Author's Profile Photo

Whisper of Words

6/11/2024

အမေနှင့် အမေ့အကြောင်း

1 min read
Book Review
Novel
အမေနှင့် အမေ့အကြောင်း's photo


ဆရာကြီး ချစ်စံဝင်း ၏ (၆၈)နှစ် ပြည့် ၊ ဆရာကြီး၏ မွေးမိခင်ကြီးကွယ်လွန်ပြီး နှစ်လအကြာ ကျေးဇူးဆပ်ဂါရဝပြုသောအားဖြင့်အပြီးသတ် ထုတ်ဝေခဲ့သည့် ကိုယ်တွေ့ ဖြစ်ရပ်တွေ နှင့် အသည်းနုသူတို့မျက်ရည်ကျ၍ အသည်းမာသူတို့ပင် မျက်ရည်ဝဲအောင် ဆွဲဆောင်ရေးသားနိုင်သော ရသများစွာ ပေးစွမ်းသည့် စာအုပ်တစ်အုပ်...။

အခန်း (၁) မှစ၍ ဆရာကြီး ၏ ကိုယ့်တွေ့ ဖြစ်ရပ်ကို သီကုံးကာ မိခင်
ကြီး၏ မေတ္တာကို ဖော်ကြူးပြထားသည်ကား ကြက်သီးထစရာပင်ကောင်းလှသည်...။

တစ်ခန်းပြီး တစ်ခန်း ငြီးငွေ့ဖို့ပင် မဆိုထားနှင့် ကျော်ဖတ်ဖို့ပင် ဝန်လေးစေသော ဆရာကြီး၏ မိခင်တို့အကြောင်း သီကုံး ပုံမှာ အင်မတန် ရသမြောက်လှသည်...။

မိခင်နှင့်သားသမီး အကြားရှိ  ဆက်ဆံရေး ၊ မိခင်တစ်ယောက်၏ အနာဂတ်အတွက် ကံစမ်း၍ ရွေးချယ်ထားသော အခက်အခဲများ ၊အမှတ်တရများနှင့် အားတက်လှုံ့ဆော်မှုများကို ဖော်ပြထားသည်...။

 မိခင်များ၏ စွန့်ပစ်မှုများ၊ စိတ်ရှည်မှုများနှင့် အနန္တဂိုဏ်းဝင် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဉပေက္ခာ တရား လေးပါး လက်ကိုင်ထားသော မိခင်တိုင်း၏ကြည်ညိုဖွယ် တဏှာကင်းသော ချစ်ခြင်းမေတ္တာတရား
ကို အပြည့်အဝ ခံစား မိစေသည်...။

စာအုပ်တွင် စာရေးသူ၏ အတွေးများနှင့် အတွေ့အကြုံများကို ဖော်ပြထားသောကြောင့် စာဖတ်သူများအား မိခင်အပေါ် အားကျမှု၊ အတုယူစိတ်များ၊  မိခင် ၏ စံပြစိတ်ထား ၊ မိခင်၏ ချစ်ခြင်းမေတ္တာ အနက်အဓိပ္ပါယ်ကို အရှိုက်ထိစေမည့် စာအုပ်တစ်အုပ်ဖြစ်သည်...။ 

တကယ့်ဖြစ်ရပ်များကို ရောင်ပြန်ဟပ်၍ စာရေးဆရာအကျော်မော်တို့သည် အမေနှင့်သားသမီးတို့၏ မေတ္တာဘွဲ့ ဇာတ်လမ်းများကို ဝတ္ထုဖြင့်တစ်နည်း ၊ ဇာတ်လမ်းဖြင့်တစ်ဖုံ ၊ ပြဇာတ်လိုတစ်မျိုး ၊ စာညွန့် ကဗျာ လင်္ကာ ပုံပြင်တို့ နှင့်တစ်လမ်း သီကုံး ဖွဲ့နွဲ့ကြရာ လူမျိုးအသီးသီးတွင် မိခင်နှင့် ပတ်သက်သော ဇာတ်လမ်း အမျိုးမျိုး ရှိကြသည်ကို ခံစားဖတ်ရှု ခွင့်ရသည်...။

မိခင်အပေါ် အလေးထားသော သားသမီးများ ၊ မိခင်တစ်ယောက်၏ သားသမီးအပေါ် ထားသော တဏှာကင်းလှသည့် ချစ်ခြင်းမေတ္တာကို မိဘနှင့် အလှမ်းဝေးသောသူများ အတွက် မိခင်အပေါ် ပိုမိုနားလည်လာစေသည်။ ယနေ့ခေတ်အတွက်လည်း ပတ်ဝန်းကျင်နှင့် ဆက်စပ်စဉ်းစားစရာများ ပေါ်လွင်စေသည့် အတွက် ဖတ်ရှုရန် သင့်တော်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပေသည်...။ #Review_by_Kathy

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ