First Light Insights
လူတိုင်းလူတိုင်းက ချမ်းသာမှု့ကိုအလိုရှိကြတယ်...။
ဒါပေမဲ့ ဘာကချမ်းသာမှု့အစစ်လဲလို့မေးလိုက်ရင် သေချာသေချာမသိတော့ဘူး...။လူတော်တော်များများပြန်ဖြေမှာက ပိုက်ဆံတွေအများကြီးရှာနိုင်တာကိုချမ်းသာမှု့လို့ လွယ်လွယ်လေးဖြေလိုက်မှာပဲ...။
တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားမှု့တွေမတူနိုင်တော့ချမ်းသာမှု့ရဲ့အဓိပ္ပာယ်ကလဲမတူနိုင်ဘူး...။
တကယ်တော့ ချမ်းသာမှု့အစစ်အမှန်က ပုံစံ ၇ မျိုးနဲ့တည်ရှိတယ်...။ အဲ့တာတွေသာ ကိုယ်က သေချာလေးဖြည့်နိုင်ပြီးဆို ချမ်းသာစစ် ချမ်းသာမှန်ကို ရပါစေ ဆိုပြီးထိုင်ဆုတောင်းနေစရာမလိုတော့ဘူး...။
၁။ Inner wealth လို့ခေါ်တဲ့ ကိုယ့်ရဲ့အတွင်းထဲကလာတဲ့စိတ် ကချမ်းသာနေဖို့အရမ်းအရေးကြီးတယ်။တည်ဆောက်ထားဖို့လိုတယ်။
"စိတ်သည်လောကကိုဆောင်၏" စကားအတိုင်းပဲ ကိုယ်စိတ်သာ မကျန်းမာနေဘူးဆိုရင် ဘယ်လိုမှချမ်းသာနိုင်စရာအကြောင်းမရှိဘူး...။ဒီစိတ် ချမ်းသာ ဖို့တွက် ဘယ်လိုလုပ်ရမလဲ ဘာတွေလိုအပ်လို့မေးရင်
_အကောင်းမြင်စိတ်ရှိရမယ်
အဆိုးမြင်စိတ်ရှိတတ်သူတော်တော်များများမှာ နေရာတကာ အဆိုးတွေပဲမြင်နေတဲ့အတွက်ကြောင့်
ပူပန်မှု့တွေကြောင့်ကြမှု့တွေနဲ့စိတ်က ဘယ်လိုမှ မချမ်းသာနိုင်ဘူး...။
_ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး လေးစားမှု့ရှိရမယ်၊ နေ့စဉ်ကိုယ်ကကောင်းတာတွေလုပ်မယ် တိုးတတ်အောင်သင်ယူနေမယ် မကောင်းတာတွေကိုမလုပ်မိအောင်ထိန်းချုပ်မယ် အဲ့လိုကြိုးစားနေထိုင်နေမယ်ဆိုရင် ကိုယ့်ကိုယ်ယုံကြည်မှု့ အားကောင်းလာပြီး တန်ဖိုးထား၊လေးစား ရိုသေလာမယ်။ကိုယ့်ကိုယ်ကိုတန်ဖိုးထားတဲ့သူတစ်ယောက်အတွက် စိတ်ချမ်းသာမှု့က ခေါ်စရာမလိုပဲလိုက်လာမှာပဲ..။
_ကိုယ့်စိတ်ကိုကိုယ် ငြိမ်း ချမ်းအောင် ထားတတ်ရမယ်။
တကယ်တမ်းက စိတ်ရဲ့ချမ်းသာမှု့အစစ် အမှန်က ဘယ်အရာအပေါ်မှာမှ မတုန်မလှုပ်ပဲ စိတ်ကိုငြိမ်းငြိမ်း ချမ်းချမ်းလေးထားတတ်မှအစစ်အမှန်ပဲ...။
မပြည့်တဲ့အိုးတွေသာ ဘောင်ဘင်ခတ်နေတာ။ ပြည့်ပြီးသားအိုးတွေကအေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ဘောင်ဘင်မခတ်တော့ဘူး...။ လောကကြီးမှာ ဘယ်နေရာမဆိုအဲ့အတိုင်းပဲ...။
ပညာလေးနဲနဲတက်လာရင် နဲနဲရှိသလောက် မော်မော်ကြွားကြွားနဲ့ ပညာပြချင်တယ်...။ ပိုက်ဆံနဲနဲရှိလာရင် ရှိသလောက် သုံးချင်ဖြုန်းချင်စိတ်နဲ့ ပိုက်ဆံရဲ့ပါဝါကိုမခံနိုင်ပဲတုန်လှုပ်လာတယ်...။တကယ် ပညာပြည့်ဝနေတဲ့သူတွေက အမြဲတမ်းနှိမ့်နှိမ့်ချချနေတယ် ဘယ်တော့မှ သူတစ်ပါးထိခိုက်သွားအောင် ကြွားဝါချင် လူအထင်ကြီးခံစိတ်နဲ့ ပညာမပြဘူး...။ တကယ်ချမ်းသာတဲ့သူတွေကလဲ ဒီပိုက်ဆံအပေါ်မှာ ဥစ္စာစောင့်လို ငွေကြေးအပေါ်မှာ မကပ်ငြိတော့ဘူး လူသားကောင်းကျိုးပြုတဲ့နေရာတွေမှာအသုံးပြုကြတာ...။
အဲ့လိုအရာရာမှာ အစွဲတွေမကပ်ငြိတော့ပဲ ငြိမ်းချမ်းနေတဲ့သူတွေဆိုမှာ စိတ်ချမ်းသာမှု့ဟာလဲ အစဉ်ထာဝရကိန်းအောင်းနေမှာပဲ...။
၂။Physical Wealth _ ပြန်စဉ်စားကြည့် မြန်မာစကားမှာလဲ ရှိပါတယ် ကျန်းမာခြင်းသည် လာဘ်တစ်ပါးတဲ့..။
ဒီရုပ်ခန္ဓာကိုယ်သာ မကျန်းမာနေဘူး အားနည်းနေမယ်ဆိုရင်သေချာတယ် ဘယ်လိုအလုပ်မျိုးကိုမှကိုယ်ကလုပ်နိုင်မှာမဟုတ်ဘူး...။နောက်တစ်ခုရှိတာက စိတ်ကျန်းမာမှကိုယ်ချမ်းသာမယ်ဆိုတဲ့ စကားလိုပဲ ရုပ်နဲ့စိတ်ကနဲ့ အပြန်အလှန်ဆက်စပ်မှု့ရှိနေတယ်။နေထိုင်မကောင်းတဲ့သူတစ်ယောက်ရောဂါတစ်ခုဝင်လာပြီဆိုရင် စိတ်ပါအလိုလိုအားနည်းလာရော...။အဲ့တော့ ဒီရုပ်ကိုသာကျန်းမာအောင်စောင့်ရှောက်ထားမယ်ဆိုရင် စိတ်ချမ်းသာမှု့က အနည်းနဲအများခံစားလာရမှာပဲ...။ဘယ်လိုစောင့်ရှောက်ရမလဲ ဒီရုပ်ကိုလို့မေးရင် နေ့စဉ် စားသောက်တာတွေသေချာပြန် system ချရမယ်။လေ့ကျင့်ခန်း မဖြစ်မနေလုပ်ဖို့တွက်အချိန်ပေးသင့်တယ်။ YouTubeမှာ workout videos တွေရှာကြည့်ပြီး တနေ့နာရီဝက်လောက်လုပ်ပေးသင့်တယ်။အိပ်ချိန်မှန်အောင် အိပ်ဖို့တွက်လိုအပ်တယ်...။အိပ်ရေးမဝတဲ့ခန္ဓာကိုယ်ဟာ အနားသေချာအပြည့်အဝမရတဲ့အတွက် ဘယ်လိုသေးငယ်တဲ့အလုပ်မဆို အာရုံစူးစိုက်ဖို့ခက်ခဲတယ် စိတ်လဲကြည်လင်မနေဘူး...။
၃။Family and social wealth_တကယ်လိုကိုယ့်မှာပျော်ရွှင်တဲ့မိသားစုတစ်စုနဲ့စိတ်တူကိုယ်တူမိတ်ကောင်းဆွေကောင်းတွေပိုင်ဆိုင်ထားမယ်ဆိုရင် ချမ်းသာခြင်းတစ်မျိုးကိုပိုင်ဆိုင်ထားသလိုပဲ...။
ပြသာနာတွေအခက်အခဲတွေတော်တော်များများကြောင့် ပိုပြီးစိတ်ညစ်ရတဲ့အချိန်ဟာ အိမ်နဲ့အဆင်မပြေတာ ကနေစတယ် ...။မိသားစုနဲ့သာအဆင်ပြေနေမယ်ဆိုရင် စိတ်ညစ်စရာတွေကို့ကိုထင်သလောက်လာမရိုက်ခတ်ဘူး...။ဘဝမှာနှစ်ခါပြန်မရတဲ့အရာတွေထဲမှာ မိသားစုပါတယ်...။ကိုယ့်ဘေးမှာ ဘယ်လိုလူတွေရှိနေလဲ သေချာမြင်အောင်ကြည့်ပါ လူ့ဘဝဟာတကယ်တိုတောင်းပါတယ် ပြီးရင်တန်ဖိုးထားပြီး ချစ်ခင်မှု့ကိုပြသဖို့ ဘယ်တော့မှမမေ့ပါနဲ့...။
၄။Career Wealth_ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့ကိုယ်နဲ့တစ်သားထဲကျနေတဲ့သူဟာ အမြဲတမ်းအဓိပ္ပာယ်ရှိနေပြီး တိုးတတ်ကောင်းမွန်နေတဲ့အတွက် စိတ်အမြဲချမ်းသာနေမှာပဲ...။Career ကိုမြန်မာလိုအဓိပ္ပာယ်ဖွင့်ထားတာက အသက်မွေးဝမ်းကြောင်းတဲ့...။ ကိုယ့်အသက်ကိုဆက်လက်ရှင်သန်နေအောင် ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ဝမ်းကြောင်းအလုပ်ကို မချစ်တဲ့လူဟာ ကို့အသက်နဲ့ခန္ဓာကိုယ်ကို တန်ဖိုးမထားတဲ့လူ နေ့စဉ်ကိုယ့်ကိုယ့်ကို သတ်နေတာနဲ့တူတယ်လို့မြင်မိတယ်...။ကိုယ့်ကိုယ့်ကိုသတ်သေတာကမှ တစ်ဘဝတစ်ခါသေရမှာ အလုပ်ကိုမချစ်ပဲ စိတ်ပျက်ညည်းညူနေတဲ့သူတွေဟာ အဖန်ငါးရာငါးကမ္ဘာထဲ ကိုယ့်ကိုယ့်ကိုယ်အကြိမ်ကြိမ်သတ်နေတာနဲ့တူတယ်...။
၅။Economic Wealth_သေချာတာပေါ့ ပိုက်ဆံကလဲ အရေးကြီးတယ်။နေရာတိုင်းမှာတော့မဟုတ်ဘူး...။
တချို့ဆို Money is the second God လို့တောင် ဘုရားသခင်နဲ့တင်စားကြတာ...။
တကယ့်တကယ်ကပိုက်ဆံတွေဟာ ကိရိယာတန်ဆာပလာတစ်ခုပဲ။ကိုယ့်ဘဝအပြင် တခြားတခြားသောဘဝတွေကို အရင်ထက်ပိုပြီးသက်သောင့်သက်သာဖြစ်ဖို့တွက်ကူညီပေးနိုင်တယ်။
အဲ့တော့ချမ်းသာမှု့အစစ်အမှန်ရလာဖို့တွက် ပိုက်ဆံကိုဘယ်လိုအသုံးချပြီး အသုံးပြုသလဲအပေါ်မှာမူတည်နေတယ်...။
(လက်ရှိတိုင်းပြည်အခြေအနေတွေကို မြင်နေရတဲ့အတွက် ငွေရဲ့အရေးကြီးပုံကို ငြင်းမရတာတော့အမှန်ပဲ ငွေနဲ့ပတ်သတ်ပြီး နောက်မှ အသေးစိပ်ထပ်ဆွေးနွေးကြမယ်)
၆။Adventure Wealth_လူဘဝရဲ့အဓိပ္ပာယ်တစ်ခု
ပြည့်ဝလာဖို့အတွက်ဆိုရင် ဒုက္ခဆိုတာမဖြစ်မနေလိုအပ်တယ်...။
လူ့ရဲ့ဦးနှောက်ဟာ အသစ်သစ်တွေလိုလားတောင်းတတဲ့သဘောရှိတဲ့အတွက် အမြဲတမ်း သစ်ပင်ကြီးလို တစ်နေရာထဲဇောက်ချပြီးနေလို့မရဘူး...။
ပျော်ရွှင်မှု့ရရှိလာဖို့တွက် ရင်ခုန်စိတ်လှုပ်ရှားစေတဲ့စိန်ခေါ်မှု့တွေကိုရင်ဆိုင်ဖြေရှင်းရမယ်။နေရာအသစ်တွေလူသစ်တွေနဲ့တွေ့ဆုံတာမျိုး
ပြသာနာအသစ်သစ်တွေကိုဖြေရှင်းပြီးမြောက်သွားတဲ့အခါမျိုးမှာ တစ်မူထူးခြားပြီး မတူညီတဲ့ ချမ်းသာမှု့တစ်ခုကိုရမှာပဲ...။
၇။Impact Wealth _လူတိုင်းလူတိုင်းက ကိုယ်တတ်စွမ်းသလောက် ကိုယ်တတ်ထားတဲ့ပညာနဲ့ ကမ္ဘာကြီးကိုအပြောင်းအလဲလုပ်ချင်ကြတယ်။ကမ္ဘာကြီးမှာကိုယ်တစ်ယောက်ထဲရှိနေတာမဟုတ်တဲ့အတွက် ကမ္ဘာကြီးတစ်ခုလုံးကို ကိုယ်ကထမ်းထားစရာမလိုအပ်ဘူး...။
အရင်ဦးဆုံးတိုင်းပြည်အကျိုးပြု လူမျိုးအကျိုးကို ကိုယ်ကပြုနိုင်လာဖို့အတွက်ကိုပဲ စဉ်းစားလိုက်ရင် အလိုလို ကမ္ဘာကြီးရဲ့တစ်ထောင့်တစ်နေရာမှာကိုယ်ကပါဝင်သွားပြီ။
တစ်ခုပြောချင်တာက အမြဲတမ်းကိုယ့်မှာရှိတာပေးဖို့ကိုပဲစဉ်းစား ယူတဲ့လူမဖြစ်စေချင်ဘူး...။
ကိုယ့်မှာရှိတာကိုပေးတဲ့လူဟာ ရှိတာပေးလိုက်တဲ့အတွက် အမြဲတမ်းပေါ့ပါးပြီးလွတ်လပ်နေမှာ။
ယူတဲ့လူမှန်သမျှ ရသမျှအကုန်ယူနေတဲ့အတွက် သူယူထားသမျှအတိုင်းအတာထိ လေးလံလာပြီး အောက်ဆွဲချခံရမှာပဲ...။
#First_Light_Insights
⬇️
https://t.me/fli6128
Keep Reading