Author's Profile Photo

မိုးနှောင်းအလင်္ကာ

6/11/2024

"လက်ညိုးထိုး၍ ပန်းဝေသည်။"

1 min read
Book Review
General Knowledge
18 Again
"လက်ညိုးထိုး၍ ပန်းဝေသည်။"'s photo

ခိုင်မြဲတဲ့ချစ်ခြင်းမေတ္တာကြားက ချစ်သူနှစ်ဦးရဲ့ ရင်နင့်ဖွယ်၊ နာကျင်ဖွယ် ဖြစ်အောင်ရေးသားထားသော စာအုပ်။ လောင်းကစား ဟာ ဘယ်လောက်ထိ အကျိုးယုတ်တတ်ကြောင်းကို ဘဝတွေနဲ့ပါ ပေးဆပ်ရကြောင်း ပြောပြထားတဲ့ စာအုပ်။ အချစ်စစ်တွေဒီကမ္ဘာမှာ ရှိသေးကြောင်းကို သက်သေထူထားတဲ့ စာအုပ်။

"လက်ညိုးထိုး၍ပန်းဝေသည်။" ထူးဆန်းတဲ့မြေဆီလွှာတစ်ခုကြောင့် ဒွေးပင်ရွာကို ရောက်သွားခဲ့တဲ့စည်သူ။ ရိုးမတောင်ခြေက ရွာဖြစ်နေပါလျှက် တောင်ကုန်းတစ်ခုဟာ ရုတ်တရပ် ပူပြင်းခြောက်သွေ့ သွားရတဲ့ အကြောင်းအရင်း နဲ့ လူဆက်တိုက်သေမှုကို ဖော်ထုတ်မဲ့ စည်သူ။ အဲ့ဒီကတစ်ဆင့် ကိုကြီးမောင်ပြောပြတဲ့ ခြောက်သွေ့တောင်ကုန်းနဲ့ ဆက်စပ်နေတဲ့ ချစ်သူနှစ်ဦးအကြောင်း။

မြို့ပေါ်က ကျောင်းသားလှုပ်ရှားမှုတွေကြောင့် ဦးလေးဖြစ်သူရဲ့ရွာမှာ လာရှောင်နေတဲ့ ကနောင်။ ပွေးလှကုန်းရွာ့မျက်နှာဖုံး ဦးချမ်းသာ သမီး ရှင်ယိုးမယ်။ ဘာဂျာလေး တစ်လက် နဲ့ တေးသီကျူးနေတဲ့ ကနောင်ဆီကို ဆိုက်ဆိုက်​မြိုက်မြိုက်ရောက်လာတဲ့ မြင်းဖြူလေးနဲ့ နတ်သမီးလေး ယိုးမယ်။ သူတို့ နှစ်ဦးကြားက ပန်းတွေနဲ့ဖော်ကျူးကာ အချစ်တစ်ခုပေါက်ဖွားခဲ့တဲ့ အခါမှာတော့။

လောင်းကစား ဝါသနာ ပါတဲ ဦးချမ်းသာနဲ့ နွားတိုက်ပွဲ ကစားကြတဲ့ ဦးသိုက်ညို။ အလောင်းအစားက စည်းစိမ် အကုန်ကြေး။ နောက်ဆုံး ဦးချမ်းသာ အများနဲ့တစ်ယောက်ချင်းလဲလှယ်ဖို့အတွက် ရှင်ယိုးမယ်ကို ဦးသိုက်ညိုဆီထိုးအပ်ရမဲ့ အဖြစ်။
ဒွေးပင်ရွာဆီ သွားမဲ့လမ်းမှာ ခိုးပြေးဖို့တွေးထားတဲ့ ကနောင်နဲ့ယိုးမယ်ရဲ့ အချစ်တံတား။ တိုက်တိုက်ဆိုင်ဆိုင် မြို့က ပုလိပ်တွေ လာဖမ်းခံရတဲ့ ကနောင်တစ်ယောက် ယိုးမယ်ရှိရာကို အသက်လုပြေးရင်း။

ဦးသိုက်ညိုအိမ်ကြီးဆီက အတူခိုးထွက်လာတဲ့ ချစ်သူနှစ်ဦး နောက်ဆုံးကြားလိုက်ရသော "ငါချစ်ရင်မိုးကို လှေကား ထောင်ပေးမယ်...။ပင်လယ်ကို တံတားခင်းပေး မယ်..။ ငါမုန်းရင်တော့ ငရဲကိုတောင် ပြာကျအောင်မီးရှို့ပစ်မယ်"။ဆိုတဲ့ ဦးသိုက်ညိုရဲ့ စကားတစ်ခွန်း။

အချစ်ကြီးစွာ ပူပြင်းတောက်လောင်နေသည်ကို လက်မလွှတ်တန်း ဆွဲကိုင်ထားတဲ့ လက်နှစ်စုံ။ အငြိုးကြီးတဲ့ သူတို့နှစ်ယောက်ရဲ့ ကလဲ့စား။ ၁၃ယောက်သော သူတို့ရဲ့ နိဂုံး။ နောက်ဆုံးမှာ ဦးသိုက်ညိုရဲ့ ယုတ်မာမှုက တန်ပြန်သက်ရောက်ခဲ့တဲ့ ကျေနပ်ဖွယ်အဖြစ်အပျက်။ အချစ်တွေနဲ့စပြီး နာကျင်စရာတွေနဲ့ဆုံးထားတဲ့ "လက်ညိုးထိုး၍ ပန်းဝေသည်"။

အချစ်စစ်ဆိုတာ ဒီကမ္ဘာမှာ ရှိသေးကြောင်း ကနောင်နဲ့ယိုးမယ်က နာနာကျင်ကျင်ဖော်ပြခဲ့တဲ့ ဇာတ်လမ်း။ လောင်းကစားရဲ့ နွံမှာစုံးစုံးမြုတ်သွားခဲ့ရင် တစ်ယောက်ထဲမဟုတ်ဘဲ အုံနဲ့ကျင်းနဲ့ ခံရတတ်ကြောင်း အသိပေး စာအုပ်။ ဝဍ်ဆိုတာနောင်ဘဝ မကူး​ကြောင်းကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတဲ့ အချိုးအဆစ်တွေနဲ့ စာပေ။ တကယ်ရင်နင့်ဖွယ် ကြေကွဲဖွယ် တွေနဲ့ပြည့်နှက်စွာ သီကုံးထားသော
"လက်ညိုးထိုး၍ပန်းဝေသည်။"တဲ့ သိပ်ကောင်းတဲ့ စာအုပ်လေးမို့ သွားဖတ်ကြည့်ပါအုံးနော်။

#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)

(စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူး ​ကျေးဇူးတင်ရှိပါသည်။)


Keep Reading

အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အစောပိုင်းဝတ္ထုတိုများသည်းခြေကြိုက် စာအုပ် ၆ အုပ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းတစ် ချေးများစေ့စပ်တဲ့သူအချစ်ဦးချစ်သွေးဟုန်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ တထောင့်ကိုးရာရှစ်ဆယ့်လေးပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါ