MoeKyaw
မခေါ်မပြော ဖြစ်တော့ဘူးဆိုတာ
ကျနော် နေနိုင်သွားလို့မဟုတ်ဘူး
မကျက်သေးတဲ့ အတိတ်ကို ပြန်တူးဆွဖို့
မခေါ်ချင်တဲ့ ဘဝထဲ
နောက်တစ်ကြိမ် ပြန်တိုးဝင်ဖို့
မကိုင်ချင်တဲ့ နံပါတ်တွေဆီ
နောက်တစ်ကြိမ် ထပ်နှိပ်ဖို့
လုံလောက်တဲ့ ခံနိုင်ရည်
မရှိတော့လို့ပါ ။
- MoeKyaw
Keep Reading