Reviews by Benevolent
လက်ရှိပြင်သစ်နိုင်ငံတွင် ဘုရင်စနစ် မရှိတော့ပါဘူး။ပြင်သစ်နိုင်ငံမှာ အဓိကကျတဲ့ မင်းဆက်ကြီး ၄ ဆက် (မာရိုဗင်ဂျီယန်၊ ကာရိုလင်ဂီယန်၊ ကက်ပဲ၊ နှင့် ဘိုနာပတ်) ရှိခဲ့ပါတယ်။ဒီထဲမှာမှ ကက်ပဲမင်းဆက် ဟာ နှစ်ပေါင်း ၈၀၀ ကျော် အကြာဆုံး အုပ်စိုးခဲ့ပြီး၊ သူ့ထဲက ဘက်ခွဲမျိုးနွယ်တွေ (Valois, Bourbon) ကလည်း ထီးနန်းဆက်ခံအုပ်ချုပ်ခဲ့ကြတာကြောင့် မင်းဆက်တစ်ခုတည်းရဲ့ အုပ်စိုးမှုကာလအရှည်ဆုံးလို့ ဆိုနိုင်တယ်။
ပထမဆုံး မင်းဆက်ဖြစ်တဲ့မာရိုဗင်ဂျီယန် မင်းဆက် (Merovingian Dynasty) ကအေဒီ၅ရာစု မှ ၈ရာစုအထိ (နှစ် ၃၀၀) ကြာခဲ့တယ်။ပြင်သစ်နိုင်ငံ၏ ပထမဆုံးဘုရင်ဖြစ်တဲ့ ပထမ ကလိုဗစ် (Clovis I) က အေဒီ ၄၈၁ မှ ၅၁၁ ခုနှစ် အထိ အုပ်စိုးခဲ့တယ်။ ဖရန့် (Frank) လူမျိုးများကို စုစည်းကာ ပြင်သစ်နိုင်ငံဖြစ်လာမယ့် နယ်မြေဒေသကို စတင်တည်ထောင်သူအဖြစ် သတ်မှတ်ခံရသူလည်း ဖြစ်တယ်။၄၉၆ ခုနှစ်တွင် ခရစ်ယာန်ကက်သလစ်ဘာသာသို့ ကူးပြောင်းခြင်းဖြင့် ပြင်သစ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအပေါ် ခရစ်ယာန်ဘာသာ၏ ဩဇာလွှမ်းမိုးမှုကို အခြေချပေးခဲ့တယ်။သူ၏ အောင်မြင်မှုများကြောင့် ပြင်သစ်နိုင်ငံကို စတင်တည်ထောင်သူ (Founding Father) အဖြစ် မကြာခဏ ရည်ညွှန်းခံရတယ်။ပဲရစ်မြို့ကို ပြင်သစ်နိုင်ငံတော်၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သူလည်းဖြစ်တယ်။
၈ရာစု မှ ၁၀ရာစုအရောက်မှာတော့ ကာရိုလင်ဂီယန် မင်းဆက် (Carolingian Dynasty) ပေါ်လာတယ်။ နှစ်ပေါင်း ၂၀၀ လောက်ကြာတဲ့မင်းဆက်ဖြစ်တယ်။ထင်ရှားတဲ့ဘုရင်က ချားလ်မင်း (Charlemagne) ဖြစ်တယ်။ချားလ်မန်းလို့လည်း ခေါ်ကြတယ်။ အေဒီ ၈၀၀ တွင် ခရစ်စမတ်နေ့တွင် ပုပ်ရဟန်းမင်းကြီး တတိယလီယိုက ရောမမြို့တွင်ချားလ်မင်းအား ရောမဧကရာဇ်အဖြစ် ဘိသိက်ပေးခဲ့တယ်။ရောမဧကရာဇ်အဖြစ် ဘိသိက်ခံပြီး နောက် အနောက်ဥရောပတစ်ခွင်ကို စည်းလုံးခဲ့သူဖြစ်လာတယ်။။ချားလ်မင်း (Charlemagne)ကို Charles the Great လို့လည်းခေါ်ကြတယ်။ပြင်သစ်ဘုရင့်နိုင်ငံတော်ကို ဥရောပ၏ အင်အားအကြီးဆုံးနိုင်ငံဖြစ်အောင် တည်ဆောက်နိုင်ခဲ့သူဖြစ်တယ်။သူ၏ အင်ပါယာက ယခုခေတ် ပြင်သစ်၊ ဂျာမနီ၊ မြောက်အီတလီ၊ မြောက်စပိန်နှင့် အခြားဒေသများအထိ ကျယ်ပြန့်ခဲ့တယ်။အနောက်ဥရောပ၏ နိုင်ငံရေးနှင့် ဘာသာရေးအာဏာ ပူးပေါင်းမှုကို ပြန်လည်ထွန်းကားစေခဲ့တယ်။ဥရောပသမိုင်းတွင် အထင်ရှားဆုံးဧကရာဇ်များထဲမှ တစ်ဦးဖြစ်ပြီး "ဥရောပ၏ဖခင်" အဖြစ်တင်စားခံရသူဖြစ်တယ်။ချားလ်မင်းက အေဒီ၈၁၄ ခုနှစ်တွင် ကွယ်လွန်ခဲ့တယ်။ချားလ်မင်း၏ အင်ပါယာက သူသေဆုံးပြီးနောက် သုံးပိုင်ကွဲသွားတယ်။စည်းရုံးအုပ်ချုပ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုများက ခေတ်သစ်ဥရောပ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်စေခဲ့တယ်။ယနေ့ခေတ် ဥရောပသမဂ္ဂ၏ စည်းလုံးညီညွတ်တဲ့ ဥရောပအတွေးအခေါ်များက ချားလ်မင်း၏ စည်းရုံးမှုကို အစပျိုးခဲ့တယ်လို့ မကြာခဏ ဆိုကြတယ်။
အဲ့နောက်မှာတော့အကြာဆုံးမင်းဆက်ဖြစ်တဲ့ ကက်ပဲ မင်းဆက် (Capetian Dynasty) ပေါ်လာတယ်။
၉၈၇ ခုနှစ်မှ ၁၇၉၂ ခုနှစ်အထိ ( နှစ် ၈၀၀ ကျော်)ကြာခဲ့တယ်။ပထမဆုံးဘုရင်က ဟူးဂိုး ကက်ပဲ (Hugues Capet)ဖြစ်တယ်။နောက်ဆုံးဘုရင်က ဆယ့်ခြောက်ယောက်မြောက် လူဝီ (Louis XVI)ဖြစ်ပြီး ၁၇၉၂ ခုနှစ်မှာ ကြင်ယာတော်မာရီအန်တွနက်နှင့်အတူ ခေါင်းဖြတ်ကွပ်မျက်ခံရတယ်။ဆယ့်ခြောက်ယောက်မြောက် လူဝီ ဘုရင်မရှိတော့ချိန်ကိုပြင်သစ်ဘုရင်စနစ် မရှိတော့တဲ့အချိန်အဖြစ် တချို့ပညာရှင်တွေက စသတ်မှတ်ထားကြတယ်။အဲ့နောက် ပထမဆုံးပြင်သစ်သမ္မတနိုင်ငံထူထောင်ခဲ့တယ်။ပြင်သစ်ဘုရင်စနစ်ဟာ ၁၇၉၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ တရားဝင်ဖျက်သိမ်းခဲ့ပြီး ပြင်သစ်ပထမသမ္မတနိုင်ငံကို ထူထောင်ခဲ့ကြတယ်။
ဒီဖြစ်ရပ်ဟာ ပြင်သစ်တော်လှန်ရေးရဲ့ အဓိကမှတ်တိုင်တစ်ခုလည်း ဖြစ်တယ်။ "လီဗာတီ၊ အီဂျာလီတီ၊ ဖရာတာနီတီ" (လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ညီအစ်ကိုရင်းခြား) ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဘုရင်စနစ်ကို တိုက်ဖျက်ခဲ့တယ်။
ပြင်သစ်တော်လှန်ရေးပြီး ပြင်သစ်လွှတ်တော်မှာ အုပ်စု ၃ ခု ပေါ်ထွက်လာတယ်၊ ပြီးခဲ့တဲ့တော်လှန်ရေးကို ထောက်ခံပြီး ဘုရင်စနစ်ကို ဆက်ပြီးရှိချင်တဲ့ လကျ်ာအုပ်စု၊ ဘုရင်စနစ်အလိုမရှိဘဲ တော်လှန်ရေးဆက်လုပ်ချင်တဲ့ လက်ဝဲအုပ်စု၊ နောက်အုပ်စုတစ်စုက အသီးခြားအယူအဆမရှိတဲ့ လွတ်တော်ရဲ့ အလယ်ဗဟိုက ကြားနေအုပ်စုတို့ပါဝင်လာတယ်။လက်
Unlock to read this premium article with 100 points.