ဖိုးစည်
ရီ၀ေ၀ေနှင့်ရှိနေကြပြီဖြစ်သော ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်သည် အာလေးလျှာလေးဖြင့်စကားများကို တစ်ယောက်ပြီးတစ်ယောက် စကားမိုးရွာသကဲ့သို့ ပြောကောင်းကောင်းဖြင့်ပြောနေကြသည်။
မှောင်ရီရီညအချိန်မို့ ကြယ်ပြောက်လေးများမှာလည်း ကောင်းကင်ယံမှာ သူ့နေရာနှင့်သူ အစီအစဥ်တကျနေရာယူထားလေသည်။ လခြမ်းလေးသည်လည်းကောင်းကင်ယံတစ်ခွင် လျှောက်ပတ်ပြေးလွှားပြီး တစ်စုံတရာကိုရှာဖွေနေဟန်ရှိသည်။သူတွေ့မတွေ့တော့မသိ ။ မြေတစ်ခွင်အောက်မှကျွန်တော်တို့သူငယ်ချင်းတစ်သိုက်တို့မှာတော့ ချစ်ခဲ့ဖူးတဲ့ကောင်မလေးအကြောင်းတွေကို လုံးချာချာငိုမဲ့မဲ့နဲ့ အမုန်းကိုဖွင့်လျှက် ရှိနေလေ၏။ အရက်အရှိန်မှာ ကောင်းလှသည်ဖြစ်ရာ မိန်းမတို့အကြောင်းမကောင်းပြောနေသော ကျွန်တော့်သူငယ်ချင်းမောင်ထွန်းသည် ခပ်မူးမူးနှင့်
"သားကြီးတို့မင်းတို့ကောင်မလေးတစ်ယောက်ကိုဘယ်လောက်ထိချစ်ခဲ့ဘူးလည်း " မောင်ထွန်းဆီမှဆိုင်းမဆင့်ဗုံမဆင့်စကားသံ ထိုစဥ်ကျွန်တော့်တို့သူငယ်ချင်းများသည် တွေးဆနေဟန်ရှိကြကုန်၏ ။ ကျွန်တော်တို့သူငယ်ချင်းများအနက် မင်းခန့်ဆိုသူက သူ၏မရှိသော နှုတ်ခမ်းမွှေးကို သပ်လျှက် "ချစ်ခဲ့ဖူးတာပေါ့ကွာ ချစ်တာမှ ရူးနေအောင်ကိုချစ်ခဲ့ဖူးတာပေါ့ကွာ " ကျန်သူများမှာအလေးနက်ထားနားထောင်နေဟန်ရှိကြသည် ထိုနောက်ကျွန်တော်က
"မင်းချစ်တဲ့ကောင်မလေးနာမည်က ဘယ်သူတဲ့လည်း"
သူတစ်ခနကြာတိတ်ဆိတ်သွားပြီးနောက် အ၀ေးတစ်နေ့ရာဆီသို့ငေးမှိုင်စွာကြည့်လျှက်
"ပြန်မပြောချင်တော့ပါဘူးကွာ ပြောပြရင်လည်း နာကျည်းပါကြောင်း ပုဒ်မတပ်မိအုံးမှာ" ဟုဆိုကာ ရှေ့သလင်းပြင်၌ချထားသော အရက်ခွက်လွတ်အား အရက်ထပ်ထည့်ပြီး ပက်ခနဲ မောလိုက်သည်။ထိုခါ အားမလိုအားမရသော ဟိန်းလေးက
"ပြောကွာ မင်းပြောပြီးငါလည်းပြောမယ် ဒီညတို့သူငယ်ချင်းလေးယောက် တစ်စုံတစ်ယောက်အပေါ်ချစ်ခဲ့ဖူးတာတွေ အပြတ်ရင်ဖွင့်ခြင်းကွာ"
စကားပြောတာတော့ တည်တည်ငြိမ်ငြိမ်ပင် နောက်ထက်စကားပြောတော့မှ ငိုသံစွတ်ခါပြောသည်အသံမျိုးပေါက်သွားသည်။
"ဟိန်းလေးမင်းမပြောရသေးဘူး ငိုချင်နေပြီလား " ကျွန်တော်ထံမှ စကား ထိုစကားကြားတော့မင်းခန့်မှ
"ဒီကောင်က အသည်းနုတာကို ကဲကွာပြောဆိုလည်းငါပြောမယ် မောင်ထွန်း ငါ့ကို မီးခြစ်လှမ်းပေးအုံး "မောင်ထွန်းမှ သူ၏ဘေးတွေရှိသော မီးခြစ်အား လက်ကမ်းပေးလေသည်။
ရှေ့တွင်ချထားသောဆေးလိပ်တိုတစ်တိုအား မီးညှိပြီးဖွာရှိုက်လျှက် သက်ပြင်းတစ်ချက်အား အသာအယာမှုတ်ထုတ်လိုက်လေသည် ။ " ငါ အရမ်းချစ်ခဲ့ရတဲ့ကောင်မလေးနာမည်က နှင်းရမှုံ တဲ့ " ထိုစဥ်ဟိန်းလေးက
" အဲ့တာငါတို့လမ်းထိပ်ကကောင်မလေးမလား သူဟိုတစ်လောကပဲ ယောကျ်ားရသွားပြီဆို " မင်းခန့်မှ
"အေးကွ သူယောကျာ်းရသွားပြီ "
"ဘယ်လိုဖြစ်တာလည်းကွ မင်းအဖြစ်ကလည်း ဆိုးလှချီလား ငါ့ကောင်ရ ငါတို့ကို အသေးစိတ်ပြောပြလေကွာ"
မောင်ထွန်းမှ အင်မတန်သိချင်သော ကြောင့်စိတ်မရှည်စွာဖြင့်၀င်ပြောခြင်းပင်
" အေးကွာ ပြောပြမယ် ဒီလိုကွ"
နှင်းရမှုံနဲ့ငါနဲ့က ကျောင်းနေဖက်တွေ ငယ်ငယ်ကတည်းကသိခဲ့ကြတာ သူငယ်ချင်းဆိုလည်းဟုတ်တယ် ကျောင်းမှာဆိုငါစာမရလည်း သူကပြောပြတယ် သူကစာတော်တာကို။ ငါသူ့ကို ၁၆နှစ်အရွယ်လောက်မှစပြီးစိတ်၀င်စားတာ အရင်ကစိတ်မ၀င်စားပါဘူး ။ရင်ခုန်တက်တဲ့အရွယ်လေအဲ့အရွယ်လောက်မှာစပြီးချစ်ခဲ့တာဆိုပါတော့။ ဒါပင်မဲ့ ချစ်သာချစ်သာ ငါဖွင့်မပြောရဲဘူးကွာ ။သူငယ်ချင်းဖြစ်တာကြောင့်လည်းပါတာပေါ့ ။
၉တန်းလောက်ရောက်တော့ ငါသူ့ကို ပိုပြီးစိတ်မချနိုင်ဖြစ်လာတယ်ကွာ သူကလည်း ဖွင့်ဖွင့်ထွားထွားနဲ့လှသွေးကြွယ်တဲ့အရွယ်ကိုဘယ်စိတ်ချနိုင်ပါ့မလည်း သူများဦးသွားမှာကြောက်တာကို ။အဲ့တာကြောင့်ငါ့ရဲ့ တိတ်တခိုး ချစ်နေတဲ့အကြောင်းအားသူ့ကိုဖွင့်ပြောလိုက်တယ်။ မှတ်မိသေးတယ် သောကြာနေ့လေ စနေ တနဂႅနွေကျောင်းမပိတ်ခင်လေးပေါ့"
ဟုဆိုကာ စကားအား ခနရပ်လျှက် အသူရာရည်အား တစ်ကျိုက်မော့ချလိုက်လေသည် ။ပြီးတော့"ငါသူ့ကိုရည်းစားစကားပြောခဲ့တယ် ပြီးတော့ နောက်လည်းကျသွားခဲ့တယ်"
ပြောဆိုရင်းမှ သူ၏စိတ်အလုံးစုံတို့သည် အတိတ်ဆိုတဲ့အရာကိုပြန်ပြောင်း၍ပုံဖော်နေဟန်ရှိသည်။ ကျွန်တော့်သူငယ်ချင်းမင်းခန့်သည် သူမရောက်ခဲ့ချင်သော အတိတ်အား ပြန်လည်ပန်းချီရေးဆွဲပုံဖော်နေသကဲ့သို့ ရှိလေ၏။
" အဲ့နေ့ သောကြာနေ့ညနေပိုင်းကျောင်းဆင်းချိန်လောက်မှာ "
နှင်းက ကျောင်းဆင်းပြီးအိမ်သို့ပြန်ရန်ကျောပိုးလွယ်အိတ်ကို ယူ၍ သူမသွားနေကြကားလမ်းဘေးအတိုင်းသွားလေသည်။
သူမ၏လက်ထဲတွင်ထမင်းချိုင့်လေးအားဆွဲလျှက် ညှင်သာစွာနဲ့တစ်လှမ်းချင်းလျှောက်လှမ်းသွားသည်ကိုပင် ချစ်စရာကောင်းသည်ဟုကျွန်တော်ထင်မိသည် ။ အဖြူပေါ်မှာထပ်၍၀တ်ထားသော အင်းကျီ ပြာနုရောင်ကလေးနှင့် နှင်းသည်အလွန်ပင်လိုက်ဖက်သည်ဟုလည်း ထင်မိပြန်သည် ။
ကျွန်တော်သည်နှင်းလာမည့်လမ်းက ကြို
စောင့်နေပြီးဖြစ်သည် ။တစ်လှမ်းချင်းလျှောက်လာသောနှင်းသည် မကြာမှီပင် ကျွန်တော့်နားသို့ရောက်ရှိလာတော့မည်။ ကျွန်တော်၏နှလုံးသည် သူမကျွန်တော်နှင့်ပိုနီးလာသည်နှင့် နှစ်ဆလောက်ပင်ခုံတာပိုမြန်လာသည်။ ခါတိုင်းတွေ့နေကြ အဲ့လိုမဟုတ် ဒီနေ့ပြောမယ့်နေ့ ကြမှ "သူငါ့ကိုငြင်းမှာလား ခင်မင်မှုပျက်သွားမှာလား ၊မပြောပဲနဲ့ ဒီတိုင်းပဲပြန်လှည့်ထွက်ခဲ့ရမလား ၊အရှင်ဘုရားရေ ရှေးဘ၀က ပြုခဲ့တော့ကုသိုလ်ကောင်းမှု့အစုစုတို့သည် ထိုနေရာတွင်မှာမူ လာရောက်သက်ရောက်ပါစေသား ။ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းသည် သတ္တ၀ါတစ်ခုအား ပျော်ရွှင်စေခြင်းဖြစ်ပေလိမ့်မည်။ ထိုစကားသံအား ကျွန်တော်မျိုး ကြားရပါစေသား။ ခနမကြာမှီ နှင်းသည်ကျွန်တော့်ရှေ့သို့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာလေသည်။
နှင်းသည် ကျွန်တော့်ကိုမျက်လွှာလေးပင့်လျှက်ကြည့်လေသည် ။ "မင်းခန့် နင့်အိမ်က ဟိုဘက်လမ်းကသွားရမှာမလား ဘာလိုဒီဘက်လမ်းရောက်နေတာ "
နှင်းမှစပြောလာသောစကားသံပင် ထိုစကားသံသည်ကျွန်တော်အရင်နေ့တွေကကြားရသော စကားသံနှင့်မတူတော့ ကျွန်တော်၏စိတ်အစုံတို့သည်လည်းအလွန်ပင်လှုပ်ရှားနေပြီ။နှလုံးသည်လည်း ဂျပန်မှာ မြေငလျင်လှုပ်သကဲ့သို့ တစ်စက္ကန့်မှာ ၆ခါလောက်ခုန်နေသည်ဟု ထင်မိသည်။
" အေးဟ ငါနင့်ကိုစောင့်နေတာ "ထိုအခါနှင်းက
ဟယ်ငါ့စီက စာအုပ်ငှားမလို့လား ကျောင်းမှငှားလည်းရတာကို"ကျွန်တော်သည်ကျောင်းတွင် သူများရေးပြီးသားကိုကူးရေးနေကြဖြစ်ရာ နှင်းသည် ထိုကဲ့သို့ ထင်သွားဟန်ရှိသည်။
"မဟုတ်ပါဘူးနှင်းရ ငါနင့်ကိုပြောစရာရှိလို့ "
"ဘာများပြောစရာရှိလို့လည်းနင်က"
ကျွန်တော်ကြောက်ကြောက်နှင့်ပင် အရဲစွန့်ကာပြောချလိုက်သည်။ "ငါနင့်ကို ချစ်မိနေပြီနှင်း "
သူမ ခနတာတွေ၀ေသွားသည် သူမ မတွေးထားသောစကားပင်ဖြစ်သည်မဟုတ်လော။ "မစပါနဲ့ မင်းခန့်ရယ် နင့်နဲ့ငါနဲ့က သူငယ်ချင်းတွေပဲကို "
"ငါမညာဘူးနှင်းရဲ့ ငါနင့်ကိုတစ်ကယ်ချစ်မိနေတာ နင်ကရော" တစ်ဆက်ထဲကျွန်တော်မေးပလိုက်သည် ။သူမနှုတ်ခမ်းပါးလေးစီမှစကားသံလေးအား စောင့်ဆိုင်းနေမိသည် ။
"မဖြစ်နိုင်ပါဘူး မင်းခန့်ရယ် " ကျွန်တော်မကြားချင်သောစကား သို့သော်သူမ မူနေသည့်ဟုထင်မှတ်လျှက်
" အဲ့လိုကြီးတော့မပြောမနဲ့နှင်းရယ် နင်စောင့်ဆိုငါစောင့်ပါ့မယ် နော်လို့နှင်း" သူမ၏နှူတ်ခမ်းအစုံတို့သည် ငြိမ်သက်စွာရှိလှသည် ။ထိုတိတ်ဆိတ်ချင်းသည် ကမ္ဘာတစ်ခုလုံးပင် တိတ်ဆိတ်သွားသယောင်ရှိသည်။ ကားလမ်းပေါ်မှကားသံများသည်လည်းမကြားရတော့ လမ်းဘေးဓာတ်တိုင်အနီးသစ်ပင်ကြီးစီက ကျေးငှက်သံများသည်လည်းမကြားရတော့
ကျောင်းသူ ကျောင်းသားများ၏ အိမ်အပြန်ဆူညံသံ၊စကားသံတို့သည်လည်း တိတ်ဆိတ်သွားလေသည်။ တိတ်ဆိတ်ခြင်း၏အနောက်မှ တွဲလျှက်ပါလာသော ၀မ်းနည်းခြင်းတစ်ခုရှိလေသည် ။ထိုသည်မှာ စကားသံလေးတစ်သံဖြစ်သည် ထိုစကားသံလေးမှာ နှင်းဆီမှ
"ငါ့မှာ ချစ်သူရှိနေပြီမင်းခန့် "ဟူသောစကား ပျိုးထားတဲ့ကမ္ဘာလေးကပျက်စဲသွားရလေသည်။ ကျွန်တော်ဘာပြောရမှန်းမသိ နှင်းသည်ကျွန်တော့်၏ဘ၀တွင် ပထမဦးဆုံးချစ်ဖူးခဲ့သူဖြစ်သည် ။ ချစ်တက်စမှာပင် စ၍ချစ်တက်စမှာပင် ။
နှင်းအား ဆက်လျှက်စကားမပြောတော့ပဲ သူမနဲ့၀ေးရာသို့သာ ကျွန်တော်ပြေးထွက်လာခဲ့သည် ။အနောက်မှနှင်း၏ခေါ်သံလည်းမကြားရတော့ ၀မ်းနည်းခြင်းရဲ့အမှတ်တံဆိပ်မှာဆုံးရှုံးခြင်းတဲ့ ရပိုင်ခွင့်မရှိတော့တဲ့ကောင်လေးတစ်ယောက်ဟာ ညအခါမှာသူဟာသူ ငိုကြွေးနေရုံသာရှိပေမည် ။မျှော်လင့်ချက်တော့ပျက်သွားလေသည် အရင်ဘ၀က ကုသိုလ်ကံနည်းလို့အရှင်ဘုရားကမျက်ကွယ်ပြုခဲ့လေသလား" ညမှောင်မှောင်လရောင်အောက်မှာ လွမ်းဆွေးကြေကွဲဖွယ်နှောင်းအကြောင်းများကို ပြောနေရသောလူငယ်တစ်စု ။ထိုသူတို့၏ရင်ထဲတွင် သူမဆိုတော့နာမ်စားနဲ့ကောင်မလေးတစ်ယောက်အား မည်မျှချစ်ခဲ့ကြောင်း ကိုယ်စီကိုယ်စီရှိပေလိမ့်မည်။
မင်းခန့်မှ သူ၏ချစ်ခဲ့ဖူးတဲ့ကောင်မလေးအကြောင်းပြောပြီးအရက်အားတစ်ခွက်ထပ်၍မော့ချလိုက်လေသည်။ ပြီးတော့ကျွန်တော်တို့ဘက်လှည့်၍ "ကဲငါတော့ပြောပြီးသွားပြီ နောက်ဘယ်သူအလှည့်လည်း "
ထိုအခါ ကျွန်တော်ဘေးတွင်ရှိသော မောင်ထွန်းက ကျွန်တော်နာမည်အားခေါ်လျှက် "ဖိုးကောင်း မင်းပြောကွာ"
******
(အမှားများစွာနှင့် လေးစားစွာဖြင့်)
ဖိုးစည်
Keep Reading