Author's Profile Photo

M Min Nyo

27/10/2024

Personal Branding တည်ဆောက်ခြင်း

1 min read
Personal Development
General Knowledge
Marketing
Personal Branding တည်ဆောက်ခြင်း's photo

Personal Branding ဆိုတာ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို လူတွေသိမြင်လာအောင် ချပြခြင်းတစ်မျိုးဖြစ်ပါတယ်။

Personal Branding လုပ်ခြင်းဟာ ခက်ခဲတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ်ဘာလုပ်တယ်ဆိုတာကို ပြောပြပေးရုံပါပဲ။ စျေးရောင်းတတ်ရင် စျေးရောင်းနေတဲ့အကြောင်း ​ချပြဖို့လိုတယ်။ လာဝယ်ခိုင်းတာ မဟုတ်ဘူး။ ကိုယ်လုပ်နေတာကိုပဲ ချပြတာ။ ဒါမှသာ ဝယ်ဖိုလိုအပ်တဲ့အခါ ကိုယ့်ကိုသတိရမိမှာဖြစ်တယ်။ တခြားနယ်ပယ်တွေမှာလည်း အတူတူပါပဲ။ လူသိအောင် ပြောပြဖို့ပဲ လိုပါတယ်။

   Content Writer တစ်ယောက်အနေနဲ့ဆိုရင် စာဖတ်သူတွေနဲ့ ပိုပြီးနီးစပ်လာအောင်၊ ယုံကြည်မှု ရရှိလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီ post မှာတော့ Content Writer နဲ့ ပက်သက်တဲ့ Personal Branding အကြောင်း ပြောပြသွားမှာဖြစ်ပါတယ်။

Personal Branding လုပ်ဆောင်ရာမှာ အရေးကြီးတဲ့ အခြေခံအချက်တွေရှိတယ်။

(1) Personal Style (ကိုယ်ပိုင်ဟန်)

    Writing(အရေးအသားပိုင်း) မှာ ကွဲပြားတဲ့ပုံစံတစ်ခုကို ချပြနိုင်ဖို့လိုတယ်။ စုတုပြု ဆိုတာ လုပ်ရမှာမှန်ပေမယ့်၊ အဲ့ဒီအထဲကနေ ကိုယ်ပိုင်ပုံစံကိုရအောင် ပြန်လည်ဖန်တီးယူရမှာ ဖြစ်တယ်။

(2) Audience Appeal (ပရိတ်သတ် လက်ခံနိုင်မှု)

ကိုယ့်ကိုအားပေးသူတွေနဲ့ ချိတ်ဆက်နိုင်မယ့် ရေးသားခြင်းမျိုးကို ဖော်ပြပေးရမယ်။ ဒါက Audience ရွေးခြယ်ခြင်းနဲ့လည်း သက်ဆိုင်ပါတယ်။ ပရိတ်သတ်လက်ခံနိုင်တယ်ဆိုတာ သူတို့လိုအပ်မှုနဲ့ ကိုယ်ပေးတဲ့အရာက ကွက်တိဖြစ်နေလို့ပါပဲ။ နောက်တစ်ချက်က လက်ခံနိုင်လောက်တဲ့အရာမျိုးကိုသာ ဖန်တီးပြဖို့လိုပါတယ်။

(3) Professional Conduct(ကျင့်ဝတ်)

Personal Branding တည်ဆောက်ရာမှာ ပရော်ဖက်ရှင်နယ်ကျတဲ့ လိုက်နာစရာ စည်းမျဥ်းစည်းကမ်းတွေ ရှိပါတယ်။ ဒီကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာဆောင်ရွက်မှသာ၊ Audience နဲ့ ဆက်ဆံရေးက ပိုမိုတိုးတက်လာနိုင်မှာ ဖြစ်တယ်။

(4) Communication Integrity (ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေး)

Content -တွေ ဖန်တီးရာမှာ အချက်အလက်မှန်ကန်မှု၊ ရိုးသားမှု၊ အရည်အသွေးမြင့်မားမှု စတာတွေ ရှိနေရပါမယ်။ ကိုယ့်ရဲ့ပရိတ်သတ်တွေကို မှန်ကန်တဲ့အကြောင်းအရာတွေ ပေးအပ်ဖို့ လိုအပ်ပါတယ်။

Personal Branding တည်ဆောက်ခြင်းကနေ လူတွေရဲ့ Awareness ကို ရရှိလာစေမှာဖြစ်ပါတယ်။ ရိုးသား မှန်ကန်တဲ့ ကိုယ်ပိုင် Branding တစ်ခု တည်ဆောက်နိုင်ကြပါစေ။ Knowledge Sharing နဲ့ပက်သက်တဲ့ Content တွေကိုလည်း နေ့စဥ်တင်ပေးနေပါတယ်။ ကျွန်တော့်ရဲ့ Page ကို လာလည်ဖို့ ဖိတ်ခေါ်ပါရစေ။ ဒါကတော့ ကျွန်တော့်ရဲ့ Page link ပါ။

https://www.facebook.com/profile.php?id=61564916414954&mibextid=ZbWKwL

"Online ပေါ်မှာငွေရှာဖို့ အခွင့်အလမ်းဖန်တီးကြပါစို့"

#Content
#ContentWriter
#PersonalBranding
#MMinNyo


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတဇောက်ကန်းသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်လိုတာထက် မပိုပါနဲ့စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀)