Author's Profile Photo

မြ (စံကားဝါမြေ)

27/10/2024

မွေးနေ့/မွေးရက် ကုသိုလ်ဆက် အသက်ရှည်တတ်သည်။

1 min read
Personal Development
18 Again
မွေးနေ့/မွေးရက် ကုသိုလ်ဆက် အသက်ရှည်တတ်သည်။'s photo

ယနေ့ 27.10.2024တွင် ကျရောက်သော မြ၏(၁၈)နှစ်ပြည့် မွေးနေ့မှာ ဆောင်းပါးတစ်ပုဒ် ရေးသားကာ အမှတ်တရလေးတစ်ခု ဖန်တီးခဲ့ပါသည်။

မြ ယခု ဆောင်းပါးလေးအား ရေးသားဖို့ မရည်ရွယ်ထားခဲ့ပါဘူး။ သို့သော် ပုပ္ပါးဘက်တွင်ရှိသော ဘုန်းကြီးကျောင်းသို့ အရုဏ်ဆွမ်းကပ်လှူသွားသည့်အခါ ဆရာတော် ဟောပြောပို့ချပေးပါသော မွေးနေ့တရားတော်ကြောင့် ဆောင်းပါးတစ်ပုဒ် ရေးသားလိုစိတ် တဖွားဖွား‌ ဖြစ်ပေါ်လာခဲ့ရပါသည်။

ထို့ကြောင့်ပဲ ဆရာတော်ဘုရား၏ တရားတော်ထဲမှ "မွေးနေ့/မွေးရက် ကုသိုလ်ဆက် အသက်ရှည်တတ်သည်။" ဟူသော တရားဩဝါဒလေးအား ဆောင်းပါးခေါင်းစဉ်အဖြစ် ရွေးချယ်ခဲ့ပါသည်။

လူတိုင်းလူတိုင်း၏ စိတ်နှလုံးထဲတွင် နေ့ထူးနေ့မြတ်၊ ပွဲတော်ရက်များအပြင် နောက်ထပ် အလေးအမြတ်ထားကြသော နေ့ရက်ကား "မွေးနေ့၊ မွေးရက်" နေ့မြတ်ပင် ဖြစ်ပေသည်။ မွေးနေ့တွင် အလှူဒါန နည်းများမဆို ကပ်လှူပူဇော်ကြပါသည်။

မွေးနေ့ဟူသည် သံသရာဘဝအဆက်ဆက်မှ ဘဝသစ်သို့ ကူးပြောင်းရောက်ရှိခြင်း အထိမ်းအမှတ်ဟု ဆိုနိုင်ပေသည်။ လူများသည် မိဘ၊ ဘိုးဘွားများ၏ မွေးနေ့များကိုလည်း သက်ရှိထင်ရှား ရှိစဉ်မှအပ ကွယ်လွန်သည့်တိုင် ‌မိဘ၊ ဘိုးဘွားများ၏ မွေးနေ့ရက်ကို ရည်စူးကာ ကုသိုလ်ပြုကြလေသည်။

ထို့ပြင် မိဘများသည်လည်း မိမိသား/သမီးများ၏ မွေးနေ့/မွေးရက်တွင် ဆန်တစ်ပြည်၊ ဆားတစ်ထုပ်၊ ဆွမ်းတစ်ချိုင့်ဖြင့် ကုသိုလ်ပြုလေ့ရှိကြပါသည်။

ယနေ့ခေတ် လူငယ်အများစု ထင်နေကြသည်မှာ "မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ သောက်စား၊ ပျော်ပါးကြမယ်၊ စားသောက်ဆိုင် အကောင်းစားကြီးတွေမှာ သွားစားကြမယ်၊ မွေးနေ့မှာ အဝတ်စားသစ်တွေနဲ့ ပုံလှလှလေးရိုက်ပြီး Social Mediaတွေပေါ်မှာ တင်ကြမယ်" အစရှိသဖြင့် တစ်ယောက်နှင့်တစ်‌ယောက် အပြိုင်အဆိုင်များလှသော ခေတ်ကြီးထဲတွင် အမြင်မှားလာကြပါသည်။

အမှန်မှာမူ မွေးနေ့ဟူသည် ထိုကဲ့သို့ ပြုလုပ်မှ အမှတ်တရ ဖြစ်သည် မဟုတ်ပေ။ မွေးနေ့ရက်မြတ်မှာ မိမိယုံကြည်ကိုးကွယ်သော ဘာသာတရားအား ယခင်နေ့များထက် ပိုမိုအလေးပေး ကိုးကွယ်ကာ ကုသိုလ်များများ ယူပေးပါ။

ထိုအရာသည် စာဖတ်သူလေးများ၏ဘဝကို ဘေး‌အန္တရာယ်ခပ်သိမ်းမှ ကင်းဝေးနိုင်ပါလိမ့်မည်။

အချုပ်အားဖြင့် ယနေ့ကျရောက်ပါသော မြ၏ (၁၈)နှစ်ပြည့် မွေးနေ့လေးတွင် မွေးနေ့ဆုတောင်းလွှာများ ပေးပို့ကြပါသော မြ၏စာဖတ်သူလေးများ တစ်ဦးတစ်ယောက်ချင်စီးအား အထူးပင် ကျေးဇူးတင်ရှိကြောင်း ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
27.10.2024(Sunday)
(18) Years Old Memory

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်