မြ (စံကားဝါမြေ)

ဒီနေ့မှာတော့ စာဖတ်သူလေးတို့အတွက် မြနဲ့ဖေဖေ အပြင်သွားနေတဲ့အချိန် လမ်းမှာ ဖေဖေပြောပြဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို စာဖတ်သူလေးတို့ အသိတရား တစ်စုံတစ်ရာ ရရှိသေဖို့ မျှဝေပေးလိုက်ရပါတယ်ရှင်။
❝ အရမ်းအေးတဲ့ ညတစ်ညမှာ ဘုရင်ကြီးက သူ့ရဲ့ နန်းတော်ကို ပြန်လာခဲ့စဉ် အဝတ်ပါးပါးလေးဝတ်ပြီး မတ်တတ်ရပ်နေတဲ့ အဖိုးအိုကင်းသမားကိုတွေ့လေတယ်။
အဲ့ဒီအခါမှာ ဘုရင်ကြီးက အဘိုးအိုနားကပ်ပြီး အခုလို မေးလေတယ်။
"အဘ အအေးဒဏ်မခံရဘူးလား?
မအေးဘူးလား?"
အဖိုးအိုက ပြန်ဖြေလေတယ်။
"ဘုရင်ကြီး အရမ်းအေးပေမယ့်လည်း ဝတ်စရာအနွေးထည် ကျွန်ုပ်မှာမရှိပါဘူး။ ဒါ့ကြောင့် ကျွန်ုပ်အဖို့ အအေးဒဏ်ကို ခံနေယုံမှအပ တခြားလွတ်မြောက်စရာနည်းလမ်းမရှိပါ။"
အဲ့လို အဘိုးအိုက ဖြေလိုက်တဲ့အခါမှာ ဘုရင်ကြီးက မိန့်လေသည်။
"ကဲ...... ကောင်းပြီ။ ကျွန်တော်ယခုနန်းတော်ထဲသွားပြီး အစေခံတစ်ယောက်ကို အဘ အတွက် အနွေးထည်ပေး၍လွတ်ပေးပါမယ်"
လို့ ဘုရင်ကြီးက အဘိုးအိုကို ပြောခဲ့လိုက်ပါတယ်။
ကင်းသမားအဘိုးအိုလည်း ဘုရင်ကြီးရဲ့ ကတိစကားကြားပြီး အတိုင်းမသိ ဝမ်းသာသွားလေတယ်။ ဒါပေမယ့်လည်း ဘုရင်ကြီးက နန်းတွင်းသို့ရောက်ပြီးသည်နှင့် မိမိကတိစကားကို မေ့သွားလေတယ်။
မနက်မိုးလင်းသော် ကင်းသမားအဖိုးအိုက သေဆုံးနေပြီး အဘိုးအိုရဲ့အနားမှာ တုန်ရီနေသောလက်ရေးဖြင့် စာလေးတစ်စောင်ရေးထားခဲ့ပါတယ်။
စာထဲမှာ ရေးထားတာကတော့......
ကျွန်ုပ်သည် နေ့စဉ်နေ့တိုင် အအေးဒဏ်ခံရင် ကျော်ဖြတ်ခဲ့ပါသည်။ သို့သော် ဘုရင်ကြီး ကျွန်ုပ်ကို အနွေထည်ပေးမည် ဆိုတဲ့ကတိစကားသည် ကျွန်ုပ်ရဲ့အအေးဒဏ်ခံနိုင်စွမ်းကို ရုတ်သိမ်း၍ နောက်ဆုံး ကျွန်ုပ်ကို သေစေခဲ့သည်။ ❞
ပုံပြင်လေးပြီးဆုံးသွားတဲ့အခါ ရရှိလိုက်တဲ့ သင်ခန်းစာလေးကတော့.....
တစ်ခါတစ်လေမှာ မိမိရဲ့ ပေ့ါပျက်ပျက်ကတိစကားတစ်ခုက မိမိထင်ထားတာထက်ပိုပြီးတော့ သူတစ်ပါးကို ဒုက္ခ ရောက်စေနိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူလေးတွေကိုယ်တိုင်လည်း ဘယ်သူ့ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ကတိမပေးလေပါနဲ့။ အကယ်လို့ ပေးခဲ့မိပြီဆိုရင်လည်း အဲဒီပေးပြီးသားကတိကို (လုံးဝ) မဖျက်လေပါနဲ့။ စာဖတ်သူလေးရဲ့ကတိစကားက ဘယ်နည်းဘယ်ပုံစံမျိုးနဲ့ ထိခိုက်နှစ်နာစေသွားစေနိုင်မလဲဆိုတာ ကြိုတင်ပြီး မသိနိုင်ပါဘူးရှင်။
❍ အရေးကြီးဆုံးတစ်ချက်က အားနွဲ့သူတွေကို မိမိနဲ့ထပ်တူ ကိုယ်ချင်းစာစိတ်ထားပြီးတော့ ညှာတာသနားတတ်ပါစေ။
စာဖတ်သူလေးတို့ရေ SarPhat Applicationလေးထဲမှာ မြရဲ့ စာလေးတွေကိုဖတ်၊ အသဲလေးပေးပြီး နောက်ထပ်လည်း ဒီထက်မက ပိုမိုကောင်းမွန်တဲ့ ရသမျိုးစုံ ခံစားဖို့အတွက် Author = Mya ကိုလည်း Follow လုပ်ထားခဲ့ကြပါဦးနော် စာဖတ်သူလေးတို့ရေ ?
#Mya
#SarPhat
27.3.2024(Wednesday)
Keep Reading