Author's Profile Photo

Whisper of Words

28/10/2024

နောက်ဆုံးနတ်သူငယ်

1 min read
Book Review
Art
နောက်ဆုံးနတ်သူငယ်'s photo

အရမ်းချစ်တယ် ထားမသွားဘူးဆိုတာတောင်ယုံခဲ့သေးတာ
Channel ကိုJoin ပြီးပြန်ထွက်တာလောက်ကတော့အေးဆေးပေါ့။??

ကဲ ကဲ
Wordsလေးတို့ရေ ဒီနေ့မှာတော့ စာအုပ်လေးတစ်အုပ်နဲ့မိတ်ဆက်ပေးပါမယ်နော်။

စာအုပ်လေးကတော့ မူရင်းစာရေးဆရာ Silvana De Mari ရေးပြီး ဆရာမနိုင်းနိုင်းစနေဘာသာပြန်တဲ့ နောက်ဆုံးနတ်သူငယ်( The last elf) ပါတဲ့။

ဒီစာအုပ်ထဲမှာတော့ ရေလွမ်းမိုးမှုကြီးဖြစ်ပြီးစ ‌နတ်သူငယ်တွေအားလုံးသေဆုံးသွားပြီး ရေကြီးမှုကနေထွက်ပြေးလွတ်မြောက်ခဲ့တဲ့ နောက်ဆုံးနတ်သူငယ်ရော့ရှ်ရဲ့ စွန့်စားခန်းတွေ အခက်အခဲအတားအဆီးကိုကျော်ဖြတ်ပုံတွေကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမှာဖြစ်ပါတယ်။

မိတ်ဆွေကောင်းတစ်ယောက်ရှိရင် ရန်သူအယောက်တစ်ထောင်မက အောင်နိုင်တယ်တဲ့။ ဒီစာအုပ်ထဲမှာတော့ လူသားတွေက နတ်သူငယ်တွေကိုမုန်းတီးနေတဲ့ကာလဖြစ်နေတာတောင် နတ်သူငယ်တစ်ယောက်ကို အသက်စွန့်ပြီးကယ်တင်ခဲ့တဲ့ လူသားနှစ်ယောက်ကိုပါမြင်ရအုံးမှာပါ။

?ဒီလိုဆိုတိုင်း ကလေးဖတ်စွန့်စားခန်းပုံပြင်လို့ထင်ရင်တော့ မှားသွားမယ်နော့

စာရေးဆရာ Silvana De Mari ကကလေးဖတ်ဆန်ဆန်ပုံစံမျိုးနဲ့ လူကြီးတွေကိုပါ လှောင်ပြောင်သရော်ထားတာပါ။
ကိုယ့်ထက်သာတဲ့သူတွေကိုမုန်းတီးပြီး ပျက်စီးစေချင်တဲ့ လူသဘာဝကိုလှောင်ရယ်ရင်း မဆုတ်မနှစ်တဲ့ဇွဲ၊ လုံ့လတို့နဲ့ အခက်အခဲကို ကျော်ဖြတ်ကြပုံတွေကို အားရဖွယ်၊ တက်ကြွဖွယ်ဖြစ်အောင်ရေးသားထားပါတယ်။

မင်နုနုကတော့လေ လူသားတွေနတ်သူငယ်တွေကိုမုန်းတီးကြတဲ့အ‌ကြောင်းအရင်းမှန်က နတ်သူငယ်တွေက လူသားတွေထက်ပိုတော်လို့ ဆိုတဲ့အပိုင်းမှာ အတော်ကိုထိသွားတယ်လို့ဆိုရပါမယ်။

ဒီအပြင် ကိုယ့်အတွက်ကိုယ်ပဲကြည့်ပြီး သူတစ်ပါးအတွက်မစဉ်းစားတဲ့ ဒယ်လီဂါမြို့ရဲ့အုပ်ချုပ်ရေးမှူးလိုလူတွေကို ရွံ့မုန်းလာပါတယ်။ (ဒီလိုလူမျိုးတွေက ပုံပြင်ထဲမှာပဲရှိတာမဟုတ်ဘူးနော်၊ အပြင်မှာလဲတကယ်ရှိတယ်)

ဒီအပြင် စာအုပ်လေးက အီတလီအန်ဒါဆင်ပုံပြင်ရွှေဆု၊ ပြင်သစ်စိတ်ကူးယဉ်စာပေ ပထမဆု၊ အမေရိကန်နိုင်ငံခြားစာပေ တစ်သက်တာဆု စတဲ့ဆုတွေကိုရရှိထားတဲ့စာအုပ်မို့လို့ ဖတ်ကြည့်လို့တော့မမှားပါဘူးနော်။

ဆိုတော့ ဒီစာအုပ်လေးကိုရောင်းမှာမဟုတ်ပါဘူနော်။ ချန်နယ်မှာ sub 500ပြည့်တာနဲ့တင်ပေးမှာပါ။

မြန်မာမှုနယ်ပယ်မှာ အစားကောင်းစားရရင်လမိတ်ဆွေကောင်းကိုသတိရကြတယ်လို့အဆိုရှိပါတယ်။
ဒါ့ကြောင့် ချန်နယ်လေးကိုသဘောကျတယ် ကြိုက်နှစ်သက်တယ်ဆိုရင် ချန်နယ်ထဲကထွက်မသွားဘဲ သူငယ်ချင်းတွေကိုခေါ်လာပါအုံးနော်။ ဖိုင်လဲသေချာထုတ်ထားပြီးပြီဖြစ်လို့ စာလုံးတွေမှုံဝါးနေတာ၊ သေးသေးလေးဖြစ်နေလို့ ပြူးပြဲဖတ်ရတာမျိုးမရှိရအောင်‌လုပ်ပေးထားပါတယ်။

ဒါ့ကြောင့် Words လေးတို့ရေ စာအုပ်လေးကိုဖတ်ချင်ရင်တော့ ချန်နယ်ထဲကမထွက်ကြဘဲ သူငယ်ချင်းတွေကိုခေါ်လာလို့ရပြီဖြစ်ပါကြောင်းပြောပြရင်း အဆုံးသတ်လိုက်ရပါတယ်နော်။

#Review_by_NuNu

https://t.me/TheBookR

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ