Lwin
✨ဦးနုရဲ့ ကာမတဏှာဆိုတဲ့စာအုပ်လေးကို ဖတ်ချင်နေခဲ့တာ ခုမှဖတ်ဖြစ်တော့တယ်။ရေးထားတဲ့အကြောင်းအရာတွေကတော့ ဗုဒ္ဓရဲ့တရားတော်တွေနဲ့အညီ စိတ်ရဲ့ဖြစ်စဥ်တွေကိုသေချာလေးရေးပြပေးထားတာတွေ့ရပါတယ်။
? ဖို၊မ သဘာဝအရ ပုထုဇဥ်လူသားတွေတွက်တော့ သတိမမူမိတဲ့ အချစ်နဲ့ပက်သက်တာတွေကို ကာမတဏှာဆိုတဲ့အကြောင်းရာလေးနဲ့သေချာလေးဖော်ပြပေးထားတယ်။လောကဓံတရားရှစ်ပါးကို ကြုံတွေ့လာရင်လည်း ဘယ်လိုမျိုးတုံ့ပြန်ရမလဲ။စိတ်ကိုဘယ်လိုမျိုး သတိကပ်ရမလဲစတဲ့ လောကီ၊လောကုတ္တရာ နှစ်မျိုးလုံးကို ဝတ္တုလေးတပုဒ်အနေနဲ့ဖော်ပြပေးထားတယ်။
? အမျိုးသမီးလေးတွေအနေနဲ့လည်း ခုစာအုပ်လေးဖတ်ပြီးမခင်မေလိုအမျိုးသမီးလေးကို လေးစားအားကျပြီး ကိုယ်တိုင်လည်း အမျိုးသမီးကောင်းလေးတစ်ယောက်ဖြစ်ချင်လာမယ်လို့ ခံစားမိပါတယ်။ ကျွန်မကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိပြီး သတိတရားတွေကပ်စေပါတယ်။
? အမျိုးသားတွေအနေနဲ့လည်း မခင်မေရဲ့အမျိုးသား ကိုသိန်းမောင်က တခြားအမျိုးသားတွေလို ဖိုဝါဒကြီးစွဲမနေဘဲ ချစ်ဇနီးလေးရဲ့တရားအဆုံးမကိုခံယူပြီး ဘုရားသွားကျောင်းတက် တရားအားထုတ်တဲ့ ပါရမီဖြည့်ဖက်လို့လည်း မြင်နိုင်ပါတယ်။သူတို့သားလေးမောင်မြင့်ဆွေကလည်း အမျိုးသားကောင်းတစ်ယောက်မှာရှိသင့်တဲ့ ကိုယ်ကျင့်တရားတွေ၊ စောင့်ထိန်းထားမှုတွေက လေးစားအတုယူစရာလို့မြင်မိပါတယ်။
? ဝတ္တုလေးထဲကမိသားစုသုံးယောက်ရဲ့စရိုက်လက္ခဏာလေးကိုပြောပြပေးထားတာပါ။ တကယ်တမ်းဖတ်ကြည့်လိုက်ရင်ပိုစုံလင်ပြီး မှတ်သားဖွယ်ရာ၊သံဝေဂရဖွယ်အများကြီး ထပ်တွေ့ရဦးမယ်ဆိုတာကို မိတ်ဆွေတို့အနေနဲ့ ဖတ်ကြည့်လိုက်ရင် သိနိုင်ပါတယ်။
✨သုံးဆယ့်တစ်ဘုံမှာ ရှိကြတဲ့ သတ္တဝါတွေမှာ ကံသာလျှင် ဥစ္စာရှိတယ်၊သတ္တဝါတွေအားလုံးဟာ မိမိတို့လုပ်ခဲ့ကြတဲ့ ကံတွေရဲ့ အမွေခံဖြစ်တယ်။ဒီသတ္တဝါအားလုံးမှာ ကံသာလျှင်အကြောင်းရှိတယ်၊ကံသာလျှင် ဆွေမျိုးရှိတယ်၊ ကံသာလျှင် ကိုးကွယ်မှီခိုရာရှိတယ်။✨
#ကာမတဏှာ
#ဦးနု
#Lwin's Reviews
Keep Reading