Lwin
အကြံဉာဏ်ဖြင့်ကြီးပွားရေး-(ရွှေဥဒေါင်း)
ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းတွင် ဤ"အကြံဉာဏ်ဖြင့်ကြီးပွားရေး”စာအုပ်မှာ ဦးနု၏ "လူပေါ်လူဇော်လုပ်နည်း”(ဝါ)"မိတ္တဗလဋီကာ”ဆစာအုပ်နှင့် မည်သည့်ပညာရှိခုံရုံး၌ဖြစ်စေ ယှဥ်ပြိုင်ဝံ့သော စာအုပ်တစ်အုပ်ဖြစ်ပါသည်ဟု ဆိုထားတာကို တွေ့ရပါတယ်။
?ဤစာအုပ်သည် အပျင်းပြေခဏတစ်ဖြုတ် ဖတ်ရှုရန်မဟုတ်။သင်၏ ကြီးပွားချမ်းသာရေးအတွက် အထပ်ထပ်ဖတ်ရှု၍ လိုက်နာကျင့်သုံးရမည့် စာအုပ်ဖြစ်သည်။
ဤစာအုပ်တွင်ဖော်ပြပါရှိသော နည်းလမ်းမျိုးသည် ယောကျ်ားအတွက်ဖြစ်စေ၊မိန်းမအတွက်ဖြစ်စေ လောက၌ မိမိတို့လိုအပ်သော အရာကို မချွတ်ဆတ်ဆတ် ရနိုင်ရန်အတွက် အတိုဆုံးသောဖြတ်လမ်းကြီးဖြစ်ပေသည်။?
? နည်းလမ်းလေးတွေသိချင်ရင်တော့ စာအုပ်လေးကိုဖတ်သင့်နေပါပြီနော့်??
Reviewအနေနဲ့ဆိုရင်တော့ ကျွန်မတွက်တော့ ဒီစာအုပ်လေးကိုတွေ့ရလိုက်တာဟာ ရတနာမြေပုံတစ်ခုရထားသလိုပါပဲ။ဒါမဲ့ ရတနာတွေရှိရာသွားမယ်ဆိုရင်ဖြင့် မြေပုံကိုကျေညက်နေအောင်နားလည်သိရှိပြီး ကိုယ်တိုင်ကလည်း ဆောင်ရွက်မှ ရတနာတွေရှိရာသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်မယ်လို့ ဆိုချင်ပါတယ်။
? အောင်မြင်ရေးလမ်းကြောင်းကိုသွားနေတဲ့လူတွေအတွက် ဆရာကြီးရဲ့စာအုပ်က အထောက်အကူအများကြီးဖြစ်စေတယ်ဆိုတာထက် တကယ်လုပ်ရင်တကယ်ဖြစ်တယ်ဆိုတာတွေကို ဥပမာပေးထားတဲ့ဖြစ်ရပ်များကိုကြည့်ရင် သိနိုင်ပါတယ်။
? စာအုပ်က တကယ့်အနှစ်ဖြစ်တာကြောင့် တစ်ခန်းချင်းကို သေချာကျေညက်စွာမှတ်သားသင့်ပါတယ်။ကျေညက်ပြီဆိုလျှင် ယုံကြည်စွာလက်တွေ့အသုံးချကြည့်မို့ ဆရာကြီးကပြောထားပါတယ်။
?ကျွန်မကိုယ်တိုင်လည်း ဒီစာအုပ်ကို လွန်ခဲ့တဲ့ငါးနှစ်ကဖတ်ဖူးပါတယ်။ ဒါမဲ့ ဖတ်လို့သာပြီးသွားတယ် နားမလည်ခဲ့ပါဘူး?ခုတစ်ခါပြန်ဖတ်ကြည့်လိုက်တဲ့အခါတော့ အတော်လေးနားလည်နေပါပြီ ?လက်တွေ့ဆောင်ရွက်ကြည့်တော့မဲ့အခါပါခုကတော့?မိတ်ဆွေတို့ကော စာအုပ်လေးဖတ်ပြီး လက်တွေ့ဆောင်ရွက်ကြမယ်လို့ မျှော်လင့်ပါတယ်နော်?
#အကြံဉာဏ်ဖြင့်ကြီးပွားရေး
#ရွှေဥဒေါင်း
#Lwin
Keep Reading