်။
နိုင်ငံချင်းလည်းတူတယ်။
အချိန်တွေလည်း ၂၄နာရီညီတူညီမျှ တူတူရခဲ့တယ်။
ဘာကွာသွားခဲ့တာလဲ။ ကြိုးစားမှုတွေ" လက်တွေ့လုပ်ဆောင်မှုတွေ" စတဲ့အရာတွေကွာသွားခဲ့တာပါပဲ။ အားလုံးကလူငယ်တွေပါပဲ။
စိတ်ဓာတ်ကျနေလား။ ဒီဖြစ်ရပ်လေးကိုနောက်တစ်ခေါက်ပြန်ဖတ်ကြည့်ပြီး သေချာပြန်တွေးကြည့်လိုက်ပါ စာချစ်သူလေးရေ?
သာယာသောနေ့လေးဖြစ်ပါစေရှင်❤️
စာချစ်သူလေးများအားအစဥ်ချစ်ခင်လေးစားကျေးဇူးတင်လျက်...
November.8.2024.Fri(16:35)
Maru(မာရု)
Keep Reading