Author's Profile Photo

SarPhat Author

27/03/2024

အဆင်မပြေတိုင်းဖတ်ဖို့(၁)

1 min read
Personal Development
အဆင်မပြေတိုင်းဖတ်ဖို့(၁)'s photo

တချို့က သူတို့လိုအပ်ချိန်တွေဆို စကားတွေက
သိပ်ချိုတာ အပြုံးတွေက သိပ်လှကြတာ
မျှော်လင့်ချက်တွေကို သိပ်မများပါစေနဲ့
သူမရှိရင်မဖြစ်ဘူးလိုလဲ မတွေးပါနဲ့
တစ်ခါတလေမှာ ကိုယ်လိုအပ်တယ်ထင်တဲ့
သံယောဇဥ်တွေကြောင့် အခါခါနာကျင်ရတတ်တယ်။

ခံစားချက်တွေကို လူတိုင်းကိုမပြောပြပါနဲ့
မျိုသိပ်နိူင်အောင်ကြိုးစားပါ မွန်းကျပ်လာတဲ့အခါ
မျက်ရည်တွေအဖြစ်နဲ့ လူတွေမမြင်တဲ့နေရာမှာ
ငိုချလိုက်ပါ တချို့တွေက ကိုယ့်အပေါ်
ဖြေသိပ်ပေးမလိုနဲ့ အားနည်းချက်ကိုဖိပြီး
နှိမ့်ချပြောဆိုသွားတတ်ကြတယ်။

လူတိုင်းအပေါ် စာနာထောက်ထားမှုတွေအပြည့်နဲ့
စေတနာတွေနဲ့လိုက်လျောကူညီတာတွေကို
သိပ် မပေးဆပ်မိအောင်နေပါ
တချို့က သူတို့အမြင့်ကိုရောက်ဖို့ ကိုယ့်ရဲ့
မေတ္တာတွေ ငဲ့ညှာစိတ်တွေကို တက်နင်းပြီး
ကိုယ့်ကိုအသုံးချသွားတတ်ကြတယ်။

တစ်ခုခုဆို နာနာကျင်ကျင်ထိခိုက်တတ်တဲ့
စိတ်လေးကို အနားပေးပါ တချို့အရာတွေ
ကိုယ့်အနားက ပြန်ထွက်သွားတယ်ဆိုတာ
ကိုယ့်ရဲ့ဘဝထဲကို ပျော်ရွှင်ကြည်နူးခြင်းတွေ
လာရောက်နေထိုင်ဖို့ ပြန်သွားတယ်လို့တွေးပါ
ကိုယ့်အတွေးတွေကြောင့် ဘေးက အပြုံးတွေကို
ဖမ်းဆုတ်ဖို့ မမေ့ပါစေနဲ့ ပေါ့ပါးစွာရှင်သန်ပါ။

#မောင်ဖုန်း

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း