Thet Naing Aung
? မန္တလေးသားကြီး ဆရာချမ်းမြ ရဲ့ စတုတ္ထမြောက်ကဗျာစာအုပ် ထွက်လာခဲ့ပါပြီ။ ဆရာချမ်းမြရဲ့ ကဗျာတွေဆို စွဲလမ်းနှစ်သက်စွာဖတ်ခဲ့ရသူမို့ စာအုပ်ထွက်လာတဲ့အခါ အပုဒ် ၁၂၀ ဆိုတော့ စောင့်ရကြိုးနပ်တယ်လ်ို့ ပြောရပါမယ်။
? မန္တလေးသားဆိုတော့ မန္တလေးကိုခံစားရေးထားတဲ့ ကဗျာတွေနဲ့ စဖွင့်တယ်။ ဘာသွားတွေ့လဲဆိုတော့
" မောင့်အချစ် မန္တလေးရောက်ဖူးလား " ဆိုတဲ့ ကဗျာမှာ ရေးထားတဲ့အပိုဒ်။
"သိလား မောင့်အချစ်
သာသနာ နေလိုလလို ရောင်ဝါထွန်းလင်းသမျှ
ကိုယ့်မြို့နာမည်ကို ဘီယာခွက်ပေါ်
အရက်ပုလင်းပေါ်မှာ ပြန်ငေးနေရတဲ့မြို့။ "
ကျနော့်မှာ ဟိုးအရင်တုန်းကတည်းက ခံစားချက်တစ်ခုရှိခဲ့ဖူးတယ်။ ကိုယ်ချစ်တဲ့မြို့ရဲ့ အမည်နာမကို မူးယစ်စေတတ်တဲ့အရာတွေအပေါ် နာမည်ပေးထားတာ မနှစ်မြို့တာပါပဲ။ မန္တလေးဘီယာ၊ မန္တလေးရမ် စသည်ဖြင့် ။ အဲ့လိုကြီးမြင်ရတိုင်း စိတ်အဆင်မပြေဖြစ်ရတယ်။ မဖြစ်စေချင်ဘူးပေါ့နော်။ ဆရာလည်း အဲဒီအပေါ် ခံစားချက်ရှိပုံရပါတယ်။ မန္တလေးဟာ ယဉ်ကျေးမှု့ရဲ့အငွေ့အသက် ၊ အနှစ်သာရ ဆိုတော့ကာ … အဲ့လို မြင်ရတာဟာ နာကျင်စရာပါပဲ။
? နှစ်သက်မိတဲ့ကဗျာတွေချည်းမို့ အများကြီးမပြောတော့ပါဘူး ။ တလေးတစားထားပြီး ဖတ်ရတဲ့ ဆရာမို့ အရမ်းညွှန်းရင်လည်း ပုဂ္ဂိုလ်မင်တယ်ဖြစ်မှာ စိုးရိမ်တာမို့ ဖတ်ကြည့်ပါ ခံစားကြည့်ပါ။
?ကဗျာတွေထဲက တချို့အပိုဒ်လေးတွေတော့ အမြည်းလေးပေးပါမယ် ….
" ငိုစရာတွေနဲ့
ပြိုစရာတွေပဲရှိတဲ့ဘဝမှာ
အပျော်လွန်စရာဆိုလို့
ငါတို့မှာ ရေခဲတုံးတွေပဲရှိတယ် "
" ဘယ်လိုဝဋ်ကြွေးလည်းကွာလို့
မငြီးတွားမိတာကိုက
ကျွန်တော့်ချစ်ခြင်းမေတ္တာပါပဲ
မြောက်ပြန်လေလေးနဲ့အတူ ခံစားမိပါစ
မြစံပယ်ဖြူ "
" ချစ်ခြင်းမေတ္တာဟာ
အပြစ်တစ်ခု မဟုတ်ခဲ့ပေမဲ့လည်း
အလွမ်းဟာ ငါတို့ကျခံနေရတဲ့ငရဲပေါ့ "
? အပ္ပဂ္ဃ အနုပညာ
✍️ ချမ်းမြ
? မြဝတ်ချိုစာပေ
?️ ပထမအကြိမ် ၊ ဩဂုတ်လ 2024
? စာမျက်နှာ - 140
Keep Reading