Julia Nyein
များသောအားဖြင့် ကျွန်တော်တို့တွေက ကိုယ်ခင်မင်ရတဲ့သူတွေကို သူငယ်ချင်း၊မိတ်ဆွေလို့ သတ်မှတ်ထားတတ်ကြပါတယ်။ကိုယ့်ကိုရော တဖက်သူက ကိုယ့်လိုမျိုး ခင်နေရဲ့လားဆိုတာကိုတော့ တွေးမိချင်မှ တွေးမိပါလိမ့်မယ်။ဒါဆိုရင်တော့ သူငယ်ချင်းဆိုတဲ့ အရာကို ကျွန်တော်နဲ့အတူတူ အဓိပ္ပာယ်ဖွင့်ဆိုကြည့်လိုက်ကြရအောင်လားဗျာ။
မိတ်ဆွေသူငယ်ချင်းဆိုတာမျိုးက နေရာတိုင်းမှာ ရှာဖွေကြည့်လို့ရနိုင်ပေမဲ့ စစ်မှန်ပြီးကိုက်ညီတဲ့ သူငယ်ချင်းတစ်ယောက်ကို ရှာရတာကတော့ တကယ်မလွယ်တဲ့ ကိစ္စပါပဲ။ကိုယ်ပြိုလဲနေတဲ့အချိန်မှာ ငွေကြေးနဲ့မကူညီပေးနိုင်ရင်တောင် စိတ်အဆင်ပြေဖို့အတွက် သူတတ်နိုင်သမျှ ကြိုးစားပေးနေတာမျိုး၊အမြဲစနောက်နေပေမဲ့လည်း အရေးကြုံလာရင်တော့ အနောက်မှာ အမြဲရှိနေပေးတတ်တာမျိုး။ လူတိုင်းမှာ sixth senseကတော့ ရှိစမြဲပါ၊လူတစ်ယောက်က ကိုယ့်ကို စိတ်ရင်းနဲ့လား အတုအယောင်လားဆိုတာကို တစ်ခါတလေမှာတော့ sixth sense ကနေ အသိပေးနေတတ်ပါတယ်။
ကိုယ်ပေါင်းစိတ်ခွာ လုပ်ရမဲ့သူတွေလည်း ကျွန်တော်တို့မှာ ရှိနေသလို တကယ်ပဲ စိတ်ရင်းနဲ့ ဆက်ဆံပေးရမဲ့သူတွေလည်း ရှိနေတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ဒါကြောင့် ဒီလိုစာရှည်ကို ဖတ်ပြီးတဲ့နောက်ပိုင်းမှာတော့ သူငယ်ချင်းဆိုတာက ဘယ်လိုမျိုးလဲ၊ကိုယ့်မှာရော ဘယ်လိုသူငယ်ချင်းတွေရှိလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။
#Nyein
Keep Reading