MoeKyaw
ကိုယ့်ဘက်ကချည်း အောက်ကြို့ပြီး
ဆက်သွယ်နေရတာမို့
ဒီတစ်ခါတော့ လွှတ်ချလိုက်ရတာပါ
တကယ်ချစ်ရင် တကယ်တန်ဖိုးထားရင်
ကိုယ်ချစ်တဲ့သူအပေါ် ပြန်ဆက်သွယ်
ပြန်ခေါ်ရမှာဆိုလဲ တော်ပါပြီ
ဆယ်ခါသွားလို့ တစ်ခါအပြန်မရှိတဲ့
ချစ်ခြင်းမေတ္တာမျိုးတွေမှာ
ဘယ်သူကကြာကြာပျော်နေနိုင်မှာလဲ
နှစ်ဦးနှစ်ဖက် ကြိုက်နှစ်သက်နေတာမျိုး
စိတ်တူကိုယ်တူ ပျော်ရွှင်ရတာမျိုးမဟုတ်ရင်
ကိုယ့်ရဲ့ချစ်နေခြင်းတွေက
ဘယ်လောက်ပဲဂရုစိုက်ပြီး နားလည်မှုပေးပါစေ
သူ့ရဲ့စိတ်မှာတော့ အရှုပ်ထုတ်ပုံဆန်နဲ့
အနှောင့်အယှက်တမျိုးပဲ ဖြစ်နေမှာပေါ့
ဒါကြောင့်,,
မလိမ်မညာပဲ ပြောရရင်တော့
တကယ်ချစ်ခဲ့တယ်ဆိုတာကြီးက အမှန်ပါ
ဒါပေမယ့်
တဖတ်သက်ဆိုတာကြီးက ကိုယ့်ဘက်ကပဲမို့
သိက္ခာရှိရှိနဲ့ကျန်ခဲ့စေချင်လို့
လိပ်ပြာသန့်သန့်နဲ့ ထွက်သွားပါရစေ,,,
#MoeKyaw
Keep Reading