Author's Profile Photo

သင်္ကေတ

28/10/2024

ဖတ်‌စေလိုသော စာအုပ်တစ်အုပ်

1 min read
Book Review
18 Again
Creative
ဖတ်‌စေလိုသော စာအုပ်တစ်အုပ်'s photo

ကိုယ့်လူတို့ စိတ်ဓာတ်တွေ ခြေထောက်အောက်ထိ ကျနေလို့ ဘာမှလုပ်ချင်စိတ်မရှိဘူး ဖြစ်သလား...

ကိုယ့်လူတို့အတွက် စိတ်ဓာတ်တွေချက်ချင်း

ပြန်တက်စေဖို့ စာအုပ်လေးတစ်အုပ် ညွှန်း

ပေးလိုက်ချင်ပါတယ်။


  • စာအုပ်က ထွက်ထားတာ မကြာသေးသလို ရေးသားတဲ့စာရေးသူကလည်း ကလောင်သစ် စာရေးဆရာလူငယ်တစ်ယောက်ပါ။


ဘယ် စာအုပ်လဲဆိုတာ အရင်မပြောပြခင်
စာအုပ်ကို မြင်လိုက်တာနဲ့ ဖတ်ချင်အောင် အဖုံးကာဗာဒီဇိုင်း cover designed က ဆွဲဆောင်ထားတယ်။

စာအုပ်ထဲမှာ ခေါင်းစဥ် ၃၄ ခုပါပါတယ်။
ပါတဲ့ခေါင်းစဉ်တစ်ခုချင်းစီကို လိုရင်းတိုရင်းနဲ့ ထိရောက်အောင် ရေးသားထားတယ်။ စဖတ်လိုက်ရင်ကို ဖတ်ရင်းနဲ့ တစ်အုပ်လုံးဖတ်ပြီးအောင်ထိ ဖတ်ဖြစ်သွားအောင် ခေါင်းစဉ်တွေက စိတ်ဝင်စားဖို့ကောင်းနေတယ်။

ပထမဦးဆုံး အနေနဲ့ စိတ်ဓာတ်ကျနေတဲ့ လူတစ်ယောက်အတွက် ပထမဦးဆုံးခေါင်းစဉ်ကို ဖတ်လိုက်ရုံနဲ့ စိတ်ဓာတ်တစ်ဝက်ပြန်တက်လာစေနိုင်တယ်။ ပြီးတော့ စိတ်အဆင်ပြေနေတဲ့လူအတွက်ဆိုလည်း အောင်မြင်ဖို့အတွက် ဆောင်ရန် ရှောင်ရန်တွေကို ဥပမာ၊ဆိုရိုးစကားတွေနဲ့ သွယ်ဝိုက်ရေးသားထားတယ်။

စာအုပ်ထဲမှာ ကျွန်မ အကြိုက်ဆုံး စာသား‌တွေရှိပါတယ်၊ ဥပမာအနေနဲ့ စာရေးသူ ပြောထားတာက LIFE ဆိုတဲ့ စကားလုံးမှာ I မပါရင် အဓိပ္ပာယ်မရှိတော့ဘဲ I ဆိုတဲ့ ကိုယ်ပါမှ ကိုယ့်ဘဝအတွက် အဆင်ပြေမယ်ဆိုတာနဲ့ SUCCESS ဆိုတဲ့ စကားလုံးမှာလည်း U ကိုဖြုတ်လိုက်ရင် အဓိပ္ပာယ်မရှိတော့ဘဲ U ဆိုတဲ့ မင်း ပါမှာ အောင်မြင်မှုဆိုတာ ဖြစ်လာမှာဆိုတာတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်တိုင်က စိတ်ဓာတ်ကျနေတယ် စာအရှည်ကြီး‌တွေဖတ်ရမှာကိုလည်း ပျင်းတယ်ဆို ဒီစာအုပ်လေးကိုတော့ တစ်ခေါက် မဖြစ်မနေဖတ်လိုက်စေချင်ပါတယ်။

စာအုပ်အကြောင်းကို မိတ်ဆက်ပြီးပြီဆိုတော့ စာအုပ်နာမည်လေးကို စိတ်ဝင်စားပြီးသွားပြီ ထင်ပါတယ်၊

စာအုပ်နာမည်ကတော့... စာရေးဆရာ အက္ခရာ ရေးသားထားပါသော "အဓိက,က စိတ်ပါပဲ" ဖြစ်ပါတယ်၊

လူတစ်ယောက်အတွက် ဘယ်အရာတွေ‌က ဘယ်လို အရေးကြီးပါတယ်ပဲ ပြောပြော အဓိက၊က ကိုယ့်စိတ်ပါပဲလို့ ပြောရင်း ဒီစာအုပ်လေးကို စိတ်အဆင်မပြေတိုင်း ဖတ်ကြဖို့ ညွှန်းပေးလိုက်ပါတော့တယ်။

  • စာအုပ်ဖတ်ရန် PDF File link ပါ ထည့်ပေးလိုက်ပါတယ်ရှင့်။


  • ဒီစာအုပ်ဖတ်ကြည့်လိုက်ပြီး ကိုယ့်အတွက် အကျိုးရှိတယ်ဆို စာအုပ်ဝယ်ယူထားလိုက်ပါ။ ကျွန်မ အနေနဲ့ဆိုလည်း ဘယ်စာအုပ်ပဲဖြစ်ဖြစ် စာအုပ်တစ်အုပ်ကို ဖတ်ကြည့်လိုက်လို့ ကြိုက်နှစ်သက်ပြီဆိုရင် စာရေးသူကို support လုပ်တဲ့အနေနဲ့ ပိုက်ဆံပေးပြီး ဝယ်ယူထားတတ်ပါတယ်။ မဟုတ်ရင် ကိုယ်က Pdf file နဲ့ free ဖတ်ပြီး စာအုပ်ထဲက knowledge တွေကို ခိုးယူထားတယ်လို့ ခံစားရလို့ပါ။


ဒါကြောင့် စာဖတ်သူတို့အနေနဲ့ စိတ်ဓာတ်ကျနေပြီ စိတ်အဆင်မပြေဖြစ်နေပြီ ဆိုရင် ဒီစာအုပ်လေးကို ဖတ်ကြည့်လိုက်ပါလို့ပြောရင်း အဆုံးသတ်လိုက်ပါတယ်။

https://t.me/black_white_Library/1558/20733

စာဖတ်သူများအား ထာဝစဉ် လေးစားလျက်

#သင်္ကေတ
28/10/2024 (Monday)


Keep Reading

မေတ္တာမဏ္ဍိုင်အပေါ်ယံသမားအဖေကို ဘာကြောင့်မုန်းတာလဲဟိုလိုလို ဒီလိုလို ဝေလည်လည်တဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ကလောင်နှင့်ငွေရ (ပီမိုးနင်း) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ